ကဗ်ာ ကမာပုလဲ

အ ေ ဖ


ကမာပုလဲ
ဇန္န၀ါရီ ၂၀၊ ၂၀၁၃
သမီးမ်က္လံုးအိမ္ထဲ
အဖေ့ရဲ့ မေတ္တာရိပ်တွေ
မျက်ရည်တွေဟာ ဖေဖေ့အတွက်
တမ်းတခြင်း အလွမ်းသီချင်းတွေ …။

လှေတစင်းနဲ့ ပြန်မလာတော့မယ့် ပင်လယ်ဆီ
ရွက်လွှင့်သွားခဲ့ပြီ …
ကမ်းပါးကလေး တခုလို တမ်းတကျန်ရစ်ခဲ့သူက သမီးပါ …
လှိုင်းပုတ်သလို …
မေတ္တာတရားနဲ့ နွေးထွေးမှုကို ကမ်းလင့် ရင်ခုန်နေဆဲ …။

သမီးရဲ့ နဖူးပြင်နဲ့ ဆံနွယ်တွေမှာ
ဖေ့ဖေ့ ပခုံးဆီက ရနံ့
ပါးပြင်ပေါ်က သွေးကြောမျှင်တွေထဲ
ဖေဖေ့အချစ်တွေ ကဗျာအဖြစ် စီးခဲ့တယ် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts