ဓာတ်ပုံသတင်း

သြစတြေးလျရောက် ကချင်တိုင်းရင်းသားများ ကချင်ပြည်စစ်ပွဲများရပ်စဲရေး ဆန္ဒပြ

သြစတြေးလျရောက် ကချင်တိုင်းရင်းသားများ ကချင်ပြည်စစ်ပွဲများရပ်စဲရေး ဆန္ဒပြ

မိုးမခဓာတ်ပုံသတင်း၊ Kachin Association of Australia, (Melbourne)၊ ဇန်န၀ါရီ ၈၊ ၂၀၁၃

ဇန်န၀ါရီ ၇၊ နေ့ခင်း ၁ နာရီက ကချင်၊ ကရင်၊ ချင်းတိုင်းရင်းသားအစည်းအရုံးများက ဦးဆောင်ပြီး သြစတြေးလျနိုင်ငံ၊ ကင်ဘာရာရှိ မြန်မာသံရုံးရှေ့တွင် စုရုံးပြီး လက်ရှိမြန်မာအစိုးရ၏ ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်နေမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ပူးပေါင်းပါဝင်သော အဖွဲ့အစည်းများမှာ Kachin Association of Australia (Melbourne), Kachin Association of Australia (Sydney), Kachin Association of Australia (Victoria), Karen Community from Victoria and Chin Community Melbourne တို့ဖြစ်ကြသည်။

 ကချင်တိုင်းရင်းသား ကိုအောင်ဒန်၊ ကရင်တိုင်းရင်းသား ကိုသန့်ဇော်နှင့် ချင်းတိုင်းရင်းသား ကိုအောင်ကျော်ဦးတို့က မြန်မာအစိုးရ၏ စစ်ပွဲများအပေါ် ကန့်ကွက်ဆန့်ကျင်ခြင်းနှင့် တိုင်းရင်းသားတို့၏ သဘောထားတို့ကို အသီးသီးထုတ်ဖော်ပြောကြားခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts