ကဗျာ ကမာပုလဲ

မေ့မရတဲ့ … ကဗျာ

ကမာပုလဲ
ဇန်န၀ါရီ ၂၂၊ ၂၀၁၃
 
၈၈၈၈ အရေးတော်ပုံကြီးရဲ့ သွေးခင်းလမ်းမမှာ
ခင်ဗျားတို့ဘ၀တွေ စိန်စီခဲ့ပြီလား …ပြောပါဦးဗျ … မေတ္တာတရားအကြောင်းတွေ
ပညာတတ်လူလည်ကျနည်း အကြောင်းတွေ
လှလှပပ မျက်နှာပြောင်တိုက်နည်းအကြောင်းတွေ …။

ဘယ်လိုပဲ သစ္စာဖေါက်ဖေါက်
ဘယ်ပုံပဲ ဒူးထောက်အညံ့ခံခံ
ရွှေကွပ်ထားလည်း အရုပ်က အရုပ်ပါပဲ …။

အမေ့သားတွေဟာ
ခုထိစကားတိုးတိုးပြောနေရတုန်း …
အုတ်ခုံထက်မှာ ဂစ်တာတလက်က ခုထိ ၀ိညာဉ်မဲ့နေတုန်း
သွေးစစွန်းပေနေတဲ့ ခွပ်ဒေါင်းအလံကလေး
ကျောင်းတက်ဖို့ စာသင်ကျောင်းပျောက်နေတဲ့ မနီကလေး
မနက်ဖြန်မှာ …
(ဆရာ) တင်မိုးသေတာ ခြောက်နှစ်ပြည့်ပြီ ဖြစ်တယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts