စာအုပ်စင်

မိုးမခမီဒီယာက Amazon အွန်လိုင်းမှတဆင့် အီးဘုတ်များ စဖြန့်မည်

မိုးမခမီဒီယာက Amazon အွန်လိုင်းမှတဆင့် အီးဘုတ်များ စဖြန့်မည်

မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၆၊ ၂၀၁၃

အင်တာနက်တွင်ခေတ်စားနေသည့် Amazon အွန်လိုင်း၏အီးဘုတ်များ ရောင်းချသည့်စနစ်ကို သုံးစွဲပြီး မိုးမခမီဒီယာ၏ အီးဘုတ်များကို Amazon Kindle E-Book အဖြစ် တင်ဆက်ရောင်းချမည် ဖြစ်သည်။ အမေဇုံအွန်လိုင်းတွင် အကောင့်တခု ရယူပြီးနောက် မိမိ၏ ဖုံး၊ တက်ဘလက်၊ အီးဘုတ်ဖတ်စက် တမျိုးမျိုးသို့ အီးဘုတ်ကို ဒေါင်းလုပ်ရယူပြီး ဖတ်ရှုနိုင်သည်။ Amazon Kindle, Apple iBook Reader App များဖြင့်လည်း ဖတ်ရှုနိုင်သည်။ Amazon Prime Account  ရှိသူများအနေနှင့် စာကြည့်တိုက်များက စာအုပ်ငှားသကဲ့သို့ အီးဘုတ်ကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်မည် ဖြစ်သည်။

မူလက မိုးမခကာတွန်းဆရာပေါင်းစုံ၏ လက်ပံတောင်းတောင်က မီးလောင်နေသော ကာတွန်းများ အီးဘုတ်ကို စမ်းသတ်ထွက်ဝေခဲ့သည်။

၎င်းနောက် မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ကို ဆက်လက်ထုတ်ဝေခဲ့သည်။

ယခု သန်းဝင်းလှိုင်၏ မမေ့နိုင်အပ်သော အာဇာနည်နေ့ ဆောင်းပါးစာအုပ်ကို အီးဘုတ်အဖြစ် ထုတ်ဝေလိုက်သည်။

http://www.amazon.com/s/ref=nb_sb_noss?url=search-alias%3Dstripbooks&field-keywords=%22moemaka+multimedia%22

ဆက်လက်ပြီး ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များ၊ မီဒီယာများကို အီးဘုတ်များအဖြစ် ထုတ်ဝေသွားမည် ဖြစ်သည်။ အီးဘုတ်အဖြစ် အွန်လိုင်းဆိုက်ကြီးများတွင် တစုတစည်းတည်း တင်ဆက် ရောင်းချထားခြင်းဖြင့် အီးဘုတ်ဖြင့် ဖတ်ရှုသိမ်းဆည်းသူများအတွက် အဆင်ပြေမည် မျှော်လင့်သည်။ Apple ၏ iBook တွင်လည်း တင်ဆက်ထားနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts