ကဗျာ

အိမ်တံခါးများ ဖွင့်ထားသည် (Kyaw Moe)


အိမ်တံခါးများ ဖွင့်ထားသည်
ကျော်မိုး (စကားဝါမြေ)၊ ဒီဇင်ဘာ ၈၊ ၂၀၁၂

လာခဲ့ပါ အမေအေး
မြန်မာဆိုတဲ့ရွာက မမေ့သေးပါဘူး
အမေ့တေးတွေဟာ
မြို့ကျေးရွာ ပျံ့ကာပ
လွှမ်းဖြာကျ လှည့်မြူး ။

ထူးပါဘိ “မာမာအေး” အသံ
ချိုအေးကြည်ပြန်
သီဆိုဟန် လွန်ခန့်ညား
သံစဉ် စာသား
စည်နဲ့ဝါး အခြေခံ
ဂီတရဲ့ဟန်
နိုင်ငံကျော် ပြိုင်စံရှား
မြန်မာပြည်ဖွား

ကြိုးစားတဲ့ သူ့လိုလူ
ချစ်ကြ ပြည်သူ
ကြည်ဖြူစွာ ဖွင့်လျက်ထား
တို့အိမ်တံခါး ။       ။

6.12.2012(Thu)
မြန်မာပြည်တွင် ကျွနှ်ပ်အနှစ်သက်ဆုံးနှင့် အကြိုက်ဆုံးအဆိုတော် အမေဒေါ်မာမာအေး ။

(Photo – Mar Mar Aye greeted by friends at Yangon Airport, 7th Dec 2012)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts