ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

မြန်မာပြည်အတွက် မြန်မာ့အမျိုးသမီးများ၏ နှလုံးသားအလှူပွဲ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၅၊ ၂၀၁၃

၂.၂.၂ဝ၁၃ ရက်နေ့ ည (၆းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သော တေးရေး မေသော် ရေးဖွဲ့ထားသည့် ရင်တွင်းမှ ခံစားချက်တမ်းချင်းများအား အမျိုးသမီး အဆိုတော်များဖြစ် ကြသည့် စိမ်းမို့မို့၊ ထွန်းအိန္ဒြာဗို၊ မို့မို့၊ ဇမ်နူး၊ ဆုန်သင်းပါရ်၊ ချမ်းချမ်း၊ နေနေ၊ အိုင်ရင်းဇင်မာမြင့်၊ အိမ့်ချစ်၊ နီနီခင်ဇော် တို့အပြင် ဧည့်သည်အဆိုတော်များဖြစ်ကြသည့် ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေ (Star- let’s Sky) တို့သည် နှလုံးသားမှ ဂီတသံစဉ်များနှင့် ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသည့် “မုဆိုးမတို့ရွာ” ၊ ဒါရိုက်တာ အိအိခိုင် ရိုက်ကူးသည့် “ချစ်ခြင်း – အပြစ်ကင်းပါစေ” အစရှိသည့် ဇာတ်လမ်းတိုများအား “နှလုံးသားဂီတအလှူ” Live Show တေးဂီတ ဖျော်ဖြေပွဲမှရရှိသည့် ဝင်ငွေများအား တူညီသောစိတ်ထား ဖြူစင်သောမေတ္တာများဖြင့် စိတ်ကျန်းမာရေးဆေးရုံကြီး၊ ဂီလာနဘိုးဘွားရိပ်သာ (ဆည်းဆာရိပ်)၊ လူငယ်ဖွံ့ ဖြိုးရေးပရဟိတဂေဟာ (သုခရိပ်မြုံ)၊ ကချင်ပြည်နယ်ရှိ အကူအညီလိုအပ်သော ပြည်သူများအတွက် (နာ ရေးကူညီမှုအသင်း-ရန်ကုန်)၊ ရခိုင်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော ပြည်သူများအတွက်၊ ရေရှား ပါးသောဒေသများတွင် ရေတွင်းများတူးဖော်ပေးရန်အတွက် (နာရေးကူညီမှုအသင်း-ရန်ကုန်)၊ ထောင်တွင်း တရားပါတ်များ ကျင်းပနိုင်ရေးအတွက် (အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့)၊ ထောင်တွင်း အကျဉ်းကျနေသော ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားစရိတ်နှင့် လိုအပ်သော အကူအညီများအတွက်၊ Apple ဖောင်ဒေးရှင်း Hepatitis B ကာကွယ်ဆေးထိုးခြင်းအတွက်၊ ပုဂ္ဂလိကစာနယ်ဇင်း နာမကျန်းကူညီမှု ရန်ပုံငွေ အစရှိသည့် အဖွဲ့အစည်းဋ္ဌာနအသီးသီး ပေးအပ်လှူဒါန်းမှုပြုခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပေးဆပ်လှူဒါန်းလျှက်ရှိနေသော ကချင်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော ပြည်သူများအတွက် အလှူငွေသိန်း (၁ဝဝ) ကျပ်တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်) အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင် မောင်မှ လက်ခံရယူခဲ့ပြီး ရေရှားပါးသောဒေသများတွင်ရေတွင်းများ၊ အဝီစိတွင်းများ တူးဖော်ပေးလျှက် ရှိနေသော နာရေးကူညီမှုအသင်း(ရန်ကုန်) ရေအလှူဒါနအတွက် အလှူငွေသိန်း (၁ဝဝ) ကျပ်တိတိ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူခဲ့ သည်။ အခမ်းအနားအား ၃.၂.၂ဝ၁၃ ရက်နေ့ နံနက် (ဝ၁း၃ဝ) နာရီအချိန်တွင် အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့သည်။

ယခုကဲ့သို့ “နှလုံးသားဂီတအလှူ” Live Show ဂီတဖျော်ဖြေပွဲ၏ လှူဒါန်းမှုများ အသီးသီး ပြုလုပ် နိုင်ခဲ့ခြင်းသည် တူညီသောစိတ်ထား ဖြူစင်သောမေတ္တာများဖြင့် နှလုံးသားမှထွက်ပေါ်လာသည့် ဂီတ သံစဉ်များအား ကြွရောက်အားပေးကြသော အများပြည်သူများနှင့် လူမှုရေးလုပ်ငန်းများအား နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝဘေး (ရေဘေး၊ လေဘေး၊ မီးဘေး၊ စစ်ဘေး) အစရှိသည့် ဒုက္ခသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ကူညီဖေးမ ထောက်ပံ့မှုများကို တတ်စွမ်းသရွေ့ ပေးဆပ် နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုများပြုခဲ့ကြသော အများပြည်သူ အလှူရှင်များ၏ ကောင်းမှု အလှူဒါန ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် ၂.၂.၂ဝ၁၃ ရက်နေ့ ည (၆းဝဝ) နာရီအချိန် တွင် ကျင်းပခဲ့သည့် “နှလုံးသားဂီတအလှူ” Live Show ဂီတဖျော်ဖြေမှု အလှူပွဲကြီးသည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးရှိသည့် အမျိုးသမီးမိခင်များ၏ နှလုံးသား မှ မွေးဖွားလာသော အလှူဒါနပွဲတော်ကြီးဖြစ်ပါကြောင်း မှတ်တမ်းတင်လိုက်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts