ကဗျာ ကမာပုလဲ

သင်းကွဲငှက်တကောင်ရဲ့ … တိုက်ပွဲဝင် ဘ၀တေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကမာပုလဲ
ဇန်န၀ါရီ ၂၄၊ ၂၀၁၃
အရှိအတိုင်း ကြေကွဲလိုက်စမ်းပါ …
ဘယ်အသိတရားနဲ့မှ ထိန်းချုပ်လို့ ထားမနေနဲ့
မင့်နှလုံးသား လွတ်လပ်စွာ ငိုပါလေ …။

တစက်ချင်းပဲ လိုက်လိုက် …
တသွင်သွင်ပဲစီးစီး …
အဲဒီ ယူကျုံးမရခြင်းတွေထဲ
မင့်အမည်နာမကို နှစ်မြှုပ်ထားလိုက်ပါ …။

ဒဏ်ရာမရဘဲနဲ့ ဘ၀ဟာ မချိုမြိန်နိုင်ပါဘူးတဲ့
အဲဒီသေရာပါ ဒဏ်ရာတွေနဲ့
ကမ္ဘာကြီးကို အချစ်နဲ့ တည်ဆောက်ခဲ့ကြတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts