ကဗျာ ကမာပုလဲ

တနေ့မှာ ပြန်လည်ဆုံဆည်းကြဖို့ …ချိန်းဆိုထားခဲ့တဲ့ … အမေနဲ့ သား

တနေ့မှာ ပြန်လည်ဆုံဆည်းကြဖို့ …ချိန်းဆိုထားခဲ့တဲ့ … အမေနဲ့ သား

ကမာပုလဲ၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၂

စာမတတ်တဲ့ မိန်းမကြီးက

တနေ့ သူ့သား ပြန်လာမှာကို သူသိတယ်

ဒါကြောင့် သူမသေခင်ကနေ သေသည်အထိ

သူ့သားပြန်လာရင် သားကိုတွေ့နိုင်ဖို့ အုတ်ဂူတလုံးစာ ငွေစုတယ် …။

အဲဒီငွေစ … သူတပါးမျက်ရည်စတွေ မပါဘူး

သူ့ချွေးနည်းစာ အိုစာမင်းစာကလေး ဓါတ်စာမစားဘဲ စုခဲ့သတဲ့ …။

အဲဒီ အုတ်ဂူကလေး

သူ့ဇာတိမြေမှာ ရှိနေတယ်

သူမ ဂူထဲမှာ သူ့သား ပြန်အလာကို စောင့်လို့နေတယ် …

သူမရဲ့ သား … လမ်းမမှားပါဘူး

(သူမရဲ့ သား … အိမ်ကို သိပ်ပြန်ချင်တာပေါ့)

ဒီလို အခင်းအကျင်းပျက်ကြီးနဲ့ … အိမ်ပြန်ခဲ့ရင်

အုတ်ဂူထဲက … မိန်းမ

သူ့အရိုးပုံကနေ … တုတ်တချောင်းနဲ့ ထချလေမလား

သူ့သား …. အိမ်ပြန်လို့ ဖြစ်ကို မဖြစ်သေးဘူး … ။

အဲဒီ တစပြင်မှာ ဇရပ်အိုကြီးတဆောင် ရှိတယ်

အဲဒီဇရပ်အိုကြီးနားမှာ ညောင်ပင်ကြီးတပင် ပေါက်ရောက် ရှင်သန်နေတယ်

အဲဒီညောင်ပင်ကြီးမှာ ညောင်သီးအတွက် ငှက်တွေ နားနားနေကြတယ်

ည … ည … လသာတတ်တဲ့ ည တွေမှာ …

ခွေးလေ ခွေးလွင့်တွေက … အလွမ်းအူသံ ရှည်တတ်တယ်။။

ကမာပုလဲ
၁၆၊ ၁၂၊ ၂၀၁၂

(Photo Credit – Dlugalay)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts