ကမာပုလဲ
ဇန်န၀ါရီ ၂၇၊ ၂၀၁၃
ဇန်န၀ါရီ ၂၇၊ ၂၀၁၃
ငယ်စိတ်နဲ့ ခပ်ခဲ့တယ် …
အတ္တများ …။
အနိုင်ကျင့်ခံရခြင်းနဲ့ ခပ်ခဲ့တယ် …
မျက်ရည်စများ … ။
ရင်ခုန်မှုနဲ့ ခပ်ခဲ့တယ် …
နွေဦး ရနံ့များ …။
လက်ဖက်ရည်ဆိုင်ကလေးနဲ့ ခပ်ခဲ့တယ် …
သမိုင်း ဖြတ်သန်းမှုများ … ။
အမေ့မျက်ရည်နဲ့ ခပ်ခဲ့တယ် …
ယုံကြည်ချက် … လမ်းမများ … ။
ချစ်သူနဲ့ ခပ်ခဲ့တယ် …
ချေလို … သတ်ချင်သလိုသာသတ်ကြတော့ …
မင့်ကို … မောင်ချစ်တယ် … ။ ။