မိုးမခကို ပေးတဲ့စာ

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး ဆန္ဒခံယူပွဲများ အစိုးရ စည်ပင်နဲ့ လျှပ်စစ်ဌာန အလွဲသုံးစားမှုများ။ သန်းရွှေလမ်းညွှန်ချက်နဲ့ ဟင်္သာတဆေးရုံ

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး ဆန္ဒခံယူပွဲများ အစိုးရ စည်ပင်နဲ့ လျှပ်စစ်ဌာန အလွဲသုံးစားမှုများ။ သန်းရွှေလမ်းညွှန်ချက်နဲ့ ဟင်္သာတဆေးရုံ

ဟင်္သာတမှ ပေးစာများ၊ ဒီဇင်ဘာ ၁၆၊ ၂၀၁၂

တောင်ပို့တရာကျေးရွာ ရွေးကောက်ပွဲ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် တောင်ပို့တစ်ရာ ကျေးရွာအုပ်စုတွင် ရပ်မိရပ်ဖရွေးချယ်ရာ၌ လက်ရှိတောင်ပို့တစ်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး ဦးခင်ဦး မှ ပြည်သူလူထု၏ ဆန္ဒမပါပဲ ရွေးချယ်ခဲ့ကြောင်း ကြားသိရသည်။ ထိုတောင်ပို့တစ်ရွာကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၁) ရွာရှိရာ ယခုအုပ်ချုပ်ရေးမှုးလုပ်နေသောဦးခင်ဦးမှာ ရွာသူရွာသားများအား  ခေါ်ယူ၍ ဆန္ဒတောင်းခံခြင်းမရှိပဲ (၁)ဦးမြအုန်း-ဇကာရပ်၊ (၂)ဦးအုန်းမြင့်-သရို့ဝကျေးရွာ၊ (၃)ဦးအောင်ညွန့်-သရက်နှစ်ပင်ကျေးရွာ၊ (၄)ဦးမောင်စိုး-ထောက်ကြန့်ကျေးရွာ၊ (၅) ဦးကျင်ဟန်- ၀ါသလကျေးရွာနေသူတို့အား သူ၏သဘောဆန္ဒဖြင့် ရွေးချယ်ခဲ့ပြီး မြို့နယ်သို့ တင်ပြ အတည်ပြုချက်ယူခဲ့ကြောင်း ကြားသိရပါသည်။ ထို့ကြောင်းကျေးရွာသူကျေးရွာသားများမှာကျေနပ်မှု မရှိ၍ ပြန်လည်ရွေးချယ်ပေးပါရန် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှုးအား လိပ်မှု၍ တိုင်ကြားထားကြောင်းသိရှိရပါသည်။

ပန်းပဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ် ပန်းဘဲတန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးကော်မတီ၊ ဆယ်အိမ်စုမှူး စသည်တို့ ရွေးချယ်ရာတွင် အများပြည်သူတို့ အား အသိပညာပေးမှူမရှိဘဲ ဥပဒေနည်းလမ်းအတိုင်းတိကျစွာ ဆောင်ရွက်လုပ်ဆောင်ခြင်းမရှိ၊ ဖြစ်သလို လုပ်ဆောင်နေကြသည်ကို စိတ်မကောင်းခြင်းများစွာဖြင့်တွေ့ ရှိနေရပါသည်။

ပထမနေ့ ရက်တွင် အိမ်တိုင်းအိမ်တိုင်းအား အစည်းဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့ ပါသည်။ထိုနေ့ တွင် ရပ်မိရပ်ဖ ၅ ဦးကိုရွေးချယ်ပြီး သည့်တိုင် ရပ်ကွက်နေပြည် သူတို့ မှာ မည်သူ့ ကိုရွေးချယ်ခဲ့ ကြောင်း တိတိကျကျမသိရှိခဲ့ ရပါ၊ ယခုရက် ပိုင်းတွင်လည်း ထိုရပ်မိရပ်ဖဆိုသူလူကြီးများနှင့်  ယခုလက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက လမ်းသွယ်များရှိ အိမ်များသို့ လိုက်လံ၍ ၄င်းတို့ ထံတွင်အသင့်ပါလာသော ဆယ်အိမ်စုမှူး အမည်စာရင်းများကိုပြ၍ လက်မှတ်ထိုးခိုင်းနေသည် ကိုတွေရှိနေရပါသည် ။
ထိုခန့် ထားသည်ဆိုသည့် ဆယ်အိမ်မှူးတစ်ချို့ မှာ ရပ်ကွက်တွင်း ရိုးသားကြိုးစားသူများ မဟုတ်ကြပဲ သူတို့ သဘော သူတို့ ကြိုက်သလို ရွေးချယ်ပြီးမှ လက်မှတ်လိုက်ထိုးခိုင်း နေပါသည်။ တချို့ ဆိုလျှင် ကိုယ့်လမ်းက အဘယ်သို့ သောလူကို ဘယ်အချိန် ဆယ်အိမ် စုမှူးခန့် လိုက်သည်မသိ လက်မှတ်ထိုးခိုင်းသောအခါ မျက်နှာနာရမည်စိုး၍ ဘာမှန်းညာ မှန်းမသိပဲ လက်မှတ်ထိုးလိုက်ရသည်ဟု ပြောဆိုနေကြပါသည်။

ယနေ့ အချိန်အခါသည် သမ္မတကြီးကိုယ်တိုင် ဒီမိုကရေစီလမ်းကို အားသွန်ခွန်စိုက် ကြိုးပန်းဆောင်ရွက်နေသောအချိန်ဖြစ်နေသည်ကို အားလုံးသိရှိပြီးဖြစ်သည် အခြေခံဥပဒေမှာလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းဥပဒေများကို လွှတ်တော်တွင် အတိအလင်း ပြဌါန်းပြီးဖြစ်သည်။သို့ သော် အများပြည်သူများမှာ တိတိကျကျရေရေရာရာ မသိကြတော့ ဒါကိုအခွင့်ကောင်းယူပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ခြင်း မရှိ လုပ်ချင်တိုင်း လုပ်ဆောင်နေကြသည်ကို နိုင်ငံတော်သမ္မတကြီးနှင့် ခရိုင် မြို့ နယ် မှ သက်ဆိုင်ရာလူကြီးမင်းများ သိစေချင်ပါသည် ။


ဟသာင်္တက ခင်းလိုက်တဲ့လမ်း၊ တောင်းလိုက်တဲ့ အခွန်အခ

ဟင်္သာတပြည်သူတွေရဲ့  ဟင်္သာတမြို့ ကစည်ပင်နဲ့  လျှပ်စစ်ဌာနတို့ အကြောင်းရင်ဖွင့်သံ

စည်ပင်သာယာကလည်း ကျွန်မတို့ ဟင်္သာတမှာ လမ်းတွေခင်းနေလိုက်တာရှင် မသိရင် တော့ တော်တော်ကြီုးစားတာပဲလို့ ထင်ကောင်းထင်မိမှာပဲ။ သေချာလေ့လာလိုက်တော့မှ ပြည်သူတွေရဲ့ ရင်ထဲကစကားကြားရတော့မှ ပြည်သူတစ်ယောက်ပြောတာကတော့ အခု လက်ရှိလမ်းမကြီးတွေရဲ့  ဘေးတစ်ဖက်တစ်ချက်မှာ ၅ ပေလောက်ရှိတဲ့ လမ်းတိုးချဲ့ မှူတဲ့ ရှင်။ သွားကြည့်စမ်းပါအုံး။ လုပ်ထားလိုက်တာ …

ကျောက်တုံးတွေကိုစီပြီး လမ်းကြိတ်စက်နဲ့ ကြိတ်၊  ပြီးတော့ သဲတွေဖုံး၊ လမ်းကြိတ်စက်နဲ့  ၁ခါ လောက်ကြိတ်၊ ဒါနဲ့ လမ်းတိုးချဲ့ တာပြီးသွားရော။ သဲတွေတစ်လုံးလုံး ဖုံတွေတစ်ဝုံးဝုံးနဲ့ ၊ ချဲ့ ထားတဲ့ နေရာကကျောက်တုံးတွေဆိုရင် ဗလပွ ဟိုရောက်ဒီရောက် ပြန့် ကြဲလို့ ။ အဲဒိနေရာကိုချဲ့ ရတဲ့ ကျောက်ခဲ၊သဲ၊ အလုပ်သမားတွေ တစ်အုံးအုံးနဲ့ ၊ အသုံးပြုရတဲ့ နေ့ စဉ်လုပ်အားခ၊ လမ်း ကြိတ်စက် အတွက် စက်သုံးဆီစာရိတ်၊ လမ်းမကြီးတွေဘေးကိုချဲ့တဲ့ အားလုံးသော ကုန်ကျစရိတ်တွေကို ပေါင်းလိုက်ရင် မြီု့ ထဲ က အဓိကလမ်းမကြီးတွေ ကို ကောင်းကောင်း ပြုပြင်မွန်းမံလို့ ရတာပေါ့ရှင်။

လျှပ်စစ်ဌါနကရော …

မီတာတွေ လျှောက်တိုင်း ချပေးနေတာ ကောင်းလှပြီလို့  အားလုံးအမြင်မှာတော့ ထင်ကြမှာပဲလေ၊ တကယ်တော့ မီတာတစ်လုံး ချပေး လိုက်တာနဲ့  လျှပ်စစ်ဌာနက အကြီးအကဲတွေရော အောက်ခြေက လိုင်းမင်းပါ သောင်းနဲ့ ချီပြီးရကြတာ။ မီတာ ၁လုံးလာလျှောက်ပြီ ဆိုရင် မီတာပေးသင့် မပေးသင့် ကွင်းဆင်းပြီးကြည့်တော့ ကြည့်ပါရဲ့ … ကြီုး ၁ခွေကျော်ရင် မီတာချမပေးဘူး။ အဲဒိတော့ မီတာလိုချင်သူက ကိုယ့်ဆွေမျိုးသားချင်း ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်က ကြီုး၁ ခွေ အကွာအဝေးမှာရှိတယ်ဆိုရင် ၂ဦးသား တိတ်တိတ်ပုံး သဘောတူညီချက်ယူကြပြီး အဲဒိအိမ် နံမည်နဲ့ လျှောက်လိုက်တယ်။

အဲ တာဝန်ရှိသူက ကွင်းဆင်းစစ်ဆေးပြီးမီတာချပေးလိုက်တယ်။ မီတာတပ်ဆင်တဲ့  ကန်ထရိုက်ကလဲ အားလုံးသိနေတယ်။ အဲဒိအမည်ပေါက်အိမ်ကနေ တစ်ဆင့် မူလ ငွေကြေးကုန်ကျခံသူဆီကို ဆက်ပြီးသွယ်ပေးလိုက်ရော။ အဲဒိမှာလဲ သောင်းနဲ့ ချီပြီးပေး။ အဲ အချိန်တန်လို့  လူ့လောဘကတက်လာတော့ အမည်ပေါက်တဲ့အိမ်ခံက သူမီတာမို  သူသာပိုင်ဆိုင်ကြောင်းပြောလာလို့  ရက်ကွက်ရုံးမှာ တက်ပြီးဖြေရှင်းရတဲ့ ပြသနာတွေ တစ်ပုံကြီး ။

        အခုနောက်ပိုင်း မီတာတွေချချင်တိုင်းချပေး အိမ်တွေကို ရောက်ရှိလျှပ်စစ် ဗို့ အားကို ကြည့်လိုက်အုံး ၁၂၀ … ၁၄၀။ အများဆုံး ၁၆၀..၁၈၀ပေါ့။ အဲသည် ချို့ယွင်းချက်တွေကြောင့် ပြည်သူတွေ နစ်နာရတာတွေ၊ တိုင်းပြည်နစ်နာရတာတွေကို သမ္မတကြီး ကို တင်ပြလိုက်ချင်ပါတယ်။

ဟင်္သာတခရိုင်ဆေးရုံဝင်ပေါက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လမ်းညွှန်နေဆဲ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဝင်ပေါက် အဝတွင် နေရာယူထားသော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက် ဆိုင်းဘုတ် သည် ယနေ့တိုင် ခန့်ညားထည်ဝါစွာ တည်မြဲလျှက် ရှိကြောင်း တွေ့ရှိရသည်။

“အရင်အစိုးရ လမ်းညွှန်ချက်တွေက ပြည်သူကို ဘယ်လို အကျိုးပြုသလဲ ဆိုရင် ဆင်းရဲသား အနားမကပ်နိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပဲ ရတယ်။ ငွေ မျက်နှာ ကြည့်တဲ့ ဆေးရုံတွေပါ။ ပြည်သူ့ဆေးရုံ လို့ မခေါ်သင့်ဘူး။ ပြည်သူ့ ဘဏ္ဍာငွေနဲ့ ပြည်သူ့ကို စောင့်ရှောက်တာမှ မဟုတ်တာ။ ငွေ ပေးမှရတော့ သူလဲ ပုဂ္ဂလိကဆေးရုံပါဘဲ။ လက်ရှိအစိုးရအထိ ငွေရှိသူနဲ့ ငွေမရှိသူ ဆေးရုံတက်ရင် တော်တော် ကွာပါတယ်။ တက်ကြည့်ဘူးတဲ့ လူတိုင်း သိသာပါတယ်။ ဘယ်လို ဆက်ဆံ ခံရသလဲ… ဒါတွေ မပြောင်းနိုင်သေးတာ ပြည်သူတွေအတွက် အနှုတ်လက္ခဏာ တစ်ရပ်ပါဘဲ”

ဟု ဟင်္သာတ ဆေးရုံတက် ကုသဖူးသူတစ်ဦး က ပြောသည်။

ယခင်စစ်အစိုးရ၏ နောက်ကွယ်မှ ကြိုးကိုင်နေမှုများ ရှိ၍သာ လက်ရှိ အစိုးရလက်ထက်အထိ ယခုလို လမ်းညွှန်ချက်များ တခမ်းတနားဖြင့် ကျန်ရှိ ထားရှိနေရသည်ကို ဟင်္သာတပြည်သူ့ဆေးရုံ အဝင်ဆိုင်းဘုတ်က သက်သေ ပြနေပါကြောင်း၊ စစ်အစိုးရ၏ ဗိုလ်ချုပ်မှူးကြီး ဓါတ်ပုံများ မလွဲသာ မရှောင်သာ ဖယ်ရှားပေးခဲ့ရခြင်းကြောင့် ယနေ့ထက်တိုင် အထိ ဆိုင်းဘုတ်အချို့အား တပ်ဆင်ခွင့် ပြုထားသည်မှာ ဖြစ်နိုင်ကြောင်း ဝေဖန်စကားများ ရှိနေသလို ဟင်္သာတဆေးရုံအုပ် ကြီးမှ လက်ရှိအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆက်လက်ထားရှိစေတာလား၊ အာဏာရှင် စစ်အစိုးရ၏ ဘက်တော်သား ပေလား၊ အလိုလိုက် အကြိုက်ဆောင်နေတာလား ဟူသော မေးခွန်းများစွာလည်း တီးတိုးထွက်ပေါ်နေကြောင်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts