ကဗ်ာ ကမာပုလဲ

ေ ၾက း စာ း

ကမာပုလဲ
ဇန္န၀ါရီ ၂၁၊ ၂၀၁၃
မိခင်ကလည်း ကြေးစား
ဘ၀ကလည်း ကြေးစား
ကမ္ဘာကြီးကလည်း ကြေးစား
လောကကြီးကလည်း ကြေးစား …။

နှလုံးသားကလည်း ကြေးစား
ဦးနှောက်ကလည်း ကြေးစား
ရပ်တည်ချက်ကလည်း ကြေးစား
ချစ်သူကလည်း ကြေးစား …။

အိပ်မက်ကလည်း ကြေးစား
အနုပညာကလည်း ကြေးစား
အလိုရမ္မက်ကလည်း ကြေးစား
ကျင့်ဝတ်ကလည်း ကြေးစား …။

အဲဒီ ကြေးစား
အညစ်အကြေးနဲ့ ပျော်တယ်
ရက်စက်မှုနဲ့ ယဉ်ပါးတယ်
သစ္စာဖေါက်မှုနဲ့ မွေ့လျော်တယ်
သူသိတာ ကြေးစား အဘိဓမ္မာပဲ …။

အဲဒီ ကြေးစား
လူတွေထက် ခေါင်းတလုံးပိုမြင့်တဲ့အခါ …။

အဲဒီ ကြေးစား
ခေတ်ကို ရောင်းဝယ်ဖေါက်ကားနေတဲ့ အခါ …။

အဲဒီ ကြေးစား
ရာဇ၀င်ကို သူ့စိတ်ကြိုက် အရုပ်ရေးတဲ့ အခါ …။

အဲဒီ ကြေးစား
လူရိုသေ ရှင်ရိုသေဇာတ်ကို ပိပိရိရိ
တင်ဆက်ကပြနေတဲ့အခါ …။

ပန်းတို့သည် မပွင့်
လေညှင်းတို့သည် မသာယာ
ကောင်းကင်သည်လည်း ကြောက်မက်ဖွယ်ရာ မာယာအပြည့်
လူ့လောကသည်လည်း ခြောက်ခြားသွေးပျက်နေတော့တယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts