ကမာပုလဲ

ရု ပ် ကြွ င်း

ကမာပုလဲ
ဒီဇင်ဘာ ၂၇၊ ၂၀၁၁

တစုံတယောက်ဟာ
မင့်နှလုံးသားထဲ ပျော်ဝင်ရှင်သန်နေခဲ့
သံသယနဲ့ ငဲ့မကြည့်နဲ့ကွယ် …။

မင့်အသက်ရှိုက်သံမှာ
သူ့ရင် … လှိုင်းတို့တဖျပ်ဖျပ်
စီးဝင်လာတဲ့ မြစ်တစင်းပေါ် … သူ့အသက်လှေ။

ညကို နှင်းဆီနီနီပန်ပေးလိုက်
တကယ်တော့ သက်တံဆိုတာ ထင်ယောင်မြင်မှားမှုပါ
မမြဲဘူး …ဒါပေမဲ့ … ဖြားယောင်းနိုင်စွမ်းရှိတယ်။

နံနက်ခင်းရဲ့ အရှေ့ဘက်မိုးကောင်းကင်
တညလုံး ချိတ်ဆွဲထားတဲ့ မီးပြတိုက်က မီးအိမ်ငယ်ကလေး
သင့်အမည်နာမကို ကိုယ်ကိုယ်တိုင် ရေးထိုးထားခဲ့မယ် …
“အချစ်”လို့… ။          ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရု ပ် ကြွ င်း
  1. ကဗျာလေးလည်း ကောင်းသလို ..
    ပန်းချီကားလေးလည်း လှပါတယ်ဗျာ…
    ပန်းချီဆရာ သိခွင့်ရရင် သိချင်ပါတယ်…

    ကိုဇင်ဇေ (STG)

Comments are closed.