ကဗျာ ကမာပုလဲ

အရိုးသားဆုံး သီချင်း

ကမာပုလဲ
ဇန်န၀ါရီ ၂၈၊ ၂၀၁၃
ချစ်သူ ရောက်လာတဲ့အခါ …
စစ်ပွဲတွေ အပြီးတိုင် ရပ်စဲသွားလိမ့်မယ်။

ချစ်သူ ရောက်လာတဲ့အခါ …
မျက်ရည်နဲ့ ငိုဖို့မလိုတော့ဘူးပေါ့။

ချစ်သူ ရောက်လာတဲ့အခါ …
အိပ်မက်တွေ ရုပ်လုံးပေါ်လာလိမ့်မယ်။

ချစ်သူ ရောက်လာတဲ့အခါ
ညတွေဟာ လရောင်နဲ့ လှနေမှာပေါ့။

ချစ်သူ ရောက်လာတဲ့အခါ …
ကဗျာတွေဟာ ဂန္ထ၀င်ဂီတဖြစ်လာလိမ့်မယ်။

ချစ်သူ ရောက်လာတဲ့အခါ
ပန်းကလေးတွေ ဖူးကြပွင့်ကြမယ်ပေါ့။

ချစ်သူ ရောက်လာတဲ့အခါ …
ကျနော့်ချစ်သူ ရောက်လာတဲ့အခါ …
ကျနော်ရယ် … ချစ်သူရယ် … ရောင်စုံ တိမ်တိုက်တွေရယ် …
ဘ၀ရယ် … တိုက်ပွဲရယ် …တန်းတူညီမျှ ငြိမ်းချမ်းရေးရယ် …
ဒုက္ခရယ် … ရင်ခုန်သံရယ် … တရားမျှတ လွှတ်မြောက်ခြင်းတို့ရယ် …
သစ္စာတရားရယ် … စိတ်ကောက်ခြင်းရယ် … ပြန်လည်သင့်မြတ် ကြည်နူးခြင်းတို့ရယ် …
အနုပညာရယ် … အချစ်ရယ် … လူ့အဓိပ္ပါယ် ပြည့်ဝမှုတွေရယ် …
ပန်းခင်းကလေးရယ် … စိုက်ခင်းပျိုးခင်းကလေးတွေရယ် … မြေကမ္ဘာရယ်…
(ကျနော်ယုံကြည်တယ်) …
ကမ္ဘာကြီးဟာ မနာလိုချင်စရာကောင်းလောက်အောင် လှနေလိမ့်မယ်လို့။   ။

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts