သတင်းပဒေသာ

မော်လမြိုင်က ကြီးကျယ်ခမ်းနားတဲ့ စာဆိုတော်နေ့အထိမ်းအမှတ်ပွဲ

ကျော်ဟုန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၂

မော်လမြိုင် စာရေးဆရာများအသင်းနဲ့  စာပေမြတ်နိုးသူများက စုပေါင်းကျင်းပတဲ့ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲကို မောင်ငံရပ်မှာတည်ရှိတဲ့ ( မဟာမြိုင်ပရိယတ္တိစာသင်တိုက်) ဝန်းအတွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ (၂၆)မှ(၃၀)ရက်အထိ (၅)ရက်တိုင်တိုင် ကျင်းပမှာဖြစ်ပြီး ညစဉ်(၇)နာရီမှစတင်ကာ သန်းခေါင်ယံထိ စာပေဟော  ပြောပွဲများပြုလုပ်မှာပါ။

စာပေဟောပြောမယ့်သူများကလဲ စုံလင်လှပါတယ်။ နိုင်ငံရေး၊လူမှုရေး၊ ရုပ်ရှင်၊ စာပေနယ်မှစာရေးဆရာများနဲ့  အတော့်ကို စုံလင်အောင်စီစဉ်ထားကြတာတွေ့ ရမှာပါ။ စာပေအကြောင်းဟောပြောမယ့်သူများကတော့ .. (၁)  မသီတာ(စမ်းချောင်း)၊ ဆရာမ သန်းမြင့်အောင်( နာရေးကူညီမှုအသင်း – ရန်ကုန်)၊ ကိုကိုကြီး (၈၈-မျိုးဆက်ကျောင်းသားအဖွဲ့ ) တို့ က ဒီဇင်ဘာ၊ ၂၆၊ ၂၀၁၂ ၊ ပထမည မှာ ဟောပြောကြမှာပါ။

(၂)  လင်းသိုက်ညွန့် (မြန်မာမြေ)၊ ရဲသျှမ်း၊ တို့ က ဒီဇင်ဘာ ၊၂၇၊ ၂၀၁၂၊ ဒုတိယည မှာ ဟောပြောကြမှာပါ။

(၃)  စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ကျော်ကျော်လှိုင်၊ ဇာဂနာ၊ တို့ က ဒီဇင်ဘာ ၊ ၂၈၊ ၂၀၁၂၊ တတိယညမှာ ဟောပြောမှာဖြစ်ပါတယ်။

(၄)  ကျော်ဝင်း၊ ကောင်းသန့် တို့ က ဒီဇင်ဘာ၊ ၂၉၊ ၂၀၁၂၊ စတုတ္ထညမှာ ဟောပြောမှာပါ။

(၅)  မင်းချမ်းမွန်၊ အဏ္ဏဝါစိုးမိုး တို့ က ဒီဇင်ဘာ၊ ၃၀၊ ၂၀၁၂ ပဉ္စမညမှာဟောပြောမှာလို့ သိရပါတယ်။ စာပေဟောပြောပွဲကို ရုပ်သံမှတ်တမ်းရိုက်ကူးထားမှာဖြစ်ပြီး ဗွီဒီယိုအခွေလဲထုတ်လုပ်ဖြန့် ချီပေးမှာဖြစ်တယ်လို့ ကာတွန်းဆရာ Ath မှ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မော်လမြိုင်မှ ကျောင်းပေါင်းစုံက ကျောင်းသားကျောင်းသူများရဲ့ ကဗျာ၊ ကာတွန်းနဲ့ ပန်းချီများကိုလဲပြိုင်ပွဲ ကျင်းပပေးပြီး ရွေးချယ် ခံရ သူများကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ပန်းချီဆရာ၊ ကာတွန်းဆရာများရဲ့ လက်ရာများကိုခင်းကျင်းပြသမှာဖြစ်သလို ဆုရကျောင်းသူ၊ကျောင်းသားများရဲ့လက်ရာများလဲ စာဆိုတော်နေ့ပွဲလာကြည့်သူများအတွက် ခင်းကျင်းပြသထားမှာဖြစ်ပါတယ်။ စာကောင်းပေကောင်းစာ အုပ် များကိုလဲ စာချစ်သူများရွေးချယ်ဝယ်ယူနိုင်အောင် စာအုပ်ရောင်းပွဲပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခုလို စာဆိုတော်နေ့ ကို စာရေးဆရာစုံစုံလင်လင်နဲ့ မော်လမြိုင်မှာ ပြုလုပ်ကျင်းပနိုင်ခဲ့တာ (၃)ကြိမ်မြောက်ဖြစ်ကြောင်း ကာတွန်းဆရာ Ath က ပြောကြားခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts