သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

မြန်မာဆို မြန်မြန်ပဲဟေ့၊ မြန်မာ့စက်မှု၊ ၀န်ဆောင်မှုများကို လေ့လာခြင်း – အပိုင်း – (၂)

ဇော်အောင် (မုံရွာ)
ဖေဖော်ဝါရီ ၈၊ ၂၀၁၃
ဟိုး နာဂစ်မုန်တိုင်း ၂၀၀၈ကို သတိရမိပါသည်။ မုန်တိုင်းလွန်ကာလမှာ သောက်သုံးရေမရှိမှုကြောင့် ဘင်္ဂလားဒေ့ခ်ျ၊ ဖိလစ်ပင်း မုန်တိုင်းအပြီး ၀မ်းရောဂါကြောင့်လူများစွာ ထပ်မံသေကြေရမှုများကို အရမ်းစိုးရိမ်ခဲ့ကြသည်။ ဓါတ်ဆားရည်များစွာ အမြန်ဆုံး ကယ်ဆယ်ရေးဒေသကို ပို့ဖို့လျှို့ဆော်ခဲ့ကြသည်။ အံ့သြစရာကောင်းသည်မှာ နာဂစ်မုန်တိုင်းလွန်ကာလမှာ မြန်မာများ အလွန်မာတယ် သိရပါသည်။ သောက်သုံးရေ မရှိလို့ ပင်လယ်ရေငံ သောက်ရတာသည် သို့သော် ၀မ်းကျရောဂါဖြစ်တာ မရှိ။

အခု၂၀၁၁မှာ အစိုးရသစ်က ဒီမိုကရေစီစနစ်ကို ချီတက်ရာမှာ အလွန်မြန်ဆန်တာကို အံ့ဘွယ်အဖြစ် မြင်တွေ့ရပြန်ပါသည်။  အခက်အခဲများစွာကြားမှ အစိုးရသစ်၏ ၂နှစ်အတွင်း စစ်အာဏာရှင်စနစ်ရဲ့ ယိုယွင်းပျက်စီးနေတဲ့ စိတ်ဓါတ်၊ စီးပွားရေးလုပ်ငန်းများကို ခြစားမှုများပြည့်နှက်နေတဲ့ကြားက မြန်မြန်ဆန်ဆန် လုပ်နေကြတာတွေ့ရပါတယ်။

ရယ်စရာ ကာတွန်းများစွာ ထွက်ခဲ့သည်။ ထွက်နေဆဲဖြစ်သည်။

– တီဗွီသတင်းမှာ “ကျွန်တော်တို့အစိုးရဟာ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ” ..လွှင့်နေချိန် ကလေးငယ်တစ်ဦးက “မေကြီးရေ၊ ကြော်ငြာလာနေတယ်၊ ပိတ်လိုက်ရမလား”

– အပေါ်ပိုင်းဘော်ဒီဆိုက်ကြီး၊ ခြေထောက်သေးသေး လူကြီးတစ်ဦးက ပြောစကား  “အထက်ပိုင်းက စားထားတဲ့ဝိတ်ကို အောက်ခြေက မခံနိုင်ဘူး”

– ခေတ်ပျက်မှာ အ၀တ်ဗလာနှင့်စိတ်ပျက်နေသူက “မိုးနတ်မင်းကြီး၊ ကျွန်တော်မျိုးကို အမြန်ဆုံးသေအောင် မိုးကြိုးပစ်ပေးပါ” ..မျက်ရည် နှင့်ဆုပန်စဉ် မိုးနတ်မင်းကြီး တားမြစ်သောအသံထွက်ပေါ်လာသည်။ “ဟေ့..မသေနဲ့ဦး၊ ထမင်းတစ်နပ်မစားပဲနေပြီး၊ အကြွေးဆပ်သွားဦး”

– ငါးရုပ်ပုံတစ်ပုံကို ယူလာပြီး ..ဌာနဆိုင်ရာဥက္ကဌဆိုသူအား လာပေးရင်း ပြောစကားမှာ “ငါးပုံတစ်ပုံပေးပါဆိုလိ့ လာပို့တာပါ…” (ပေးရ ကမ်းရတာများလှခြင်း သရော်မှု)

– “တို့ဘက်ကျတော့ မီးပျက်ပြီး၊ ဟိုဘက်ကျတော့ ဘာလို့မီးလာနေတာလဲ”… …”တိုးတိုးပြော၊ တော်ကြာ ၀န်ကြီးကြားသွာလို့ စောစော အိပ်ပေါ့လို့ အပြောနေဦးမယ်”

– မြန်မာခေါင်းပေါင်းနှင့်လူတစ်ဦး ကားမောင်းနေစဉ် အတင်းလိုက်လာသူ ယာဉ်ထိန်းရဲက “ကားအရမ်းမောင်းသွားတာနဲ့၊ ဘယ်သူများလဲလို့ ..ဟဲ..ဟဲ.. လက်စသတ်တော့ ဆရာကိုး..ဟဲ..ဟဲ”

– “ခြစားသူတွေ မရှိတော့ဘူး”  …. “ဘယ်ရောက်သွာပြီလဲ” … “မျှစားသူတွေက အာမခံနဲ့ထုတ်သွားကြပြီ”

– ကူညီပါရစေ ဆိုင်းဘုတ်နှင့် ရဲစခန်းမှရဲအရာရှိကို လူတစ်ဦးမေးမြန်းနေသည်မှာ “မသိလို့မေးတာနော်၊ ဘယ်သူ့ကိုကူညီဖို့ရေးထားတာလဲ?”

– ခြစားနည်းသင်တန်းကြီး၊ ၀ါရင့်အာဏာရှင်ဟောင်ကြီးတစ်ဦးမှ ဦးစီးသင်ကြားမည်၊ လူမသိသူမသိစားနည်း၊ ခြိမ်းခြောက်ဟိန်းဟောက်စား နည်း၊ ဂါရ၀အမည်ခံစားနည်း၊ အပေါ်ကြွေး၊အောက်စား မျှစားနည်း၊ တဆင့်ခံစားနည်း၊ လက်ပြောင်းလက်လွှဲစားနည်း၊ နာမည်ဝှက်ဖြင့် စားနည်း၊

– အဘ၊အဘနှင့်လာရောက်တောင်းနေသူကို အဘဖြစ်သူပြန်ပြောစကား.. အဘဆီကနေ အမေ့ဆီအားလုံးပေးလိုက်ပြီကွဲ…လာတောင်းက အမေ၊အမေ ဟုအော်က အမေ့နောက်လိုက်သွားပုံ..

ရေးလို့မကုန်၊ ပြောလို့မကုန်၊ အစိုးရသစ်၏ ပွင့်လင်းမြင်သာမှုရှိရန် (ခြစားမှုတိုက်ဖြက်ရေး) လုပ်ငန်းများစွာကို တွေ့ရသည်။ ခြစားသူ အစိုးရ၀န်ကြီးအဆင့် တစ်ဦးတစ်ယောက်ကိုမှ အပြစ်ဒဏ်ကြီး ချမှတ်ခြင်းမရှိသော်လည်း၊ ခြစားမှုများကို အစိုးရထံပြန်လည်ပေးသွင်းရန် ဒဏ်ချက်ချနေသည်ကို မြင်တွေ့နေရသည်။

ခေတ်စနစ်ပြောင်းလဲမှုတွင် အောက်ပါမြို့များသို့ ရောက်ရှိစဉ်။ မှတ်တမ်းအနည်းငယ်ရေးလိုပါသည်။
၁။ ရန်ကုန် တောင်ဒဂုံစက်မှုဇုံ၊ လှိုင်သာယာစက်မှုဇုံ၊ မန္တလေး၊ မုံရွာ၊ ပုသိမ်၊ နေပြည်တော် (ပျဉ်းမနား) ပို့ဆောင်ပေးသူများအား ကျေးဇူး တင်မှု။ မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကုန်ထုတ်လုပ်မှုဖြစ်သော စက်မှုလုပ်ငန်းများ ရပ်တံ့၊ ကျဆင်းသွားခြင်းသည် တရုပ်ပြည်မှလာသော အထည်၊စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို အခွန်မရပဲ ဒလဟောဝင်လာခြင်းကြောင့်ဖြစ်သည်၊  SME Small & Median Enterprise အလတ်စားစက်မှုလုပ်ငန်းများဖြစ်သည့် စားသောက်ကုန် ဆန်၊ဆီစက်များ လည်ပတ်အောင်မြင်ပါသည်၊ သို့သော် အခြား SME စက်ရုံလုပ်ငန်းများစွာ ရပ်တည်ဖို့မနည်းကြိုးစားနေရချိန်ဖြစ်သည်။ တိုက်ရိုက်ရင်းနှီးမြုတ်နှံမှု FDI များစွာရရှိသော်လည်း လူများစွာမလိုသည့်လုပ်ငန်းကြီးများဖြစ်သောကြောင့် မြန်မာနိုင်ငံသားများစွာ အလုပ်အကိုင်ရှားပါးခြင်း၊ လစာနည်းပါးခြင်းအပြင်၊ ကုန်ဈေးနှုန်းများ အရှေ့တောင်အာရှနိုင်ငံများထက် ဈေးကြီးလာခြင်း။

၂။ Myanmar Construction Industry တပြည်လုံး ဟိုတယ်၊ လုပ်ငန်း၊ တိုက်တာ၊ အိမ်ယာများစွာ ၆လနှင့်ပြီးပြတ်အောင် အထူး ဆောက် နေသည်။ ရန်ကုန်တွင် ယခင်အစိုးရခေတ် ပါမစ်မရှိပဲ ဆောက်ထားသောအိမ်ယာ၊ရုံး၊စက်ရုံအဆောက်ဦများကို ပြန်လည်စီ စစ်နေသည်။ အခွန် (ပါမစ်နှင့်လိုင်စင်ကြေး) အလွန်ကြီးလှသောကြောင့် အစိုးရ၀န်ထမ်းများ မတရားတောင်းရမ်းမှုများကြောင့် မပေးပဲ လုပ်ခဲ့ရသော အတိတ်မှ လုပ်ငန်းများဖြစ်သည်။

၃။ Myanmar Phone & Internet   တယ်လီဖုန်းလုပ်ငန်း အစိုးရဘတ်ဂျတ်အရ သန်းပေါင်း၅၀၀ခန့် ၂၀၁၃တွင် လုပ်ကိုင်မည်။ အတိုးတက် ဆုံးလုပ်ငန်းဖြစ်သည်။ တာဝါတိုင်ကြီးများစွာ ပြည်နယ်နှင့်တိုင်းတွင် ဆောက်နေသည်။ ဟန်းဆက် Hand Set Business မှာ မြန်မာပြည်တွင် ဘီလျှံနှင့်ချီသော အရောင်းဝယ်လုပ်ငန်းကြီးဖြစ်လာမည်။ Myanmar Telecom နှင့် နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI ကို အကောင်ထည်ဖေါ်မည့် Sky Net ပရောဂျက်များကို ရွှေသံလွင် Group နှင့် သဌေးကြီးများ၊ အစိုးရအရာရှိကြီးများ ပူးပေါင်းလုပ်ဆောင်ကြမည်။ အစိုးရအရာရှိကြီးများ ဥပမာ ညွန်ကြားရေးမှုးချုပ် လစာသည် ကျပ်တစ်သိန်းခွဲ မျှသာရှိခြင်းကြောင့် အစိုးရ၀န်ထမ်းများ ရပ်တည်ငွေသည် ကုမဏီများမှ ပေးကမ်းခြင်းသာ ဖြစ်နေဆဲကို ၀မ်းနည်းစွာတွေ့ရပါသည်။  အောက်ခြေအဆင့်ဆိုလျှင် မပြောလို၊ မရေးလိုတော့ပါ။

၎။ လွှတ်တော်အစီစဉ်ခံစာ (အမျိုးသားစီးပွားရေး စီမံကိန်းဥပဒေနှင့် ၂၀၁၃ ဘတ်ဂျတ်လျှာထားချက်) အောက်ပါဇယားကို ကြည့်ပြီး မြန်မာ ပြည်ပြန်ပြီး လုပ်ကိုင်လိုသူများ ပင့်ကူလို စွယ်စုံလုပ်ကိုင်နေသော မြန်မာပြည်လုပ်ငန်းရှင်များအတိုင်း ဟိုဟာလည်းတတ်ရတယ်။ ဒီဟာလဲ တတ်ရတယ်။ ပွဲစားလဲလုပ်ရတယ် .. အစုံလုပ်၊ စွယ်စုံစီးပွားလုပ်ငန်းရှင်ဘ၀မှာ သတ်သတ်မှတ်မှတ် လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်ရန် လမ်းညွှန်အဖြစ် ဖေါ်ပြခြင်းဖြစ်သည်ည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ ရရှိသောစာအုပ်မှ ဇယားဖြစ်သည်။

၅။ ကချင်ပြည်နယ်တွင် စစ်ပွဲကြီးများကြောင့် စစ်ပြေးများ သိန်းနှင့်ချီပြီး၊ ဒုက္ခရောက်နေစဉ်၊ ကချင် KIA တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရစစ်တပ်မှ ပစ်ခတ်၊သတ်ဖြတ်မှုများကြောင့် များပြားစွာ သေကြေပျက်စီးခြင်း၊ ရေအားလျှပ်စစ်များ၊ ဓါတ်ငွေ၊ရေနံပိုက်လိုင်းဆောက်လုပ်မှု၊ မြို့များလျှပ်စစ်မီးပျက်၊ လမ်းပျက်၊ ကျောက်စိမ်း၊ ရွှေ၊ သစ်၊ ကုန်သွယ်မှုပျက်စီးသွားမှုကြောင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးတောင်းဆိုမှုဖြစ်လာခြင်း၊ တရုပ်ပြည်၏ ကချင်ပြည်တွင်စီးပွားလုပ်ငန်းများအခြေအနေ၊

၆။ နေပြည်တော်နှင့်၊ ပုဂံဒေသ၊ အင်းလေးဒေသများတွင် ဟိုတယ်များစွာ ၆လအတွင်း အကြီးအကျယ်ဆောက်လုပ်နေခြင်း၊ ဘဏ်စနစ်ကို ရန်ကုန်တွင် လျှင်မြန်စွာတည်ထောင်မှုဖြင့် အေတီအမ်ငွေထုတ်စက်များစွာ၊ တနိုင်ငံလုံး ငွေကြေးစီးဆင်းမှု လွယ်ကူလျှင်မြန်လာခြင်း၊

၇။ ကားပါမစ်များ ရုတ်သိမ်းမှုကြောင့် ကားဈေးများ တဟုန်ထိုးကျဆင်းလာခြင်း၊ ရန်ကုန်နှင့် နယ်များတွင် ဂျပန်ကားမြောက်များစွာ ရောက်ရှိ၊ ဈေးချိုသဖြင့် သယ်ယူပို့ဆောင်ရေးပိုမိုချောမွေ့လာခြင်း၊ နိုင်ငံအနှံ့ ပုဂ္ဂလိက ဓါတ်ဆီဆိုင်များစွာ အတည်တကျပေါ်လာခြင်း၊

၈။ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး ၀န်ဆောင်မှုများ ဈေးနှုန်းကျဆင်း၊ အဆင်ပြေလာစဉ် အိမ်ခြေ၊ ခြံမြေဈေးများ ၀ိသမလောဘသမားများနှင့် အာဏာအလွဲသုံးသူဝန်ထမ်းများကြောင့် အိမ်ခြံမြေဈေးနှုန်းများမှာ ပတ်ဝန်းကျင် အာစီယံနိုင်ငံများ အိမ်မြေခြံဈေးနှုန်းထက် ၃ဆခန့် ဈေးတက်သွားခြင်း….

၉။ လေယာဉ်ခရီးစဉ်များအတွက် လွယ်ကူစွာသွားလာနိုင်ခြင်း၊ ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် မြန်မာ့လေကြောင်း BAC အပြင်၊ ကမ္ဘောဇလေကြောင်း၊ အဲယားပုဂံလေကြောင်း၊ ရန်ကုန်လေကြောင်း၊ အေရှားဝင်းလေကြောင်း ..စသည်တို့ဖြင့် မြန်မာ့မြို့ကြီးမျွာား ၂၀ကျော်ကို အဆင်ပြေစွာသွားလာနိုင်ခြင်း၊ ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်ကို ကျပ်တသိန်း၎သောင်းခန့်ဖြင့် နေချင်းသွားလာနိုင်ခြင်း၊ ပြင်သစ်နိုင်ငံထုတ် ATR-72 လေယာဉ်အသစ်များစွာ တွင်ကျယ်စွာအသုံးပြုလာခြင်း၊ ကုန်လမ်းခရီးတွင် ရန်ကုန်-မန္တလေး ဟိုက်ဝေးလမ်း ပွင့်သွားခြင်း၊ မြို့ကြီးများစွာကို အဆင့်မှီ လေအေးစက် ဘတ်စ်ကားကြီးများစွာ လျှင်မြန်စွာ သွားလာနိုင်ခြင်းဖြင့်၊ ကားလမ်းများ ပိုမိုကောင်းမွန်လာခြင်း စသည်တို့ဖြင့် ပို့ဆောင်ရေးတိုးတက်လာသည်။

● 2013-2014 ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း)
ပြည်သူ့လွှတ်တော်ဖြန့်ဝေသော စာအုပ်ကိုကြည့်ရှုလေ့လာသည့်အခါ  ကုန်ထုတ်လုပ်မှုများကို အောက်ပါအတိုင်းတွေ့ရှိရသည်။   GDP.percent.% / to.improve.in.2013-14.%

လယ်ယာနှင်စက်မှုစုစုပေါင်း   61.2 / 7.3
၁။ လယ်ယာ  24.8 / 2.8
၂။ သားငါး   8.4 / 6.7
၃။ သစ်တော်  0.4 / -6.1  (သစ်များပြုန်းတီးသွားသဖြင့် သစ်တောပြုပြင်စရိတ်ကြောင့် အနှုတ်ပြသည်)
၎။ စွမ်းအင်   0.1 / 5.5
၅။ သတ္တုတွင်း 0.7 / 19.5  (ကြေးနီစီမံကိန်း၊ ကျောက်စိမ်း၊ စသည့်လုပ်ငန်းများ)
၆။ စက်မှုလက်မှု  21.2  / 9.4  (အကြီးမားဆုံးသောကဏ္ဍဖြစ်သည်။ အလတ်တန်းစက်ရုံများများ တရုပ်ကုန်များဝင်လာမှုကြောင့်ကျဆင်းရသည်။ ပြည်ပမှ FDI Investment ကြောင့် ၉ရာနှုန်း တိုးတက်ရပါသည်။)
၇။ လျှပ်စစ်   1.1  / 8.6  (ရေအားလျှပ်စစ်များ၊ ဂတ်စ်တာဘိုင်၊ ဘွိုင်လာများစွာ လုပ်နေသည်)
၈။ ဆောက်လုပ်ရေး   4.5  / 22.2  (အလွန်ကြီးမားသော ရင်းနှီးလုပ်ငန်းကြီးဖြစ်နေသည်။ ၂၂ရာနှုန်းဖြစ်သည်။)

ဝန်ဆောင်မှုလုပ်ငန်းများ စုစုပေါင်း   19.2 / 14.3   ၁၄% တိုးတက်ရန်မှန်းထားသည်။ ကြီးမားလှသည်)။
၉။ ပို့ဆောင်ရေး   12.9  / 4.6  (မြန်မာတစ်နိုင်ငံလုံး၊ လေကြောင်း၊ ကုန်းကြောင်း၊ သင်္ဘော လမ်းဖောက်
၁၀။ ဆက်သွယ်ရေး   2.1  / 57.2  (2.1% of GDP ၏ ၅၇% တိုးတက်ရန်မှာ ကန်ဒေါ်လာသန်း၆၀၀ လုပ်ငန်းကြီးဖြစ်သည်)။
၁၁။ ငွေကြေးလုပ်ငန်း  0.1  / 92.7  (အထူးသဖြင့် ဘဏ်လုပ်ငန်းများဖြစ်သည်။ ATM, Bank Transfer, Money Investment ..etc)
၁၂။ လူမှုစီမံ   2.0   / 27.8   (ငွေချေးလုပ်ငန်းများ၊ NGO များ၊ အသင်းအဖွဲ့များ၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ)
၁၃။ ငှားရမ်းမှုဝန်ဆောင်ခြင်း  2.1   / 13.1   (အိမ်၊ ကား၊ ရောင်းဝယ်၊ ငှားရမ်း အကျိုးဆောင်လုပ်ငန်းများဖြစ်သည်)
၁၄။ ကုန်သွယ်မှု    19.6   / 6.2   (Trading Business ဖြစ်သည်။ ပြည်တွင်းပြည်ပ သွင်း၊ထုတ်ကုန်လုပ်ငန်း၊ ပွဲစားလုပ်ငန်းများဖြစ်သည်)။

စုစုပေါင်း ထုတ်လုပ်မှု  ၆၂.၂% နှင့် ၀န်ဆောင်မှု ၃၇.၈% .. စုစုပေါင်းတန်ဖိုးမှာ ကျပ်ငွေ သန်းပေါင်း ၄၅၇၇၉၁၇၉.၈  (45779179.8 million kyat) ဖြစ်သည်၊ လက်ရှိပေါက်ဈေး ကန်တဒေါ်လာ ကျပ်၈၀၀နှင့် တွက်ပါက US$ 57 billion GDP ဖြစ်သည်။

အထက်ပါ လုပ်ငန်း ၁၄မျိုးကို အမေရိကန်ဒေါ်လာတန်ဖိုး သိလိုပါက 57billion usd နှင့် တွက်ချက်ရပါမည်။ ဥပမာ ဆက်သွယ်ရေးလုပ် ငန်းဆိုပါက  GDP / Improve  % အရာ 2.1  / 57.2  ဖြင့်တွက်ချက်လျှင့် 2013 တွင် ဘတ်ဂျတ်လျှာထားချက်မှာ  57 x 2.1 x 57.2 = 600 million USD  တန်ဖိုးဖြစ်သည်။ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍတွက် လျှာထားချက်မှာအလွန်များပြားသော ရင်းနှီးမှုကြီးဖြစ်သည်။ သမ္မတဦးသိန်းစိန်က SIM Card များကို ဈေးနှုန်းချိုသားစွာ ကျပ်၆သောင်းဖြင့် ရောင်းချပေးပြီး၊ ပြည်သူလူထုကို ပုဂ္ဂလိက စီးပွားရေးများ မြှင့်တင်ပေးရန်ဖြစ်သည်။

● နိဂုံးချုပ်
မြန်မာပြည်တွင် ၀န်ဆောင်မှုလုပ်ငန်းများသာ လုပ်ကိုင်နေခြင်းမှာ ပေါ်ပင် (ရေတိုလုပ်ငန်းများ) အရေးပါနေဆဲဖြစ်သည်ကို ၀မ်းနည်း ဖွယ်တွေ့နေရပါသည်။ အထူးသဖြင့် လိုင်စင်ကြေးဟုခေါ်သော ကုမ္မဏီလုပ်ခွင့် ပါမစ်များမှာ ဈေးကြီးလှပေသည်။ ဥပမာ.. အလွန်များပြားလှပြီး၊ အမြက်အစွန်းများလှသည့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကုမ္မဏီမှတ်ပုံတင်ရန် နေပြည်တော်သို့ မှတ်ပုံတင်ခ ကျပ်သိန်း၂၀ ကုန်ကျရသည့်အပြင်၊ မြန်စေရန်အတွက် ပေးကမ်းရခြင်း၊ လုပ်ငန်းကြီးများလုပ်ရန် ဘဏ်တွင် သိန်း၇၀၀ခန့် ရှိုးမားနီး ပြရခြင်း၊ စည်ပင်မှ ဆောက်ခွင့်ပါမစ်ရရေး ခက်ခဲခြင်း ..စသည့်အခက်အခဲကြီးများကို မြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့် ဖြေရှင်းနေရသောကြောင့် လုပ်ငန်းလုပ်ကိုင်ရန် အလွန်ဈေးကြီးနေသော ခေတ်ကာလဖြစ်ပါသည်။ အခြေခံလူတန်းစား ၉၀ရာနှုန်းမှာ လစာ ၅သောင်းပင် ရရန်ခက်ခဲနေစဉ်ပင် ထိုဝန်ဆောင်မှုလုပ်ငန်းများတွင် အခြေကျနေသူများအဖို့ ငွေအလွယ်တကူရနေခြင်းမှာ ခြစားမှုများပြားသည့် အခြေအနေကို ပြနေပါသည်။ အထက်အရာရှိများတွင် ခြစားမှုနည်းပါးအောင် ဆောင်ရွက်နေဆဲဖြစ်သော်လည်း ၀န်ကြီ၊ ညွန်ကြားရေးမှုးချုပ်များ၏ လစာမှာ ကျပ်၂သိန်းပင်မရသောအချိန် သူတို့မိသားစု၊ စားဝတ်နေရေးအတွက် ကျပ်သိန်း၂၀အထက် ကုန်ကျနေချိန်တွင် ခြစားမှု (မျှစားမှု)များကို မည်သို့လျှော့နည်းအောင်လုပ်မည်ဆိုသည်မှာ စောင့်ကြည့်ရပါမည်။ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲရေး တွင် စိတ်နေစိတ်ထားကောင်းကောင်းမြင့် တိုင်းပြည်ထူထောင်ရေးတွင် အုတ်တစ်ချပ်၊သဲတပွင့် ပါဝင်နိုင်ပါစေ ..ဆုတောင်းပါသည်။

လောလောဆယ် မြန်မာများ မြန်ဆန်စွာ ပြုပြင်ပြောင်းလဲရေးလုပ်နေသည်ကို အချို့ဖြစ်သည်။

မြန်မာမြို့ကြီး ၇ မြို့ စက်မှုအခြေအနေများကို ဆက်လက်ရေးပါဦးမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts