ကဗျာ

ချိုးဖြူငှက်၊ သံလွင်ခက် နှင့် ကဗျာလက်နက်

ဇော်ထက် (ပျဉ်းမနား)
ဇန်န၀ါရီ ၂၇၊ ၂၀၁၃
ချိုးဖြူငှက်ကလေး
ပျံလို့ပြေး
ဟိုးအဝေး
ဟိုးအဝေး
မငြိမ်းချမ်းတဲ့အရေး
ငြိမ်းချမ်းရေးနဲ့ဝေး
လွမ်းရတဲ့အရေး
ဝမ်းမ၀တဲ့အရေး
သန်းခြောက်ဆယ်ရဲ့ အရေး
တို့အရေး
တို့အရေး……………။သံလွင်ခက်
တစ်ခက်
နှစ်ခက်
ရဖို့ခက်
ငြိမ်းချမ်းဖို့အတွက်
မငြိမ်းချမ်းလို့ခက်
သန်းခြောက်ဆယ်အတွက်
သန်းခြောက်ဆယ်အသက်
လွမ်းရေးထက်
ဝမ်းရေးခက်
သန်းခေါင်ယံထက်
ညဉ့်ကနက်………..။

ချိုးဖြူငှက်
သံလွင်တစ်ခက်
ဘယ်သူဖျက်ဖျက်
တို့မပျက်
ဘယ်သူဖျက်ဖျက်
တို့မမျက်
ကလောင်ကိုဖက်
တို့အသက်ဆက်
ကလောင်လက်နက်
တို့အတွက်
သန်းခြောက်ဆယ်အတွက်
အားဆေးတစ်ခွက်
ကလောင်ဓားတစ်လက်
ကလောင်မြားတစ်ဘက်
နောင်များအတွက်
ခွပ်ဒေါင်းတို့ရဲ့ မျိုးဆက်
ခွပ်ဒေါင်းတို့ရဲ့ လက်နက်
သံလွင်တစ်ခက်
ချိုးဖြူငှက်…….။ ။

(ကမ္ဘာ့ငြိမ်းချမ်းရေး ဖိုရမ်ကို ကြိုဆိုလျှက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts