မိုးမခကို ပေးတဲ့စာ

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အနိုင်ကျင့်ခံရခြင်းက ကင်းဝေးကြပါစေ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အနိုင်ကျင့်ခံရခြင်းက ကင်းဝေးကြပါစေ

ဟန်ဝင်း၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၂

ထိုင်းနိုင်ငံအတွင်းမြန်မာအလုပ်သမားတွေဟာမြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး တွေလုပ်နေပါစေ မြန်မာအလုပ်သမားတွေကိုတော့ အလုပ်သမားအခွင့်ရေး လူ့အခွင့်ရေးတွေ ချိုးဖောက်နေဆဲဆိုတာကို တင်ပြလိုက်ပါသည်။

အောက်ပါဓာတ်ပုံထဲကအတိုင်း ထိုင်းနိုင်ငံတောင်ပိုင်း၊ စူပါချိပ်ကုမ္ပဏီမှ အလုပ်သမားတစ်ယောက်ကိုဒီဇင်ဘာ ၈၊ ၂၀၁၂ရက်နေ့ကအကြောင်းမဲ့ အလုပ်မှထုတ်ခြင်း ခံရပါတယ်။

မည်သည့် အကြောင်းကြောင့် အလုပ်မှ ထုတ်ခြင်းခံရသလဲ ဆိုတော့ တနေကုန် တနေခမ်း အလုပ်လုပ်သည့်ကြားက အလုပ်တွေ မပြတ်တန်း ခိုင်းလွန်းလို့  ဒီနေ့တော့ နားပါစေဆိုပြီး အခန်းကို ပြန် နားခဲ့ရာမှာ နောက်တနေ့မှာ သူဌေးက အလုပ်ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ သူတယောက်ထဲမဟုတ်ဘူး ။ သူအမျိုးသမီးပါ အလုပ်မှထုတ်ခြင်း ခံရပါတယ်။

စူပါချိပ်ကုမ္ပဏီမှာ ဒီလိုမျိုး အလုပ်သမားတွေကို မတရား ခိုင်းစေပြီး မကြာခဏအလုပ်မှ ထုတ်လေ့ရှိပါတယ်။ ဒီလိုမျိုး အလုပ်သမားတွေကို အခွင့်ရေးတွေ ချိုးဖောက်ခံနေရတာကို မြန်မာအစိုးရတွေလဲ သိစေချင်ပါတယ်။ ကျွန်တော် တင်ပြလိုက်သည်မှာစူပါချိပ်ကုမ္ပဏီတစ်ခုတည်းပါ။ တစ်ခြားနေရာတွေမှာလဲ အလားတူ ဖြစ်ပျက်မှုတွေ အများအပြားရှိနေပါတယ်။

ထိုင်းအလုပ်သမားတွေနဲ့မြန်မာအလုပ်သမားတွေဘယ်လောက်ထိ ခွဲခြားဆက်ဆံခံရသလဲ ဆိုရင်ကျွန်တော်ဟိုတယ်တစ်ခုတွင် အလုပ်သွားလျှောက်ပါတယ်။ အလုပ်သမားတွေကိုဧည့်သည်တွေက တစ်ပ် ပိုက်ဆံတွေ ပေးခဲ့ပါတယ်။ အဲဒီပိုက်ဆံကိုအလုပ်သမားတွေရှိသလောက် ဝေမျှရပါတယ်။ ထိုင်းအလုပ်သမားတွေက ၁၀ ပုံမှာ မြန်မာအလုပ်သမားတွေက ၁ပုံပဲ ရပါတယ်။

လွန်ခဲ့သောတစ်လလောက်ခန့်ကမြန်မာတစ်ယောက်ရနောင်းမြို့ကဖူးခက်ကို လာပါတယ်။ ကားလက်မှတ်တွေလဲ ရှိပါတယ်။ ရနောင်းအထွက်မှာ ထိုင်းစစ်သားတွေ ကားပေါ်မှာ တက်စစ်ဆေးပါတယ်။ ထိုင်းလူမျိုးနှစ်ယောက် မတ်တပ်ရပ်နေတာတွေတော့ မြန်မာနှစ်ယေက်ကို ရပ်ခိုင်းပြီး ထိုင်းနှစ်ယောက် ထိုင်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

တစ်ခါတုန်းကစူပါချိပ်ကုမ္ပဏီမှမြန်မာတွေ ရနောင်းမြို့သို့ passport သွားလုပ် ပါတယ်။ ကားပေါ်ကမြန်မာတစ်ယောက်ကို နာမည်ခေါ်တာ မကြားလို့ဆိုပြီး ထိုင်းစစ်သားတွေ ပုံစံပေးတယ် လို့လဲဆိုတယ်။

ထိုင်းတွေ အနိုင်ကျင့်တဲအကြောင်း ကိုရေးမယ်ဆိုရင်တော့ရေးလို့ကုန်မှာမဟုတ်ပါဘူး။မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေသည် ဆိုသော်လည်း မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းနိုင်ငံတွင်နေသရွေ့တော့ အနိုင်ကျင်ခံနေရမယ်ဆိုတာ တင်ပြရင်း မြန်မာအစိုးရလည်း သိစေချင်ပါတယ်။

ထိုင်းနိုင်ငံတွင်ရှိသောမြန်မာနိုင်ငံသားတွေထိုင်းလူမျိုးတို့၏အနိုင်ကျင့်ခြင်းမှ ကင်းဝေကြပါစေ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အနိုင်ကျင့်ခံရခြင်းက ကင်းဝေးကြပါစေ
  1. Yes..They treated our burmese people like that since 1986 until now…We can’t blame only thai , because if our government is good,our people will not suffering like that…Our burmese people who is living in Thailand, singapore,malaysia,japan,Korea,,,they are discriminated..

  2. Why did our Burmese are working in Thailand as labors. They should come back and work in our own country “BURMA”,which is now becomes Democracy country,and rich country with full of resources. That is only our Dreams,because, our people and country is still very poor in the World, only the Generals and their cronies are rich day by day. When will they stepped down,and our life,will be develop???

  3. မြန်မာသံရုံးကို မြန်မာနိုင်ငံ အစိုးရ၀န်ထမ်းများခရီးသွားလာရေးနှင့် ။နှစ်နိုင်ငံအစိုးရစီးပွားရေး အတွက်သာ ဘန်ကောက်မှာ ဖွင့်လှစ်ထားပါသော ကြောင့် နယ်စပ်MOU အရ အလုပ်သမားများကို ထိုင်းနိုင်ငံ အသီးသီးရှိအလုပ်ရုံများတွင် လုပ်လိုပါက မြန်မာသံရုံးအလုပ်သမားရေးရာ တာဝန်ခံ ဦးကျော်ကျော်လွင်ထံသာ ပွဲစားခ ပေးနိုင်ပါက ကြားခံအကျိုးဆောင်ပေးသည် ကျန်တဲ့ ကိစ္စမတိုင်နဲ့ ထို့ အပြင် မြန်မာ့အရေးလုပ်ဆောင်နေသော အထင်ကရနာမည်ကြီးနေတဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေကြတဲ့  မြန်မာနိုင်ငံသားများ …….အဖွဲ့ အစည်းတွေကိုလည်းသွားမတိုင်နဲ့ မြန်မာလူမျိုးလို့ ပြောပြီးတိုင်ရင် မဆဲ ရင်တော့ ဖုန်းပိတ်ပြီသာမှတ်ပါကံကောင်းတဲ့ သူနော် ။ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားအားလုံးကို ပွင့်ပွင့်လင်းလင်းပဲ အသိပေးလိုက်ပါသည်။ပုံ (ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ -ပမကဖ)

  4. မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ဆိုတာ MOU, Demand Letter ပိုက်ဆံရရင်ထုတ်ပေးတဲ့ ပွဲစားပါ။ အလုပ်သမားကိစ္စဖြေရှင်ဖို့ ထိုင်းကိုရောက်နေတာမဟုတ်ဘူး။ ဘယ့်နှယ်ဗျာ သန်းချီရှိတဲ့အလုပ်သမားကိစ္စဘယ်လုပ်နိုင်မလဲ။သန်းချီရမယ့်ဘတ်ငွေတွေပဲယူမှာပေါ့။ ဟဲဟဲ

  5. တခြားကကြားတာတခုကတော့ ဦးကျော်ကျော်လွင်ဆိုတဲ့သူက homo လို့ကြားတယ်
    သူ့မိန်းမကိုလဲတစိမ်းကောင်လေးတွေနဲ့ပေးအိပ်ပြီးသူလဲကောင်ငယ်ငယ်လေးတွေ
    နဲ့အိပ်တယ် ပြောကြတာဘဲ

    မြန်မာ လို့ ပြောရ မှာတောင်ရှက်စရာကြီး

Comments are closed.