ဓာတ်ပုံသတင်း

ကချင်ပြည်နယ် စစ်ဘေးသင့်ဒုက္ခသည်များအတွက် ရန်ပုံငွေဈေးရောင်းပွဲ အောင်မြင်

ဓာတ်ပုံသတင်း၊ Photos by SFBC Organizers၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂
ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဒေလီစီးတီး၊ စရီမွန်တီ၊ Little Theater ရိပ်သာမှာ မြန်မာပြည်က ကချင်စစ်ပြေးဒုက္ခသည်များ ကူညီရေး ဈေးရောင်းအလှူပွဲတော် ကျင်းပခဲ့ရာ ဧည့်ပရိသတ် ၅၀၀ ကျော်နှင့် ဈေးဆိုင်ပေါင်း ၂၀ ခန့်ဖြင့် ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။

ကချင်စစ်ဘေးသင့်ဒုက္ခသည်များအတွက် ရန်ပုံငွေ ဈေးရောင်းပွဲကို San Francisco Kachin Baptist Church (USA), Citizen of Burma San Francisco Branch, Free Kachin Campaign, Kachin Heritage နှင့် United Ethnic Nationalities Association စတဲ့ အဖွဲ့အစည်းများအပြင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပညာရှင်များကလည်း ၀ိုင်းဝန်း မတည်ခြင်း ပြုခဲ့ကြသည်။ ဟောပြောပွဲတွင် Duwa Howa Ja La နှင့် ဦးမင်းဇင်တို့က ကချင်ပြည်နယ်အရေး ပြောဆို ဟောပြောခဲ့ကြသည်။ ကချင်စစ်ဘေး ဓာတ်ပုံပြပွဲကိုလည်း လူအများက စိတ်ဝင်တစား ကြည့်ရှုအားပေးကြသည်ကို တွေ့ရသည်။

San Francisco Burmese Community Organizers and Friends မှလည်း စုပေါင်း ကောက်ခံရရှိသော အလှူငွေ အမေရိကန်ဒေါ်လာ ၄၂၀ ကိုလည်း လှူဒါန်းနိုင်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts