သက်ဆိုင်သူမှ သက်ဆိုင်သူသို့ – Mar Mar Aye

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၆)
မာမာအေး
ဇန်န၀ါရီ ၃၀၊ ၂၀၁၃

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်း ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …   ၀ါလကင်းလွတ် သတင်းကျွတ်မို့ မီးမြင့်မိုရ်ပွဲနွှဲကြပြီးရော့မယ်ပေါ့နော်၊ စည်စည်ကါးကါး ရှိရဲ့မို့လား၊ မာအေးတို့ ငယ်ငယ် ရွှေတိုင်သီရိရုံအရှေ့မယ် ဆရာရွှေတိုင်အေးတို့ မိသားစုနဲ့ အတူနေပြီး ရွှေတိုင်သူ ကြည့်မြင်တိုင်သူ လုပ်နေတုန်းက ဆိုရင်တော့ ကြည့်မြင်တိုင်အပိုင်းက အစည်ဆုံးဘဲလို့ ပြောရမှာပါရှင်။
ကြည့်မြင်တိုင်အောက်လမ်းမကြီးရဲ့ ကမ်းနားတလျှောက် တိုးမပေါက်ဖူး၊  ရွှေလှိုင်လမ်း ဦးကြွယ်ဟိုးလမ်းတွေက ဗုဒ္ဓ၀င် ရုပ်သေပြခန်း ပြကွက်တွေ ဆိုင်းအဖွဲ့တွေ အငြိမ့်အဖွဲ့တွေကို ရောင်စုံမီးပုံးတွေကြားမှာ နားဆင်သူအပြည့်နဲ့ တွေ့ရတယ်။ စလင်းလမ်းဆုံမှာ ကါလပေါ် တီးဝိုင်း ဖျော်ဖြေတတ်ပါတယ်။ ၀ါကျွတ်ပွဲမှာ ကိုသိုလ်ရှာဘို့ သီချင်းတွေလဲပါ၊ ဂေါ်မစွန်တွေအတွက်လဲ ‘၀ါကျွတ်ပေါ့ သက်ဝေရယ်’ သီချင်းမျိုးနဲ့ ချူဆီ ထည့်ပေးသေးတာပေါ့ရှင်။

(၀ါကျွတ်ပေါ့ သက်ဝေရယ်)

ဝါကျွတ်ပေါ့ သက်ဝေရယ် xxx ရက်တွေသာ တကယ် နှောင့်ကါနှေး၊ တွက်ရည်ကါကွယ် စောင့်လာရေး၊ မျှော်ငေးမိအသွယ်သွယ်  xxx ခရီးကွာဝေးသူ ဆွေးပူတယ်  xxx  (နီးလေအောင် ကြံဆောင်သင့်တယ်၊ ဆီမီးရောင်ဝင်း သတင်းကျွတ်ဝယ်) ၂  xxx  သဉ္ဇာလီညောင်စောင်းဝယ်၊ ရွှင်ကါကြည်အောင်ပေါင်းမယ်၊ မျှော်လင့်ချက်ရောင်ခြည်လျှပ်နွယ်၊ ချင့်တွက်ကါ ပွင့်လျက်ပါမေရယ် …. အော် …  xxx ၀ါကျွတ်ပေါ့ သက်ဝေရယ် … သက်ဝေရယ်   xxx


ဒါကတော့ တချိန်က ၀ါကျွတ်လမှာ ရေပန်းစားခဲ့တဲ့ ‘၀ါကျွတ်ပေါ့ သက်ဝေရယ်’ သီချင်းကလေးကို အမှတ်တရ စန္ဒရားလှထွတ်က ပြန်ဖေါ် သီဆိုခဲ့တာလေးပေါ့ရှင်။ ပြဇါတ်ခေတ်က သီချင်း ဖြစ်လို့ ဆိုင်ရာပြဇါတ်မင်းသားက ဆိုခဲ့မှာပါ။ အသံလွှင့်သီချင်းတွေကိုသာ ထည့်သွင်းထုတ်ဝေတဲ့ ရေဒီယိုချိုတေးသံစာအုပ်ထဲမှာတော့ ဆိုတဲ့သူ သုံးယောက် နာမည်နဲ့ ဖေါ်ပြထားပါတယ်ရှင်။ ဆို – ကိုတင့်အောင်၊ မောင်ကိုကို၊ ကြည်ကြည်ဋ္ဌေး တဲ့။ သီချင်းတိုတိုလေးကို ဒီသုံးယောက် တပြိုင်ကနက် ဆိုတာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ သရုပ်ဆောင်နေရာအသီးသီးမှာ ဆိုကြရတာဘဲ ဖြစ်မှာပါ။
မာအေးရဲ့ နှင်းပျောက်တဲ့နွေလဲ ဒီလိုဘဲလေ။ ဖျာပုံမယ် တင်တင်အေးအရုပ်ဆိုရင် မာအေးရဲ့အသံနဲ့၊ ဗိုလ်ဗကိုအရုပ်ပေါ်မှာဆိုရင် ကိုသက်ဦးအသံနဲ့ ရိုက်ကူး သရုပ်ဆောင်ကြတာမျိုးပေါ့ရှင်။ သီချင်း တူပေမယ့် အဆိုတော် မတူတာဟာ ပြန်ဆိုတေးတွေ ခေတ်မစါးစဉ်ကလဲ ရှိခဲ့တဲ့အကြောင်း ပြောနိုင်တာတခုပါဘဲ။

သီချင်းအကြောင်း ဆုံတုန်းမို့ သီချင်းနာမည်အပြည့်အစုံ မခေါ်လာမိတာကြောင့် နောက်တပုဒ်က မသဲမကွဲဖြစ်ပြီး ပျောက်သွားနိုင်တယ်လို့ ပြောချင်ပါသေးတယ်။

မာအေးအပါအ၀င် အဆိုတော် – အတော်များများ ပြန်ဆိုဖြစ်တဲ့ ဒီသီချင်းလေးကို နားဆင်ကြည့်ကြပါဦးရှင်။ သောတရှင်တို့ ကြားဖူးမှာပါ။

* (သက်ဆိုင်သူမှ သက်ဆိုင်သူသို့)

သက်ဆိုင်သူသို့ ပို့မေတ္တာတေးလွှာဝေ … ဘေးဘယာတွေ ကင်းပါစေ သပြေနု ငွေခရု ဇေယျတု ပြုတယလေ (မေ့မေတ္တာ) ၂ xxx သောက်ခါသုံး ပြုံးရွှင်စေ  xxx သက်ဆိုင်သူရေ မေ့အသံအား မှတ်မိပါရဲ့လားလေ၊ လွမ်းတသသ (မှန်းဆကါနေ)၂ xxx နေ့တွေလတွေ ပြောင်းလာသရွေ့၊ ဟောင်းကါမမေ့ ချစ်ငွေ့တဝေေ၀ (သက်ဆိုင်သူမောင့်ကိုဘဲ) ၂ xxx (အမြဲမျှော်ကာ) ၂ xxx စေါင့်ကြိုပါတယ်လေ xxx နှစ်ကိုယ်တူ ဗွေငူခန်းထက် မြန်းစက်ကါလေ အော် …. xxx

(ကမ္ဘာသင်္ချေ ဆုံးသရွေ့ မုန်းမေ့ပါဘူး၊ လှမှူးယုံစေ … အော် လှမှူးယုံစေxxx)

အော် … ခွန်းတွဲ့တွဲ့ ပြောတဲ့စကါးတွေ မေ့နားမှာပင် အစဉ်ကြားလို့နေ၊ သော်တာစန်း … နန်းလွှာငွေ၊ မျှော်ကါမှန်း (လွမ်းပါသလေ) ၂ xxx သက်ဆိုင်သူရေ

မေ့အသံအား မှတ်မိပါရဲ့လားလေ၊ လွမ်းတသသ (မှန်းဆကါနေ)၂ xxx နေ့တွေလတွေ ပြောင်းလာသရွေ့၊ ဟောင်းကါမမေ့ ချစ်ငွေ့တဝေေ၀ (သက်ဆိုင်သူမောင့်ကိုဘဲ) ၂ xxx (အမြဲမျှော်ကာ) ၂ xxx စေါင့်ကြိုပါတယ်လေ xxx


အဲ … ဒီသီချင်းများ အဆန်းလား မာအေးရယ်၊ ‘သက်ဆိုင်သူသို့’ ဆိုတာ လူတိုင်းသိပါတယ် လို့ စောဒက မတက်နဲ့ဦးနော်၊
အဲဒါ သီချင်းအမည် အပြည့်အစုံ မဟုတ်ဖူး၊ ‘သက်ဆိုင်သူသို့’ ဆိုတဲ့ တခြားသီချင်းတပုဒ်က ရှိနေတယ်ရှင့်။
အမျိုးသားဖက်ကဆိုတဲ့ ပုံမျိုး ရေးထားတာပါ။ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် ဆိုထားတဲ့ ‘သက်ဆိုင်သူသို့’ က “သက်ဆိုင်သူသို့ ပို့မေတ္တာတေးလွှာကိုဆောင်၊ မာစေသာစေ ဘယာတွေကင်းစေအောင်” အဲဒီလို ဆိုထားတဲ့ သီချင်း ဖြစ်ပါတယ်။
အမေကြည်ကြည်ဋ္ဌေးအဆိုနဲ့ စပြီး လူကြိုက်များခဲ့တဲ့ သီချင်းနာမည်က  ”သက်ဆိုင်သူမှ သက်ဆိုင်သူသို့’ လို့ ခေါ်မှ မှန်ပါတယ်။
ခုတော့ နာမည်တ၀က်ကနေ အလွယ်ဖြတ်ခေါ်ခဲ့တဲ့ ‘သက်ဆိုင်သူသို့’  အမျိုးသမီးသီချင်းက ဒီလိုဘဲ ခေါ်လာတာ ကြာတော့ – အကိုလေးတို့ ကိုကိုတို့ကလဲ  အမှတ်တမဲ့ ဖြစ်နေတော့ – အကိုလေးတင့်အောင် ခေါ် ဗိုလ်ကလေးတင့်အောင်ရဲ့ “သက်ဆိုင်သူသို့” မူလသီချင်းက လူမသိတော့ဘဲ မှိန်သွားရတယ်လို့ ခံစားမိပါတယ်။ မာအေး စင်ပေါ်မှ ပြန်ဆိုဖြစ်ရင်တော့ “သက်ဆိုင်သူမှ သက်ဆိုင်သူသို့” လို့ ပြင်ပြောမယ် လို့ စိတ်ကူးထားပါတယ်။ မအေး ဆိုခဲ့တဲ့ သီချင်းတွေထဲမှာလဲ “တရေးချစ်ခွင့် မြင်ရနိုး” သီချင်းကို “တရေးချစ်ခွင့်” အထိဘဲ ဖြတ်ပြီး ခေါ်တာမျိုး၊ “ဆယ်မိုးဆယ်နွေ မျှော်လေလေဝေး” သီချင်းကိုလည်း “ဆယ်မိုးဆယ်နွေ”  အထိဘဲ ဖြတ်ခေါ်တာတွေ ရှိပါတယ်။ အပြည့်အစုံ နာမည် ခေါ်ပေးကြရင် သီချင်းရေးပေးတဲ့ စာဆိုတွေကို ချီးမြှောက်ရာရောက်တော့ သူတို့ ၀မ်းမြောက်မှာပေါ့။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်