နိုင်ငံတကာရေးရာ

အမေရိကန်၏ သတင်းဌာန RFA တိဗက် အုပ်ချုပ်ရေးပိုင်းကို လွှတ်တော်အမတ် မေးခွန်းထုတ်

အမေရိကန်၏ သတင်းဌာန RFA တိဗက် အုပ်ချုပ်ရေးပိုင်းကို လွှတ်တော်အမတ် မေးခွန်းထုတ်

ဘာသာပြန်သတင်း၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃

အမေရိကန်နိုင်ငံခြားသတင်းဌာနတခုအနေနဲ့ RFA ရဲ့လုပ်ရပ်တွေဟာ အဓိကအငြင်းပွားစရာ ဖြစ်လာနေပြီလို့  အမေရိကန်အောက်လွှတ်တော်အမတ်တဦး သတိပေး …

RFA တိဗက်ဌာနမှုး Mr. Jigme Ngapo ကို RFA အုပ်ချုပ်ရေးပိုင်းက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အလုပ်ထုတ်ပစ်လိုက်တာနဲ့ပတ်သက်လို့ RFA ဥက္ကဌ လီဘီလူးဘက်က ရှင်းရှင်းလင်းလင်း မဖြေရှင်းတဲ့အပေါ်မှာ အမေရိကန်အောက်လွှတ်တော်အမတ် Dana Rohrabacher က RFA သတင်းဌာနကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော်တွင်းသတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဇန်န၀ါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့အမေရိကန်အောက်လွှတ်တော်အမတ် Dana Rohrabacher ရဲ့ ထုတ်ပြန်ကြေညာချက်မှာ RFA အပါဝင် အမေရိကန်ပြည်ထောင်စုအစိုးရက ထောက်ပံနေတဲ့ နိုင်ငံခြားသတင်းဌာနတွေရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ လွှတ်တော် နိုင်ငံခြားရေးရာကော်မတီနဲ့ ဘတ်ဂျက်ရေးရာကော်မတီကို တင်ပြထားကြောင်း ဖေါ်ပြထားပါတယ်။

ဒါအပြင် RFA ရဲ့အုပ်ချုပ်ရေးပိုင်းမှာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့ပုံစံမျိုးဖြစ်လာတာဟာ RFA သတင်းဌာနကို ထိခိုက်စေတယ်ဆိုတာ မြင်နေရကြောင်းလည်း အောက်လွှတ်တော်အမတ်Rohrabacher ကရေးသားထားပါတယ်။တိဗက်ဌာနမှုးကို RFA အုပ်ချုပ်ရေးပိုင်းက အလုပ်ထုတ်လိုက်တာဟာ ပြည်ပရောက်တိဗက်အစိုးရရဲ့ ပယောဂမကင်းဘူးလို့လည်း အောက်လွှတ်တော်အမတ်ရဲ့ အရင်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လက်ရှိ ပြည်ပရောက်တိဗက်အစိုးရခေါင်းဆောင်ဟာ အရင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့နေရာကိုဆက်ခံသူ Dr Lobsang Sangay ဖြစ်ပြီးတော့ သူဟာ တရုတ်အစိုးရပတ်သက်ရင် သဘောထားပျော့ပြောင်းသူအဖြစ် စွပ်စွဲခံထားရပါတယ်။

အောက်လွှတ်တော်အမတ် Mr.Rohrabacher ရဲ့ ကြေညာချက်မှာ တိဗက်ဌာနမှုးကို အကြောင်းပြချက်မရှိပဲ RFA ဥက္ကဌ လီဘီလူးက အလုပ်ကထုတ်ပစ်လိုက်တယ်လို့ရေးသားထားပါတယ်။ ဒီကိစ္စဟာ နိုင်ငံခြားကလွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကိုပြလိုက်တဲ့ သတိပေးချက်ဖြစ်နေတယ်လို့လည်း အောက်လွှတ်တော်အမတ်က ဖေါ်ပြထားပါတယ်။ အလုပ်ထုတ်လိုက်တဲ့ကိစ္စကို ဖြေရှင်းဖို့ ပန်ကြားချက်ကို တုန့်ပြန်တဲ့နေရာမှာ အသေးစိတ်ရှင်းလင်းဖေါ်ပြဖို့လဲ လီဘီလူးအနေနဲ့ပျက်ကွက်ခဲ့တယ်လို့လည်း အောက်လွှတ်တော်အမတ်ကဆိုပါတယ်။

RFA သတင်းဌာနတခုအနေနဲ့ ဂုဏ်သိက္ခာဆည်တဲ့အနေနဲ့ တိဗက်ဌာနမှုးကို အလုပ်ပြန်ခန့်ဖို့လည်း အောက်လွှတ်တော်အမတ်က တိုက်တွန်းထားပါတယ်။

အမေရိကန် လွှတ်တော်ကထောက်ပံတဲ့ ငွေကြေးရံပုံငွေနဲ့လည်ပတ်နေရတဲ့ RFA သတင်းဌာနအနေနဲ့ ဆောင်ရွက်ချက်တွေကို အခွန်ပေးဆောင်နေတဲ့ အမေရိကန်ပြည်သူတွေအတွက် တာဝန်ခံနိုင်ဖို့၊ ထင်သာမြင်သာရှိဖို့ကိုလည်း  အောက်လွှတ်တော်အမတ်ရဲ့ အရင်ကြေညာချက်မှာ သတိပေးထားပါတယ်။ (Photo – file photo from his website)

သတင်းမူရင်းက သည်နေရာမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts