ဒီဇင်ဘာ ၂၆၊ ၂၀၁၂
အိမ်ထောင်ဦးစီးမှန်သမျှ..လာရောက်မဲပေးပြီး ဆယ်အိမ်ခေါင်းရွေးပွဲကြီးက ကျင်းပမည်တဲ့..။အရွေးခံ ရတဲ့ ဆယ်အိမ်ခေါင်း ..တွေထဲက မှ ရွာကွက်အုပ်ချုပ်ရေးမှူးကို ရွေးကောက်တင်မြှောက်ရမည်..တဲ့..။ ဒီမိုကရေစီ တပတ်ရစ်နည်းကျ အောက်ခြေကစရမည် ..တဲ့..။
ကြံကြံဖန်ဖန် မေးတတ်သော ရွာအနောက်ပိုင်းက သာဂိက“ရွာကွက် အုပ်ချုပ်ရေးမှူးတွေထဲကနေပြီးတော့ ..ရွာဂံတော်အုပ်ချုပ်ရေးမှူးကော ထပ် ရွေးရဦးမှာလား” လို့ မေးတော့…ဆယ် အိမ်ခေါင်း “မူးအော်”က ကပျာကယာ လက်ကာရှာဧ။်..။
“နိုး..နိုး.. ရွာဂံတော်အုပ်ချုပ်ရေးမှူး အတွက်ကတော့ ရွာဂံတော်အစိုးရအဖွဲ့ က ခန့်ထားပေးမှာလေ။
ခင်ဗျားတို့ အောက်ခြေကနေ စည်းမရှိ ကမ်းမသိ ရွေးပေးလိုက်တဲ့သူကို ရွာဂံတော် အုပ်ချုပ်ရေးမှူးခခန့်လို့ရွာမှာ ငါးပါးတင်မက သံဃာစင် ပါ မှောက်သွားမှာပေါ့.ဗျ”
ဂျီးဒေါ်ကား..နှုတ်မှထုပ်မပြောရဲသဖြင့် စိတ်ထဲမှ “.အော်..ရွာဂံတော် သမဒကြီး..သေသေချာချာ ရွေးခခန့်ထားတဲ့ ရွာထောင်စု အစိုးရလက် ချက်နဲ့ ဟို..လက်ပံတောင်းရွာစုမှာ သံဃာစင်မှောက်ရုံမက..သံဃာစင်ပါ မီးလောင်တိုက်သွင်းခံရတာ..ကိုး” လို့ တိုးတိုးလေး ရေရွတ်မိ သည်။
သာဂိကား နှုတ်ပိတ်မနေ “ဒါဆိုလဲ အရင် အနှစ် (၂၀) တုံးကလို ဆယ် အိမ်ခေါင်းတွေရော..ရွာကွက် အုပ်ချုပ်ရေးမှူးတွေရော.. ခင်ဗျားတို့ ခန့်ချင်သလိုပဲ ခခန့်လိုက်ဗျာ..။ အခုမှ အောက်ခြေက ရွေးရမယ်လေး..ဘာလေးနဲ့..။ တကယ်အရေးကြီးတဲ့နေရာကျတော့ ရွေးလို့ရတာ လဲ မဟုတ်..။အလုပ်ပျက်တယ်..ဗျာ။ဟေ့ကောင်..သားလေး ဖိုးခွါး..အဖေ့ကိုယ်စား..အဲဒီလူတွေထဲက တယောက်ယောက်သာ ကြည့်ရွေးလိုက်စမ်းကွာ..။ အမြီးမပါရင်ပြီးရော…။ ဒင်းတို့က စားဖို့သောက်ဖို့ မပူရဘူး..။ ငါတို့က လက်လှုပ်မှ ပါးစပ်လှုပ်ရမှာ..။သွားမယ်ဟေ့..”
အီသို့ဖြင့် သာဂိကဲ့သို့သော အမျိုးသားအိမ်ထောင်ဦးစီးများမှာ ဆယ်အိမ်ဂေါင်းရွေးပွဲကြီးကျင်းပရာ ရွာထိပ်ညောင်ပင်ကြီးအောက်မှ အ လျှို အလျှို ထွက်ခွါသွားကြရာ..ဂျီးတော်တို့လို အမျိုးသမီးအိမ်ထောင်ဦးစီးများနှင့် ဆော့ကစားနေသော..ဖိုးခွါးတို့လို အိမ်ထောင်ဦးစီးကိုယ် စားလှယ်တော်လေးများသာ ကျန်ခဲ့လေတော့သည်..။
မူလလက်ဟောင်း ဆယ်အိမ်ခေါင်းမူးအော်မှာ သဘောကျနေသော မျက်နှာပြုံးကြီးကို မဖုံးအုပ်နိုင်ရှာပဲ..စိတ်မကောင်းဟန်ဖြင့်..
“ကိုသာဂိတို့ အလုပ်ရှိလဲ သွားကြပေါ့ဗျာ..။ ဒါမှ ..ကျုပ်စီမံချင်တိုင်းစီမံနိုင်မှာ..။ ကဲကဲ..ဆယ် အိမ်ဂေါင်းရွေးပွဲကြီးကို.. စလိုက်ကြစို့..။ ဂျီးဒေါ်တို့ အမျိုးသမီးတွေကတော့ အရွေးခံလို့ မသင့်တော်ပေဘူး။
ဘာလို့လဲ ..ဆိုတော့ ရွာဂံဒေါ်ဖွတ်စီးပုံ အခြေခံဥပဒေအရ..စစ်ရေးအတွေ့ အကြုံ ရှိသူတွေကို ဦးစားပေးရမယ်လေ..နော်။ အမျိုးသမီးတွေ က စစ်ရေး အတွေ့  အကြုံဆိုလို့..သောက်ရေလောက် စစ်တတ်ကြတာကလား”
“ဘာ..ကျုပ်တို့ အမျိုးသမီးတွေ စစ်ရေးအတွေ့ အကြုံ မရှိဘူးပြောရအောင်..။ဘယ်မှာ ဘာစစ်ဖြစ်ဖြစ်ကျုပ်တို့ အမျိုးသမီးတွေ နဲ့ကလေး တွေအရင်ဆုံးခါးစည်းခံရတာ..။ကျုပ်တို့လောက် စစ်ရေးအတွေ့အကြုံရှိတာ..ဘယ်သူရှိမတုံး..။ ဟို..ချုပ်မှူးကြီးတောင် ..ကျုပ်တို့ လောက် စစ်ရေး အတွေ့ အကြုံမရှိဘူး။ မရဘူး.. ကျုပ်..အမျိုးသမီးဆယ်အိမ်ခေါင်းမကလို့ ဆယ့်ငါးအိမ်ဂေါင်း ဖြစ်ဖြစ်.. ၀င်အရွေးခံမယ်..။ ပြီးရင်အမျိုးသမီး ရွာကွက်အုပ်ချုပ်ရေးမှူး ၀င်အရွေးခံမယ်..။ ကျုပ် တအိမ်လုံး ကျုပ်စီမံအုပ်ချုပ်လာတာ..။ ဒီရွာကွက် လောက်တော့ အပျော့ပဲ.”
ဒေါ်အာကျယ် ရဲ့  ခပ်တင်းတင်း လေသံကြောင့် ဆယ်အိမ်ဂေါင်း မူးအော်..တယောက် နဲနဲဖြုံသွားသည်..။ သို့သော်..မသိကျိုးကျွံပြုကာ ဖိုးခွါးတို့ ကလေးတသိုက်ကို ချိုချဉ် တွေဝေရင်း ..သူရွေးစေချင်သည့် လူနံမယ်ဘေးမှာ အမှတ်ခြစ်ဖို့ သင်ပေးနေသည်..။ပြီးမှ..“အမေ အာကျယ်ရယ်..။ အလကား..စိတ်ရှုပ်ခံလို့ဗျာ..။ ဒီ..ဆယ်အိမ်ဂေါင်းတို့…ရွာကွက်အုပ်ချုပ်ရေးမှူးအလုပ်တို့ဆိုတာ..စိတ်ရှုပ်စရာဗျ..။ တော်ကြာ..ဟို..လင်မယားရန်ပွဲက လာတိုင်လိုက်..။ ဟို..အမူးသမားက ဘယ်နေရာမှာ ရမ်းကားဆဲဆိုနေလို့ …ဘာညာကွိကွ တွေ နဲ့..။ ကျုပ်တို့လို …လူမျိုးမှ လုပ်နိုင်မှာ…။ ကျုပ်ကကျုပ်တို့ ဆယ်အိမ်စုမှာ ပြသနာ အရှာတတ်ဆုံးလူလေ..။နေ့တိုင်း..အိမ်မှာမူးပြီး မိန်းမကို ရိုက်ပုတ်တတ်တော့..ကျုပ်မိန်းမကလည်း..တခြားဆယ်အိမ်ခေါင်းကို သွားတိုင်စရာ မလိုတော့ဘူး..။ကျုပ်လဲတခြားသွားအမှုရင်ဆိုင်စရာ မလိုတော့ဘူး..။စရိတ်ငြိမ်းတာပေါ့ ဗျာ”
ဂျီးဒေါ်က စိတ်ပျက်လက်ပျက် လေသံနဲ့.. “ဘုရားရေ..မူးအော်ရယ် နင်..မူးယစ်ရမ်းကားပြီး ရွာကွက်ထဲမှာ..သောင်းကျန်းနေရင်ကော ငါတို့က ဘယ်သူ့သွားတိုင်ရမတုံး”
“ကျုပ်ကိုပဲ လာတိုင်ပေါ့ ဗျ..။ ကျုပ်က မူးယစ် ရမ်းကားလိုက်..။ ရွာကွက်လူထုကတိုင်ရင် ကိုယ့်ဖာသာ အမှု ပြန်စစ်လိုက်ပေါ့..။ ကိုယ့် ပေါင်ကိုယ် လှန်ထောင်းတာ သူများထောင်းတာထက် သက်သာတာပေါ့ ဗျ”
“အေး..နင်တို့အဲလို လုပ်ချင်သလိုလုပ်လို့မရအောင်..ငါ အမျိုးသမီး ဆယ့်ငါးအိမ်ခေါင်း ၀င်အရွေးခံမှာဟဲ့ ..။ အာကျယ်တဲ့..တကျယ်ထဲရှိ တယ်..။ အမျိုးသမီးဆိုပြီး အထင်မသေးနဲ့..”
မူးအော်က..မထီတရီမျက်နှာပေးဖြင့်.. “ခင်ဗျားဟာ ..ခင်ဗျား အချိန်ကုန်ခံပြီး ၀င်အရွေးခံလဲ ခံပေါ့ဗျာ..။ ကျုပ်တို့ ရွာကွက် အုပ်ချုပ်ရေးမှူးက သူပဲ ပြန်အရွေးခံရအောင် သူ့သြဇာခံမယ့်…ကျုပ်တို့လို ဆယ်အိမ်ခေါင်းတွေ အရွေးခံရဖို့.. စီစဉ်ပြီးသား..။
“လဒ..ကျီးမြှောက်..ကျီး..လဒ မြှောက်.”.ဆိုသလိုပေါ့ ဗျာ…။ရွာဂံတော် အုပ်ချုပ်ရေးမှူးကလည်း သူ့စိတ်ကြိုက် မရမချင်း ရွေးကောက်ပွဲ တွေ ထပ်ကာထပ်ကာ လုပ်ပြီး..သူ့စကားနားထောင်တဲ့ ကျုပ်တို့ကိုပဲ ပြန်ရွေးဦးမှာ..ဟဲ..ဟဲ”
ပဲပြုတ်သည် ဒေါ်တုတ်ကလည်း…စိတ်ကုန်လှစွာ ရှုံ့ရှုံ့မဲ့မဲ့နဲ့ “ဒါ့ကြောင့် ရွာဦးစေတီမှာ လဒကြီး တွေ လာနားတာကိုး..။ လဒတွေခေတ်စား နေတဲ့ ခေတ်ကြီးဆိုတော့လည်း..တည်မိတဲ့ဘုရား..လဒပဲ နားနား ..လို့ သဘောထားနေရတာကိုး”
ဒေါ်အာကျယ်ကတော့ အလျှော့မပေး.. “နင်တို့ အဲဒီလို ဒီမိုကရေစီ တပတ်ရစ်ကိုတောင် နည်းလမ်းတကျ မလုပ်ပေးရင်..ငါတို့ကလည်း ဆန္ဒဖော်ထုပ်ပွဲ တွေ လုပ်ပြီး ကခန့်ကွက်မယ်ဟေ့”
“ကန့်ကွက်..ကန့်ကွက်..ဗျာ။ ရွာဂံတော် အစိုးရကြီးတောင်..ဒီလိုပဲ ..အရင်ကအကျင့်တွေမပျောက်သေးတော့ ..ရာဇ၀တ်မှုတွေ ခဏခဏ လုပ်မိတယ်…။ ဖုံးတန်တာ ..ဖုံးပေါ့.။ မီဒီယာခေတ်ကြီးမို့ ဖုံးကွယ်မရတော့လည်း..မသိချင်ယောင် ဆောင်နေ..။မသိချင်ယောင် ဆောင်နေ လို့မရအောင်..မီဒီယာတွေကအော်..ရွာသူရွာသားတွေက အော်လာတော့လည်း..စုံစမ်းစစ်ဆေးရေး ကော်မရှင်လေး..ဘာလေးဖွဲ့ ပေး။ အဲလိုမှ ..မရရင်တော့လည်း…တရားဥပဒေရဲ့  အထက်မှာ ကော အောက်မှာပါ..ကိုယ်ကလွဲရင်..ဘယ်သူမှ မရှိစေရ..ဆိုပြီးတော့..ကိုယ်ပဲ..တရားခံ..ကိုယ်ပဲ တရားသူကြီးလုပ်ပြီး တရားစီရင်လိုက်..။ ဘယ်လောက်ကောင်းလဲ…။ဒါ ရွာဂံတော်တခုလုံး အောက်ခြေအဆင့်ဆင့်ကအစ..အထက် အဆင့်ဆင့်အထိ…လိုက်နာရမယ့် “ကိုယ့်ပေါင်ကို.ထောင်း..ဖွဖွထောင်း..”ဆိုတဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာ..ပေါ်လစီ ဗျ..။ မလိုက်နာနိုင်တဲ့သူတွေ ကို ရွာဂံတော်သမဒကြီးက နောက်တန်းမှာပဲ..ကစားခိုင်း..အဲ..အဲ..ဘောလုံးပွဲနဲ့ ရောသွားပြန်ပြီ….”
“အိုး..ငါကတော့ မတရားတာ ဆို နဲနဲမှ မခံနိုင်ဘူး..။ မိုးထိပဲ ဒူးနဲ့ တိုက်ရ..တိုက်ရ..” အော်ဟစ်နေသော..ဒေါ်အာကျယ်ကို..ဆယ်အိမ်ဂေါင်း မူးအော် လျှော့တွက်လို့ မရမှန်းသိသွားလေရာ..
“ကဲဗျာ..ခင်ဗျား..။ ဒီရွေးဂေါက်ပွဲကို မကျေနပ်ဖူး..ဆိုရင်..ဆန္ဒဖော်ထုပ်တာတွေ..မိုးကိုဒူးနဲ့တိုက်တာတွေတော့ လုပ်မနေပါနဲ့ဗျာ..။ဖွတ်စီးပုံ အခြေဂံဥပဒေ အရ..လူတိုင်း ဆန္ဒဖော်ထုပ်ခွင့် ရှိတယ်..ဆိုပေမယ့်..နည်းဥပဒေဆိုတာကြီးနဲ့ ပြန်ချုပ်ပြီး ပုဒ်မ(၁၈)ကြီး နဲ့ ပြန်ပိတ်ထားတာ..။ဒီလို လုပ်..ကျုပ်တို့  ဒီကိစ္စအတွက်..စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးမယ်..။စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့  ပွင့်လင်းမြင်သာမှု ရှိစေဖို့ လဲ ပွင့်လင်းမြင်သာမှု ကော် မ ရှင် တရပ်လည်း.ဖွဲ့ ပေးဦးမယ်..။ပိုက်ဆံပေးရတာမှ မဟုတ်တာဗျာ..စုံစမ်းစစ်ဆေးရေးကော်မရှင်တင်မကဘူး.. “မစုံမစမ်း ရမ်းသမ်းရှော့ကော်မရှင် ”
တို့ “့..စုံစမ်းချင်ရာစုံစမ်း..တို့က စုံလုံးကန်းကော်မရှင်”တို့ ..အိုး..နံမယ်အမျိုးမျိုးနဲ့ကို ပေါပေါသောသော ဖွဲ့ ပေးဦးမှာ…။သူတို့စုံစမ်းစစ်ဆေး နေတုံး..ကျုပ်တို့လဲ လုပ်ချင်ရာလုပ်ဖို့ အချိန်ရတယ်..။”
ဆယ်အိမ်ဂေါင်း မူးအော်က လည်ချောင်းတချက် ရှင်းလိုက်ရင်း…
“အဟမ်း..အဟမ်း အခု.. စုံစမ်းစစ်ဆေးရေး ကော်မရှင်..ကိုတော့ အများ ယုံကြည်အောင်.. သမာသမတ်ကျတဲ့ ဂျီးဒေါ်ကို ဥက္ကဌခန့်ပေး မယ်..။အဖွဲ့ ဝင်တွေကတော့..ကျုပ်မိန်းမရယ်..ကျုပ်သမီးရယ်. ကျုပ်သားရယ်ပေါ့..ကျေနပ်တော့နော်.။ အော်..နောက်ပြီး ဒီကိစ္စတွေ စုံ စမ်းရာမှာ ပွင့်လင်းမြင်သာမှု ရှိအောင်.စစ်ဆေးနိုင်ဖို့. ဖွဲ့ ပေးတဲ့ ပွင့်လင်းမြင်သာမှု.ကော်မရှင်မှာ… ဥက္ကဌကတော့ ..ကျုပ်ပေါ့ ဗျာ”
“ ဟင်..ပွင့်လင်းမြင်သာမှုကော်မရှင်ဥက္ကဌ ကလည်း..နင်ပဲ ဆိုတော့..ပွင့်လင်းမြင်သာမှုက တော်တော် ရှိမယ်..ပိန်းပိန်းပိတ်ကော်မရှင်လို့သာ နံမယ်တပ်လိုက်တော့။စုံစမ်းရေးကော်မရှင် ကလည်း..အများသဘောကျ တဲ့ ဂျီးဒေါ်ကလွဲလို့ ကျန်တာတွေကနင့်မိသားစု ၀င်တွေချည်းပဲ..”
“အော်..ဒေါ်အာကျယ်ရယ်..ရွာဂံတော် အဆင့် သယံဇာတထုပ်ဖော်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုကော်မရှင်မှာတောင်..ရွာဂံတော် သယံဇာတတွေ အများဆုံး ခိုးထုပ်ရောင်းစားနေတဲ့..သူခိုးသီရိသူ့ ဓါးမ..ငတက်ပြားဦးပိုင်ကို ..ဥက္ကဌ ခခန့်ထားသေးတာ..။ဒီလောက်တော့ အပျော့ ပေါ့ နော်..။ဒါ..ရွာဂံတော် တခုလုံး အထက်အောက် တပြေးညီ ကျင့်သုံးနေတဲ့..ပေါ်လစီဗျ..။မလိုက်ပါလိုသူတွေ ..…နောက်ပြန်လှည့်ချင်လား….နောက်တန်းမှာပဲ ကစားခိုင်းမယ်..။ဒါပဲ…”
that right.
Ko Gyaw Dee,
Straight to the point. Good job.