ဝါရှင်တန်ဒီစီ မက်ထရို မြန်မာကွန်မြူနီတီ လက်ပံတောင်းတောင်အရေး ဆန္ဒပြမည်
မိုးမခရွာဆော်ကြီး၊ ဒီဇင်ဘာ ၇၊ ၂၀၁၂
“လူ့အခွင့်အရေး အကြမ်းဖက်မှုအား ပြင်းပြင်းထန်ထန် ရှုတ်ချကြစို့” ဟု ကြွေးကြော်သံဖြင့် အောက်ပါအတိုင်း ဖိတ်ခေါ်ထားသည်ကို တွေ့ရှိရသည်။
ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများ နှင့် နယူးယောက် မြန်မာ့အရေးလှုပ်ရှားသူများကလည်း ၀ါရှင်တန်ဒီစီ မက်ထရို မြန်မာမိသားစုများ၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ အတူတကွ သဘောထားပါကြောင်း အကြောင်းကြားအပ်ပါသည်။
(Photo –ဒီဇင်ဘာ (၆)ရက်၊ ယနေ့ နေ့လည် (၁)နာရီက မန္တလေးမြို့ အိမ်တော်ရာစေတီတွင် အထက်မြန်မာပြည်သံဃာတော်များ
“အမေရိကန်ပြည်ထောင်စု ပြည်နယ်မြို့ အသီးသီးမှ မြန်မာပြည်ဖွား တိုင်းရင်းသားများ ဝါရှင်တန်ဒီစီသို့ လာရောက်ပြီး မြန်မာနိုင်ငံအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေကြသော ရဟန်းလူရှင်များအား ရက်စက်စွာ အကြမ်းဖက် နှိမ်နှင်းဖြိုခွင်း၊ လူမဆန်တဲ့ ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသော ဦးသိန်းစိန်အစိုးအား အောက်ပါအစီအစဉ်အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြ၊ ဆန့်ကျင်ရှုတ်ချသွားကြမည်။ …”
အချိန် & နေရာ
ဒီဇင်ဘာလ (၈) ရက် (စနေနေ့)
၁၂း၀၀ နာရီ – ၀၁ နာရီ – မြန်မာသံရုံးရှေ့  (2300 S Street Northwest Washington, DC 20008)
၀၁း၃၀ နာရီ – ၀၂း၃၀ နာရီ – တရုတ်သံရုံးရှေ့  (3505 International Place, N.W., Washington, D.C. 20008 )
၀၃း၀၀ နာရီ – ၀၄း၀၀ နာရီ – အိမ်ဖြူတော်ရှေ့  (1600 Pennsylvania Avenue Northwest Washington, DC 20500)
ဆက်သွယ်ရန် – ကိုယဉ်ထွေး (၃၀၁-၅၂၀-၄၁၆၀)၊ မအတာ (၂၀၂-၅၅၀-၀၆၆၀)
စစ်အာဏာရှင် ဦးသိန်းစိန်အစိုးရ ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲကို ကျနော်၊ ကျမတို့နဲ့အတူ လက်တွဲပူးပေါင်းကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
မြန်မာ မိသားစုအသိုင်းအဝိုင်း
အမေရိကန် ပြည်ထောင်စု
*****************************************************************************
Stand up Against Violent Crackdown in Burma
Burmese-American Activists from other states are coming to Washington, DC to show their solidarity with their fellow Burmese to protest against U Thein Sein regime’s vicious crackdown on peaceful protestors at the Letpadaung mountain range in Sagaing Division. Please join us to support peaceful protesters in Burma and denounce U Thein Sein regime’s aggressive tactics and human rights violations.
When & Where
December 8 (Saturday), 2012
12:00 – 1:00 pm @ Burmese Embassy – 2300 S Street Northwest Washington, DC 20008
1:30 – 2:30 pm @ Chinese Embassy – 3505 International Place, N.W., Washington, D.C. 20008
3:00 – 4:00 pm @ White House – 1600 Pennsylvania Avenue Northwest Washington, DC 20500
Contact: Ko Yin Htwe (301-520-4160), Ma Ahtar (202-550-0660)
Respectfully,
Burmese Community Activists
United States of America