ကဗျာ

၂ဝ၁၃ ဘုန်းတို့ ရဲ့ အသစ်ဆုံးစကား (U Nanda Wuntha)

၂ဝ၁၃ ဘုန်းတို့ ရဲ့  အသစ်ဆုံးစကား  
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဇန်န၀ါရီ ၁၊ ၂၀၁၃                  
မင်္ဂလာပါ ဆွေတို့ ရေ…

(၂ဝ၁၃) နှစ်ထောင့်ဆယ့်သုံးမှာ
အပြုံးများစွာနဲ့  ခရီးဆက်နိုင်ဖို့ 
သူတပါးတို့ ရှိတဲ့ အပြစ်ထွေထွေကို
ဘေးနားလေး ခပ်ဝေးဝေး အသာဖယ်ထား                                                                                                          
အတိတ်က ကိုယ့်အမှားတွေကို  ပြန်ကာကြည့်
လုံးလုံးကြီး မမေ့မိ လိုက်ကြနဲ့ နော်။

နောက်ကြောင်း ပြန်မလှည့်တော့ဘူး ဆိုရင်တောင်
ကောက်ကြောင်းအတိုင်း ဆက်သွားတာတွေ ရပ်အောင်လို့ 
ပစ္စုပ္ပန်လက်ရှိ   လျှောက်နေသည့် လမ်းကိုလှ
ကြိုးစားပြီး ဖြောင့်ဖို့ တော့  လိုလိမ့်မယ်။ကုန်လွန်သွားတဲ့ အတိတ်အတိတ်  နှစ်တွေ
ကျန်ရစ်ခဲ့ငြားလေပြီ  ဆိုပေသော်လဲ
ကိုယ့်အတွက် မှားလိုက်သည့် ဖြစ်ပျက်များတို့ ဟာ

တန်ဖိုးထိုက် သင်ခန်းစာတွေပါလား ဆိုပြီး
ပြင်သင့်တာ ပြင်ကာ ယူကြစို့ ရဲ့။
နှစ် တနှစ် ဘဝသစ် အစမှာ
လှပကာ သန့် ရှင်းဖြူစင်တဲ့
မနောဓာတ် စိတ်မြတ်အသွင်နဲ့ 
အမှားတွေ မှန်အောင် တကယ်ပြင်ကြမှ…
ဆွေတို့ ရေ…
တို့ ဘဝ အနာဂတ်ခရီးများရဲ့
ရောက်ရှိမည့် ပန်းတိုင်အသီးသီးတွေဟာ
ငြိမ်းချမ်းကာ သာယာလန်းလှပေ လိမ့်မယ်ပ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts