ကဗျာ

ဠ င်း တ နား နိ မိ တ်

ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဒီဇင်ဘာ ၂၆၊ ၂၀၁၂
အသိဉာဏ်ကင်းမဲ့တဲ့ ဠင်းတ
အတောင်နဲ့ ခရီးသွား
အကောင်ပုပ်များ တွေ့ ရင်
ရွေတိဂုံတွင်မက
သင့်အိမ်ဝင်းအတွင်းပင် ကျလိမ့်။

ဘယ်နေရာကျကျ
အချိန်ကုန်ကာ
နိမိတ်တွေ ရှာမနေကြနဲ့ ။
တိရိစ္ဆာန် ဠင်းတကြောင့်
သင့်ဘဝ သင့်ဒေသ
ပျက်စရာအကြောင်းမရှိ။

အသိဉာဏ်မရှိတဲ့
ဠင်းတလို လူမျိုးများ
သင့်အမျိုးကြား ကျကာ
ခေါင်းဆောင်နေရာထား
ကိုးကိုယ်မှု မှားပြီဆိုရင်တော့
သင်နေရာဒေသ
ချွတ်ခြုံကာ မွဲပြာကျပြီး
သင့်ဘဝဟာလဲ
ဒုက္ခ အထွေထွေနဲ့ 
မလွဲမသွေ ကြုံရလိမ့်။

သရုပ်ဖော်ကာတွန်း – စောငို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts