မိုးမခကို ပေးတဲ့စာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ

ကြေးစေတမန်တဦး၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့်လက်ရှိတွင်GSM Mobile Phone များအား ဈေးနှုန်းများချပြီး ပြည်သူများအားရောင်းချပေးမည်ဆိုသော်ငြားလည်း ၀န်ဆောင်မှုအပိုင်းတွင်တိုးတက်လာခြင်းမရှိသေးပေ။ဖုန်းပျောက်အပျက်များအား ပြန်လည်လျေက်ထားရာတွင်လည်း ကောင်း၊ Mobile Phone Internet Access များလျောက်ထားခြင်း တို့တွင် ယခုအချိန်ထိလာဘ်ပေးလာဘ်ယူမှုများနှင့် အချိန်ကြံ့ကြာပြီး လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။

မည်သို့ပင် GSM တာဝါတိုင်များ အသစ်တိုးချဲ့စေကာမူ လိုင်းဆွဲအားများမှာလည်း ပိုမိုထူးခြားကောင်းမွန်လာခြင်း မရှိးသေးသလို လက်ရှိပြည်သူတို့အသုံးပြုလျက်ရှိ Internet Speed  တို့အား ယခင်Bandwidth 2 MB speed မှ1 MB သို့ ဆက်သွယ်ရေးဌာန ၀န်ကြီး နှင် CE တို့မှလျို့ဝှက်အစီအစဉ်တို့ဖြင့် လျော့ချခဲပြီး ပြီးခဲ့သော ၃၁ ဒီဇင်ဘာ ၂၀၁၂ တွင်မူပြည်သူတို့ နှေးတိနှေးကွေး ဖြင့်အသုံးပြုနေသော 3G စနစ် Internet အား ၄င်း 1 MB speed မှထပ်မံပြီး 768 KB speed သို့ CE အမိန့်ဖြင့် လျို့ဝှက်လျော့ချခဲ့ပြီးဖြစ်ကြောင်း တိတိကျကျသိရှိထားပါသည်။

ယခုကဲသိုInternet Speed များ လျော့ချရသည့်အကြောင်းကိုမသိရှိရပေ။ဆက်စပ်တွေးတောကြည်ပါက ၄င်တို့အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော Internet အသုံးပြုခ Volume Base စနစ်မှာ မအောင်မြင်ခြင်းကြောင့်လေလားဟုတွေးမိပါသည်။ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာလည်း အချိန်ဆွဲရေးဆွဲနေပြီး ပြည်သူတို့ထံမှ ရနိုင်သလောက်ရအောင်ယူပါဦးမည် ဖြစ်ပါသည်။မြန်မာ့ဆက်သွယ်ရေး မှ ပြည်သူတို့အတွက်ပေးမယ့်ကောင်မွန်တဲ့ ၀န်ဆောင်မှုဟာ ဘယ်မှာလဲ၊ ဘယ်တော့များလဲ ဟု ဆက်သွယ်ရေးကို ပြည်သူများက တိုက်ရိုက်မေးခွန်းထုတ်ကြဖို့ လိုပါသည်။

(Photo – MMTimes, Yangon, Myanmar)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

6 thoughts on “မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ
  1. ထိုင်းနယ်စပ်မှာWi-Fi နဲ့ ချိတ်ထားတာမြန်မှမြန်ပါ့၊ခရိုနီကြီးစိုးထားတဲ့
    ဆသရ Internet လိုင်းများ မြန်နှုန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ မယှဉ်နိုင်တာ
    ရှက်စရာအလွန်ကောင်းပါတယ်။

  2. ဆသရ ကလူတွေ ခုထိကို စားလို့မဝနိုင်သေးဘူးလား။ ပြည်သူတွေကိုလဲ နည်းပညာနဲ့ပတ်သက်လို့ နကန်းတလုံးနားမလည်ဘူး၊ ငါတို့လှည့်ချင်သလို လှည့်လို့ရတယ် ထင်နေကြတယ်။

  3. မဟုတ်သေးဘူး သယ်ချင်းတို့ရေ… မှားနေပြီထင်တယ်။ ဆက်သွယ်ရေးက အင်တာနက် speed ကို နှေးအောင် လုပ်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာ့ဆက်သွယ်ရေးကကို အင်တာနက်ကို နှေးတယ် နှေးတယ် အပြောခံနေရလို့ သူတို့ကိုယ်တိုင်လည်း မြန်ချင်နေတာ။ အင်တာနက် speed ကို မြန်အောင်ဆောင်ရွက်နေကြတယ်လို့ သိထားတယ်။
    တစ်ခုတော့ရှိတာပေါ့။ အခုအချိန်က မိုဘိုင်းဖုန်းတွေကတဆင့် အင်တာနက်သုံးစွဲသူတွေကလည်း များလာပြီဆိုတော့ အားလုံးက အင်တာနက်ကို တစ်ပြိုင်တည်းဝိုင်းသုံးလို့ နှေးသွားတာ ဖြစ်မှာပါ။

  4. ပထမ — ဖုန်းဈေးလျော့ပေးပါ
    ဒုတိယ — အင်တာနက်speed မြှင့်ပေးပါ။
    တတိယ — ဖုန်းပြောဆိုခ လျော့ပေးပါ။
    စတုတ္ထ —- ဆင်းကဒ် အလကားပေးပါ။
    ပဉ္စမ —- အားလုံးအလကားပေးပါ။

  5. မဟုတ်သေးဘူးထင်တယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကတော့ အင်တာနက် Speed ကို မနှေး နှေးအောင်တော့ လုပ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အင်တာနက် Speed ကို နှေးတယ် နှေးတယ် အပြောခံနေရလို့ သူတို့ကိုယ်တိုင်ကိုက မြန်ချင်နေတာ။
    အခုချိန်က မိုင်းဖုန်းကတဆင့် အင်တာနက်သုံးစွဲသူတွေကလည်း များလာတော့ ရှိတဲ့ Bandwidth ကို အားလုံးက ၀ိုင်းသုံးတဲ့အချိန်မို့ နှေးတာဖြစ်မှာပါ။

  6. အားလုံးက အင်တာနက်ကို တစ်ပြိုင်တည်းဝိုင်းသုံးလို့ နှေးသွားတာ မဟုတ်ပါ…အချိန်မရွေး Speed Test နဲ့ Bandwidth ကို Test လုပ်ကြည့်လျင် သိနိုင်ပါသည်။အခုတော့ နဂိုအတိုင်း 2MB Speed ပြန်ဖြစ်သွားပါပြီ၊ ဆသရ ကလည်း ခေသူမဟုတ်…ဒါပေမယ့် ပြည်သူကိုတော့ ဘာမှမသိဘူးလို့တော့ မထင်လိုက်နဲ့နော်….

Comments are closed.