ကျော်သူ နဲ့ နာရေးကူညီမှုအသင်း ကြော်ငြာကဏ္ဍ

လူသားအကျိုးပြုသင်တန်းများ တက်နိုင်ပြီ

ဒီဇင်ဘာ ၁၇၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်)၌ မကြာမီတွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းရပ်များအား အများပြည်သူလူထုတို့အနေဖြင့် စိတ်ဝင်စား၍ သော်၎င်း၊ ဗဟုသုတအနေဖြင့်သော်၎င်း၊ ပညာရပ်တစ်ခုအနေဖြင့် သော်၎င်း၊ လူသားများနှင့် ကင်းကွာ၍မရနိုင်သော လူသားအကျိုးပြု ပညာရပ်များအား အောက်ပါနေ့ရက်၊ အချိန်များတွင် လာရောက်၍ လေ့လာသင်ကြားနိုင်ပါကြောင်း အထူးသတင်းကောင်းပါးအပ်ပါသည်။

● ပျော်ရွှင်စာသင်ကျောင်းဖွင့်နည်း
ဒေါ်ယမင်းဇော် (Diploma of Children’s Service Australia) မှ သင်ကြားပို့ချမည်ဖြစ်သည်။

နေ့ရက်   – ၂၈.၁၂.၂ဝ၁၂ (သောကြာနေ့)
အချိန်    – ညနေ (၃းဝဝ) နာရီမှ (၅းဝဝ) နာရီအထိ
ရည်ရွယ်ချက်  –
(က) မိမိနေအိမ်မှနေ၍ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာနိုင်ရန်။
(ခ) အခြေခံပညာတတ်ရုံမျှဖြင့် အသက်အရွယ် ကန့်သတ်ချက်မလို မိမိအားသည့် ကိုယ်ပိုင်အချိန်တွင် အလုပ်လုပ်နိုင်ရန်။
(ဂ) ကလေးထိန်းမဟုတ်ပဲ ကလေးများ၏ အရည်အချင်းကို မြှင့်တင်ပေးနိုင်သော ဆရာ ဆရာမကောင်းများ ဖြစ်လာစေရန်။
(ဃ) ငွေကြေးများစွာ မြှပ်နှံစရာမလိုပဲ တန်ဖိုးနည်းပစ္စည်းများကိုသုံး၍ ကိုယ်ပိုင်စီးပွား ရေးလုပ်နိုင်ရန်။
(င) ကလေးများ၏ စဉ်းစားတွေးခေါ်လိုစိတ်၊ ဖန်တီးလိုစိတ်၊ မိမိကိုယ်ကို အားကိုးယုံ ကြည်စိတ် စသည်တို့ရရှိနိုင်စေရန်။
(စ) မိမိတတ်နိုင်သော ငွေကြေးပမာဏဖြင့် မိမိရင်သွေးငယ်လေးများ ဖွံဖြိုးတိုးတက် စေရန်နှင့် ယုံကြည်စွာအပ်နှံနိုင်သောနေရာ ရရှိနိုင်ရန်။
(ဆ) အထူးသဖြင့် သင်တန်းဖွင့်မည့် ဆရာ/မများအတွက်၎င်း၊ ကလေးမိဘများအတွက် ၄င်း၊ ငွေကြေးများစွာ သုံးစွဲစရာမလိုပဲ အရည်အချင်းရှိသော ဆရာ/မများစွမ်းရည် တိုးတက်၍ မိမိကိုယ်ကိုယုံကြည်စွာဖြင့် ပျော်ရွှင်သော ကလေးငယ်များ ဖြစ်ထွန်း လာစေရန် ရည်ရွယ်ပါသည်။
x   x    x    x    x

● First-Aid & CPR
ဒေါက်တာ ဦးနေဝင်းအောင် (Australia)၊ ဒေါက်တာကျော်တင်လတ်(U.S.A) တို့မှ သင်ကြားပို့ချ မည်ဖြစ်သည်။

နေ့ရက်   – ၂၉.၁၂.၂ဝ၁၂ (စနေနေ့)
အချိန်    – နံနက် (၉းဝဝ) နာရီ

ရည်ရွယ်ချက် – (Mouse to Mouse) အသက်ရှူကူခြင်း၊ နှလုံးနှိုးစက် အသုံးပြုနည်း၊ အသက်ရှူ လမ်းကြောင်းသို့ အစားအသောက်၊ အကြွေစေ့၊ ကစားစရာအရုပ်ငယ်လေးများ ပိတ်ဆို့ခဲ့ပါက အသက်ကယ်တင်ခြင်း၊ သွေးထွက်လွန်သူအား (၅) မိနစ်မှ (၁ဝ) မိနစ်အတွင်း သွေးအမြန်တိတ် နည်း၊ မီးလောင်ဒဏ်ရာအား အရေကြည်ဖုထွက်ရှိမှုအား နာကျင်မှုမရှိစေခြင်း၊ လောင်မြိုက်၍ စားခြင်း စသည့်လူနာများအား ဆေးရုံ (သို့) ဆေးခန်းများထံသို့ မရောက်မီ လူနာအားသက်သာ စေရန် အချိန်မှီကယ်တင်နိုင်ရန် နည်းလမ်းများနှင့် မြွေကိုက်ခံရသူများအား အရေးပေါ်ရှေးဦးပြုစု နည်းများနှင့် ပြည်ပနိုင်ငံတွင်အသုံးပြုသည့် ကုထုံးနည်းစနစ်သစ်များအား သင်ကြားပို့ချမည် ဖြစ်သည်။
x   x    x    x    x

● TOT (ဆရာ/မများအတွက်သာ)
နေ့ရက်   – ၂၆.၁၂.၂ဝ၁၂ ရက်နေ့မှ ၂၈.၁၂.၂ဝ၁၂ ရက်နေ့အထိ
အချိန်    – နံနက် (၉းဝဝ) နာရီမှ ညနေ (၃းဝဝ) နာရီအထိ
x   x    x    x    x

 ● Accounting Course (LCCI)
ဆရာ ဦးနေလင်းအောင် (B.Com, C.P.A, FLCCI (London-UK)

လျှောက်လွှာလက်ခံမည့်နေ့ – ၆.၁.၂ဝ၁၃ (တနင်္ဂနွေနေ့) အထိ
ပို့ချမည့်ဘာသာရပ်  – LCCI 1st & 2nd Level Book-Keeping
တက်ရောက်ရမည့်နေ့ရက်  – ၇.၁.၂ဝ၁၃ ရက်နေ့မှစ၍ အပါတ်စဉ် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)
တက်ရောက်ရမည့်အချိန်    – နံနက် (၁ဝးဝဝ) နာရီမှ (၁၂း၃ဝ) နာရီအထိ
(ဓါတ်ပုံ (၂) ပုံနှင့်အတူ လူကိုယ်တိုင်လာရောက် လျှောက်ထားရန်)
x   x    x    x    x


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts