ဓာတ်ပုံသတင်း နိုင်ငံတကာရေးရာ

၅၇ ကြိမ်မြောက် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲဖြင့် သမ္မတအိုဘားမား ဒုတိယသက်တမ်း တရားဝင်ပြီ

၅၇ ကြိမ်မြောက် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲဖြင့် သမ္မတအိုဘားမား ဒုတိယသက်တမ်း တရားဝင်ပြီ

မိုးမခဓာတ်ပုံသတင်း၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၃

ယနေ့ ဇန်န၀ါရီ ၂၀ ရက်နေ့မှာ ဒုတိယသက်တမ်းသမ္မတအဖြစ် ဆက်လက်ထမ်းဆောင်ရန် အမေရိကန်သမ္မတနှင့် ဒုတိယသမ္မတတို့ ကျန်းသစ္စာကျိန်ဆိုပါတယ်။

အခြေခံဥပဒေအရ ဇန်န၀ါရီရဲ့ ၂၀ ရက်နေ့မှာ သမ္မတတို့ ကျမ်းသစ္စာကျိန်ဆိုမှ တရားဝင်မယ် ဆိုတာကြောင့် သမ္မတနဲ့ ဒုတိယသမ္မတအသီးသီးတို့ဟာ ၎င်းတို့အိမ်တော်များမှာ နိုင်ငံတော် ဗဟိုတရားသူကြီးချုပ်နဲ့ အဖွဲ့ဝင်များကို ဖိတ်ကြားပြီး သစ္စာဆိုခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၉ သမ္မတကျမ်းသစ္စာကျိန်ဆိုစဉ်က တရားသူကြီးချုပ် ရှေ့ကတိုင်ပေးတဲ့စာသားတွေ လွဲချော်ကုန်လို့ နောက်တကြိမ် ကျိန်ဆိုခဲ့ရပေမယ့် သည်တခေါက် ဒုတိယသက်တမ်းမှာတော့ တခါတည်းနဲ့ အဆင်ပြေသွားပါတယ်။ ၎င်းနောက် သမ္မတကြီးအိုဘားမားက မိသားစုကို ပွေ့ဖက်နှုတ်ဆက်စဉ်မှာ သမီးအငယ်ဆုံးလေးက ဒီတခါ ဖေဖေတလွဲတွေ မဖြစ်တော့ဘူးလို့ ကျီဆယ်ပါတယ်။ ဖခင်ကြီးအိုဘားမားက ဒီတခါ ဖေဖေ ဖြစ်ပါတယ် လို့ ပြန်ပြီး တုန့်ပြန်တာကို ရုပ်သံတွေကနေ ကြားရပါတယ်။

အဲသည်မတိုင်ခင် ဇန်န၀ါရီ ၁၉  ရက်က အမေရိကန်နရဲ့ civil rights လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် လူမည်း၊ မာတင်လူကာကင်းဂျုနီယာအတွက် ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် အိမ်တော်က နှိုးဆော်ပါတယ်။ အဲသည်နေ့ကို အမေရိကန်ပြည်ထောင်စု၏ လူမှုရေးအလုပ်များ စေတနာဝန်ထမ်း ထမ်းဆောင်ရေးနေ့အဖြစ် အစိုးရက တိုက်တွန်းနှိုးဆော်ခဲ့တာကြောင့် သမ္မတကြီးတို့မိသားစုတွေက စာသင်ကျောင်းတခုကို သွားပြီး လုပ်အားပေး စေတနာဝန်ထမ်းအလုပ်တွေ လုပ်ခဲ့ကြပါတယ်။

အဲသည်နေ့မှာပဲ သမ္မတကတော် မစ်ချယ်နဲ့ ဒုသမ္မတကတော် ဒေါက်တာဂျင်းတို့က အမေရိကန်စစ်တပ်က စစ်ပြန်များ၊ စစ်မှုထမ်းများ၊ မိသားစုများ၊ သားသမီးများကို ဂုဏ်ပြုတဲ့ ဂီတပဒေသာပွဲတော်နဲ့ ၁၉  ရက်နေ့ ညက ဖျော်ဖြေခဲ့ကြတာကို တွေ့ရပါတယ်။

 ဒါ့အပြင် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို လာမယ့် ဇန်န၀ါရီ ၂၁ မှာ လူထုပွဲတော်အဖြစ် ၀န်ရှင်တန်ဒီစီ အမျိုးသားရင်ပြင် (National Mall) အိမ်ဖြူတော်၊ လွှတ်တော်၊ ဥယျာဉ်ကွင်းကျယ်ကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၀၉  တုန်းက လူ ၂ သန်း တက်ရောက်ခဲ့ပြီး သည်တခေါက်တော့ လူ ၉  သိန်း တက်ရောက် ဆင်နွဲပြီး သမ္မတကြီး၏ ဒုတိယသက်တမ်း တရားဝင်ထမ်းဆောင်မှုကို ဂုဏ်ပြုကြိုဆိုကြမှာ ဖြစ်ပါတယ်။

လာမယ့် နက်ဖြန် ဇန်န၀ါရီ ၂၁ မှာ ဒီစီရဲ့ အမျိုးသားရင်ပြင် သမ္မတအိုဘားမား ဒုတိယအကြိမ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ လူထု၏ ဂုဏ်ပြုပွဲတော်ကို သတင်းဌာနအားလုံးက တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်က သမ္မတနဲ့ ပွဲတော်လုံခြုံရေးအတွက် တပ်သား၊ ရဲ၊ စုံထောက်၊ ထောက်လှမ်းရေး၊ အင်အားပေါင်းများစွာ သုံးစွဲပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခံတယ်လို့ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “၅၇ ကြိမ်မြောက် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲဖြင့် သမ္မတအိုဘားမား ဒုတိယသက်တမ်း တရားဝင်ပြီ

Comments are closed.