ဓာတ်ပုံသတင်း

ရွှေတွံတေးဆရာတော် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်

မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၆၊ ၂၀၁၃

၂၀၁၃ ခုနှစ်ဇန္န၀ါရီလကုန်ပိုင်းတွင် ရွှေတွံတေးဆရာတော်သည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့သွားရောက်ပြီး ကလေးငယ် များကို အာဟာရကျွေးမွေးပြီး အလှူငွေပေးအပ်ခဲ့သည်။

ဖျာပုံ ကျုံကူ ဘ/က ကျောင်း – ကဒုံကနိဘ/က ကျောင်းများတို့သွားရောက်လှူဒါန်းပြီး ကချင်ပူတာအို ဘ/ကကျောင်းတို့လဲ လှူဒါန်းခဲ့သည်။ ရန်ကုန် ကွမ်းခြံကုန်းဘ/က ကျောင်း  ဆင်ခြံ ဘ/က ကျောင်း – ၀ါးဘလောက်သောက် ဘ/က ကျောင်း မနောရမ္မ ဘ/က ကျောင်းများကိုလည်း လှူဒါန်းခဲ့ဘူးသည်။

ရွှေတွံတေးဆရာတော်က  … ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက ဘုန်းတော်ကြီးသင်ပညာရေးစနစ်ရှိခဲ့တာပါ။ ကိုလိုနီခေတ်ရောက် တော့လည်း အစိုးရကျောင်းတွေရှိလာပေမယ့် လူမျိုးရေး – ဘာသာရေး – နိုင်ငံရေး ပယောဂ တွေရှိနေလို့  အမျိုးသားကျောင်းနဲ့ ဘ/က ကျောင်းတွေရှိခဲ့ရပြန်တယ်။ စစ်အစိုးရခေတ်မှာလည်း ကာကွယ်ရေးစစ်အသုံးစရိတ်တွေများပြီး ပညာရေးဘတ်ဂျက် အားနည်းခဲ့တာ ကြောင့် ကျောင်းပညာရေးစနစ် အဆင်မပြေခဲ့ဘူး။ လူနည်းစုက နိုင်ငံခြားမှာပညာသင်ကြတယ်။ လူလတ်တန်းစားက ကျောင်းပညာရေး ကိုပဲ မပြည့်မစုံသင်ကြရတယ်။ အခြေခံအများစုကတော့ ပညာ သင်ကြားရဖို့ အတွက် ဘုန်းကြီးကျောင်းတွေကို အားကိုးလာရပြန်တယ်။ ပရိဟတအခြေခံရှိတဲ့ ဆရာတော် သံဃာတော်ရဟန်းတော်တွေလည်း အခြေအနေကတောင်းဆိုနေတဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပြီး ဘ/က ကျောင်းတွေကြိုးစားပေးခဲ့ကြတယ်။

ဒါကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကိုယ်ထူကိုယ်ထကျောင်းတွေကို တတ်နိုင်သလောက် ၀ိုင်းကူပေးကြပါ။ အနှောင့်အယှက် တွေမဖြစ်စေပဲ တိုင်းပြည်အတွက် တတောင့်တနေရာပါဝင်တာကို ကျေနပ်ဝမ်းမြောက်မုဒိတာပွါးနိုင်ကြပါစေ. လို့ မိန့် ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts