မိုးမခကို ပေးတဲ့စာ
ဟင်္သာတက ဂျီအက်စ်အမ်တွေ ဖုတ်လှိုက် ဖုတ်လှိုက်
ဟင်္သာတက ဂျီအက်စ်အမ်တွေ ဖုတ်လှိုက် ဖုတ်လှိုက်
ဟင်္သာတက ပေးစာ၊ ဇန်န၀ါရီ ၄၊ ၂၀၁၃
        ဧရာဝတီတိုင်း   ဟင်္သာတမြို့  က  GSM   MPT  ခေါ် တယ်လီဖုံးဟာ  ၂၄  နာရီ  ဘာမှ  ဆက်သွယ်၍ မရပါ တာဝန်ရှိတဲ့ ဟင်္သာတဆက်သွယ်ရေးက  AE  ဦးလှအောင်က တာဝန်အရှိဆုံးပါ။   ဖုံးတွေ  မကောင်းတာ  တစ်လကျော်ပြီ။  AE   ဦးလှအောင်ခင်ဗျား … ပြင်ပေးပါအုံး။  ဆက်သွယ်ရေး  တိုင်းမန်နေဂျာရေ  … ဟင်္သာတခရိုင်ထဲက  GSMတွေ  လွှတ်ပစ်ရတော့မှာလား။  သက်ဆိုင်ရာကလည်း  ထိရောက်စွာ အရေးယူပေးပါရန် တင်ပြအပ်ပါသည်။ (ဟင်္သာတသားများ)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
3 thoughts on “ဟင်္သာတက ဂျီအက်စ်အမ်တွေ ဖုတ်လှိုက် ဖုတ်လှိုက်
  1. ကျွန်တော်တို့အင်ပင်မှာလဲ GSM လိုင်းကပျောက်လိုက်ပေါ်လိုက်နဲ့ပြောလိုလဲမကောင်းဘူး
  2. ဟင်္သာတမြို့သူ မြို့သားများ၏ ဒုက္ခကို ညီလေးတို့ မှ တဆင့် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်း သိစေရန်တင်ပြပေးပါ။
    ခေတ်သစ်ဒေ၀ဒတ်များကြောင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  မှာ လမ်းတွေပိတ်ဆို့တာ၊ လမ်းတွေပျက်တာတွေကို အဓိကအခွင့်ကောင်းယူပြီးတော့ သုံးဘီးဆိုင်ကယ်တွေကို ရည်ရွယ်ချက် ကြီးကြီးဖြင့် ကားဂိတ်မပြောင်းခင်ကတည်းက ကြိုဝယ်ထားတဲ့ သူတွေရော တော်ကြာ ဟိုလမ်းမ၀င်ရ ဆိုင်းဘုတ်ထောင် တော်ကြာဝင်လို့ ရတယ် တော်ကြာ နှစ်လမ်းမောင်း တော်ကြာတစ်လမ်းဘဲ မောင်းလို့ ရတယ် ပညာပေးအနေဖြင့်လုပ် ပြီးရင်ဖမ်း ဒါဏ်ရိုက် ဖမ်း ပြည်သူကို အမျိုးမျိုး စိတ်ညစ်အောင်လုပ်ရုံတွင်မကသေးဘူး၊ သမ္မတ ကြီး ပြောတော့ ဆင်းရဲမှု့ ပပျောက် စေရေးတဲ့၊ အပေါ်က ဘယ်လောက်ပြောင်းပြောင်း (အောက်ဆေးကိုမခွါဘဲဆေးသုတ်သလိုပေါ့  အပေါ်ကဘယ်လောက်ဘဲထပ် သုတ်သုတ် အောက်ဆေးကတော့ ပေါ် လာတာဘဲ) ဆိုသလို ဖြစ်နေပြီ အခုဧရာဟင်္သာ ကုမ္မဏီ နှင့်  အစုရှယ်ယာလုပ်သောသူများ၊ လယ်ကွက်တွေကို အကုန်ဝယ်ပြီး သိန်းပေါင်း ထောင်ချီ နှင့် ရောင်းချရန်စောင့် စိုင်းနေသူများ၊ မြို့ ပါတ်လမ်း လမ်းဘေးတောက်လျောက်တွင် လယ်ယာမြေတွေကို မြေကွက်တွေရိုက်ပြီး ရောင်းချရန်စောင့်နေသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ် ချုပ်ရေးမှူး ကို ပိုင်တယ်ဆိုပြီး ကားဂိတ်ပြောင်းရင် မြို့ ထဲ မှတဆင့် ဆွဲရန် သုံးဘီးဆိုင်ကယ်တွေ ကို လိုင်းတွေချပေးနေတဲ့  မ.ထ.သ ဥက္ကဌ ဦးစံဌေး၊ ဌာနပိုင်များ၏ ပါဝါ နဲ့ ကိုယ်ကျိုးစီးပွားရှာနေသူများ မှလွဲပြီး ကျန်လုပ်ငန်းရှင်များ၊ ဆိုက္ကားသမားများ၊ စက်ဘီးနဲ့  ကုန်လိုက်ပို့ နေရတဲ့  လက်လုပ်လက်စားများ၊ ဈေးသူဈေးသားများ၊ စီပွားရေးလုပ်ငန်းရှင်များ အတွက် ဘယ်လိုမှ အဆင်မပြေသည့်အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးကာလတစ်ခုမှာ လူကြီးများနှင့် ပေါင်းပြီး လူကြီးတွေကို ဆိုင်ခန်းတွေပေးပြီး စီးပွား မရှာသင့်ပါ။
    တောင်သူတွေရဲ့  လယ်တွေကို ဟင်္သာတမြို့ကောင်းဖို့ ဆိုပြီး ဦးဌေးဦးလက်ထက်က ဧရာဟင်္သာ ကုမ္မဏီက ဦးဇော်ဝင်းရှိန်(ခ) အငယ်ကောင် နှင့်  မျိုးပိုင် တို့ ကပေါင်းပြီး ဆိုင်ခန်းတစ်ခန်းကို သိန်း ၄၀၀ သိန်း၃၅၀ တို့ဖြင့် ရောင်းချပြီး အရင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေ ကို ဆိုင်ခန်းတစ်ခန်းပေးထားခဲ့ပါတယ်။
    ယ္ခုလဲ ဧရာဟင်္သာ တာဝန်ရှိသူတွေ နှင့်  ဟင်္သာတမှ ပြည်သူတွေ ကရွေးချယ်တင်မြှေက် ထားသော ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်တွေ နှင့် ပေါင်းပြီး မကြာမှီ စတော့ မယ့် လွတ်တော်မှာ ဟင်္သာတပြည်သူ တွေ ကရွေ့ချင်တယ်ဆိုတဲ့  အသုံးအနှုန်းတွေကို တင်ပြပြီး အတည်ပြုချက်ကိုရယူမယ်လို့  သတင်းရရှိတဲ့ အတွက် မဖြစ်သင့် သော ကိုယ်ကျိုးစီးပွားရှာစားမှု့  များဖြစ်တဲ့ အကြောင်းကို အချိန်မှီ အခါမှီ တင်ပြခြင်းဖြစ်ပြီး ၄င်းကိစ္စ ကိုအသက်ဝင်အောင်ကြိုးစား အကောင်အထည် ဆက်လက်ဖေါ်ခဲ့လျင် မြို့သူမြို့သားများ မှ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖေါ်ရုံကလွဲလို့  အခြားဘာမှ လုပ်စရာမရှိတော့ဘူးဆိုတဲ့ အကြောင်းကို တင်ပြလိုက်ပါတယ်။
    1. နောက်တစ်ယောက်လာလဲ ထူးမခြားနား ဟင်္သာတထောင်ပိုင် says:
      ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတအကျဉ်းဦးစီးဌာန မှ ထောင်ပိုင်ကြီး ဦးနေစိုး(မိုးကျရွှေကိုယ်)သည် အကျဉ်းသားများထံမှ လာပ်ငွေတောင်းခံနေကြောင်း သိရှိရပါသည်။ သူကိုယ်တိုင်တောင်းခံခြင်းမရှိပဲ သူ့လက်အောက်ရှိ ထောင်ဝါဒါ နောင်နောင်ဆိုသူကို တောင်းခံခိုင်းကြောင်း သိရပါသည်။ ထောင်ထဲတွင် ၀ါဆိုသင်္ကန်းကပ်ဖို့၊ တီဗီဝယ်ဖို့၊ ဒီဗီဒီဝယ်ဖို့ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး အကျဉ်းသားများထံမှ ငွေကြေးတောင်းခံနေပါသည်။
      အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးမှ `ထောင်ထဲစရောက်ရောက်ခြင်း အကျဉ်းသားကို ထောင်ဝါဒါက မေးတယ်…၊ လိုင်းဝင်မလား…၊ သန့်ရှင်းရေးလုပ်မလား…၊ အိမ်သာပုံးသွန်မလား…တဲ့၊ လိုင်းဝင်ရင်တော့ လေးသောင်းပေးရမယ် လို့ပြောတယ်´ ဟု သူကြုံခဲ့ရပုံကို ပြောပြပါတယ်။ အဲဒီကရတဲ့လေးသောင်းကိုတော့ ထောင်ဝါဒါတွေ အချိုးကျခွဲယူပြီး ကျန်တာကို ထောင်ပိုင်ကြီးကို ပေးရကြောင်းလည်း သိရပါသည်။ ယခင်ထောင်ပိုင်ကြီး တာဝန်ယူချိန်ကလည်း ယခုကဲ့သို့ပင် လာပ်စားသောကြောင့် နယ်ပြောင်းခံရကြောင်း၊ ခု ထောင်ပိုင် ဦးနေစိုး မှာလည်း `၀န်ထမ်းဟူသမျှ လာပ်စားကြ´ ဆောင်ပုဒ်ကိုပင် ကျင့်သုံးနေကြောင်း မြို့ခံများက ပြောဆိုနေကြပါတယ်။
Comments are closed.