နိုင်ငံတကာရေးရာ

အလုပ်သမားအခွင့်အရေး မလေးစားလို့ RFA ကို အမေရိကန်အလုပ်သမားသမဂ္ဂက တရားစွဲပြီ

အလုပ်သမားအခွင့်အရေး မလေးစားလို့ RFA ကို အမေရိကန်အလုပ်သမားသမဂ္ဂက တရားစွဲပြီ

မိုးမခအထောက်တော် ၁၄၊ ဒီဇင်ဘာ ၇၊ ၂၀၁၂

RFA မြန်မာသတင်းဌာနက ဖွဲ့စည်းပုံပြင်ဆင်မှုအရ မြန်မာဝန်ထမ်းအချို့ကို အောက်တိုဘာလဆန်းပိုင်းက အလုပ်မှ ချက်ခြင်း ရပ်စဲခဲ့ပြီးနောက် အဆိုပါဝန်ထမ်းများဖက်က အလုပ်သမားသမဂ္ဂတခုက ရပ်တည်ပြီး ပြန်လှန်အရေးယူမှုတရပ် ဖြစ်ပွားပြီ ဖြစ်ပါတယ်။

RFA ကနေ အလုပ်ဖြုတ်လိုက်တဲ့ မြန်မာဌာနက ၀န်ထမ်း (၄)ဦးအပါဝင် ကမ္ဘောဒီးယားဌာနက ၀န်ထမ်း (၃)ဦးနဲ့ လာအိုစ်ဌာနက ၀န်ထမ်း (၁)ဦး တို့နဲ့ပတ်သက်လို့ အမေရိကန်အလုပ်သမားသမဂ္ဂကနေ RFA ကို နိုဝင်ဘာလအတွင်းမှာ ပြန်ပြီးတရားစွဲလိုက်ပါတယ်။

RFA အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်း (၈)ဦးလုံး အလုပ်နေတဲ့အချိန်မှာ ကြိုတင်အကြောင်းကြားခြင်းမရှိ၊ ဘာအပြစ်မှ စွဲဆိုခြင်းမရှိဘဲ လုံခြုံရေးအစောင့်အရှောက်တွေကို အသုံးပြုပြီး ရုံးကနေချက်ချင်းထွက်ဖို့နဲ့ RFA မှာ အလုပ်မလုပ်တော့ဘူးဆိုတဲ့စာချုပ်ကို လက်မှတ်ရေးထိုးဖို့ပြုလုပ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးပိုင်းက လက်မှတ်ရေးထိုးခိုင်းတဲ့ စာချုပ်မှာပါတဲ့အချက်တော်တော်များများဟာ အမေရိကန်ပြည်ထောင်စုက ပြဌာန်းထားတဲ့ ဥပဒေတွေအပါအ၀င် အလုပ်သမားသမဂ္ဂနဲ့ RFA သဘောတူထားတဲ့ အချက်တွေကိုပါ ချိုးဖောက်ထားပါတယ်။ ဒါအပြင် အလုပ်ထုတ်ခံရသူတွေကို နစ်နာကြေးသဘောမျိုးပေးမယ်ဆိုတဲ့ စာချုပ်ကို အလုပ်သမားဥပဒေအရ ပြန်လည်ညှိုနှိုင်းပြင်ဆင်ဆောင်ရွက်ဖို့ကိုလည်း RFA ကပျက်ကွက်ခဲ့ပါတယ်။

RFA က၀န်ထမ်းတွေအလုပ်ထုတ်ခံရတဲ့ကိစ္စကို အလုပ်သမားသမဂ္ဂအနေနဲ့ ဥပဒနဲ့အညီ RFA ကိုတရားစွဲ စိန်ခေါ်လိုက်ပါပြီ။ အဓိကအားဖြင့် အလုပ်ဖြုတ်ဖို့အတွက် ၀န်ထမ်းတွေကိုအသိပေးထုတ်ပြန်တဲ့စာနဲ့ပတ်သက်လို့ သမဂ္ဂနဲ့သဘောတူစာချုပ်အတိုင်း RFA အုပ်ချုပ်ရေးပိုင်းက သတ်မှတ်တဲ့အချိန်အလုံအလောက်မပေးတာ၊ အလုပ်ထုတ်ဖို့ ၀န်ထမ်းတွေကိုရွေးချယ်ရာမှာ RFA ကမှန်မှန်ကန်ကန်မဆောင်ရွက်တာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အလုပ်ဖြုတ်တာ စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး တရားစွဲထားပါတယ်။

ဥပမာ မြန်မာနဲ့ ကမ္ဘောဒီးယားဌာနက အထုတ်ခံရတဲ့ ၀န်ထမ်းနှစ်ဦးဆိုရင် အလုပ်သမားသမဂ္ဂ၀င်အဖြစ် တက်တက်ကြွကြွဆောင်ရွက်ခဲ့ပြီး သမဂ္ဂနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို RFA အုပ်ချုပ်သူတွေ ချိုးဖောက်တယ်ဆိုရင် ပြန်ပြီးထောက်ပြခဲ့တဲ့ အစဉ်အလာရှိသူတွေဖြစ်ပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ ၀န်ထမ်း (၈)ဦးစလုံးဟာ သူတို့ဌာနအသီးသီးမှာ အထုတ်မခံရဘဲ ကျန်နေတဲ့ဝန်ထမ်းအများစုထက် လုပ်သက်ရင့်သူတွေဖြစ်ပါတယ်။  မြန်မာဌာနက အဖြစ်အပျက်မှာဆိုရင် လုပ်သက်တစ်နှစ်တောင်မပြည့်သေးတဲ့ဝန်ထမ်းတဦး အပါဝင် နောက်ဝန်ထမ်းတဦး စုစုပေါင်းနှစ်ဦးကို အယ်ဒီတာအဖြစ်ခန့်လိုက်ကြောင်း RFA အုပ်ချုပ်ရေးတာဝန်ရှိသူက ကြေညာပြီးနောက် တချိန်တည်းမှာပဲ ကျန်တဲ့ဝန်ထမ်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို မြန်မာဌာနတွင်း အလုပ်ဖြုတ်ဖို့ရှိတယ်ဆိုတဲ့ ကြေညာချက်ကိုပြုလုပ်ခဲ့ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ RFA မြန်မာဌာနက အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေနေရာမှာ အချိန်ပိုင်းခန့်ထားသူတွေ အစားထိုးအလုပ်ခိုင်းစေတာဟာ အလုပ်သမားသမဂ္ဂနဲ့ သဘောတူထားတဲ့စာချုပ်ကို RFA ကထင်ထင်ရှားရှားချိုးဖောက်နေပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေအပေါ် ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်တွေကို ပြန်လည်ညှိုနှိုင်းဖို့RFA အုပ်ချုပ်ရေးပိုင်းကပျက်ကွက်တဲ့အချက်ကိုလည်း အလုပ်သမားသမဂ္ဂအနေနဲ့ တရားစွဲထားပါတယ်။

လက်ရှိမှာ RFA ဥက္ကဋ္ဌ (လီဗီလူး) အပါအ၀င် RFA အကြီးအကဲအချို့၊ BBG လို့ ခေါ်တဲ့ အမေရိကန်အစိုးရပြန်ကြားရေးအဖွဲ့ ဦးဆောင်သူများဟာ မြန်မာပြည်ကို ခေတ္တရောက်ရှိနေတယ်လို့ ကြားသိရပါတယ်။ (အမှားပြင်ဆင်ချက်ဖြစ်ပါတယ်)


ရည်ညွှန်း – http://wbng.org/rfa/12-1106rfa-layoffs.pdf

အခြား ဖတ်ချင်စရာ အာရ်အက်ဖ်အေဆိုင်ရာ – RFA & ရိုဟင်ဂျာ http://moemaka.com/?p=29384

RFA & မြန်မာဌာန ၀န်ထမ်းများ http://moemaka.com/?p=29360


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အလုပ်သမားအခွင့်အရေး မလေးစားလို့ RFA ကို အမေရိကန်အလုပ်သမားသမဂ္ဂက တရားစွဲပြီ

Comments are closed.