စာအုပ်စင်

Amazon Kindle App နဲ့ သန်းဝင်းလှိုင်၏ အကျော်ဇေယျအမျိုးသမီးများ အီးဘုတ် ဖတ်နိုင်ပါပြီ

Amazon Kindle App နဲ့ သန်းဝင်းလှိုင်၏ အကျော်ဇေယျအမျိုးသမီးများ အီးဘုတ် ဖတ်နိုင်ပါပြီ

မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၂

မိုးမခရဲ့ အွန်လိုင်းအီးဘုတ်အုတ် ထုတ်ဝေရေးအစီအစဉ်ကနေ Amazon Kindle e-book store ကနေ ထုတ်ခဲ့သမျှစာအုပ်များကို ထပ်ဆင့်ဖြန့်ချိနေရာမှာ သန်းဝင်းလှိုင်ရဲ့ စာအုပ် ၂ အုပ်ဖြစ်တဲ့ အာဇာနည်နေ့ စာအုပ်နဲ့ အကျော်ဇေယျအမျိုးသမီးများ (အတွဲ ၂တွဲ) စာအုပ်များကို Kindle အီးဘုတ်အဖြစ် တင်ဆက်လိုက်ပါပြီ။ လက်ရှိမှာ အဆိုပါ အီးဘုတ် ၂ အုပ်ကို အခမဲ့ဒေါင်းလုပ် ဖတ်ရှုနိုင်အောင် ခွင့်ပြုထားပါတယ်။

(www.Amazon.com) အမေဇုံအွန်လိုင်းဝက်ဆိုက်မှာ မိမိအီးမေးနဲ့ မှတ်ပုံတင် အကောင့်တခု ရယူပြီးနောက် လိုချင်တဲ့ အီးဘုတ်ကို 0.00 ဒေါ်လာပေးပြီးတော့  check out (၀ယ်ယူ) ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ smart phone , Ipad, Tablet ထဲက Kindle App ကနေ  အဆင်သင့် ဒေါင်းလုပ် ရယူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ၅ ရက် ပရိုမိုးရှင်းကာလကျော်သွားရင်တော့ ကျသင့်ငွေပေးချေပြီး ၀ယ်ယူရမှာ ဖြစ်ပါတယ်။

သည်နေရာမှာ အမေဇုံအွန်လိုင်း အီးဘုတ်ဆိုင်က မိုးမခစာအုပ်များ စုစည်းထားတာကို ကြည့်နိုင်ပါတယ်။ ဆက်လက်ပြီးလည်း မိုးမခထုတ် အီးဘုတ်စာအုပ်များ ဆက်လက် တင်ဆက်သွားပါ့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts