နိုင်ငံတကာရေးရာ

နယူးယောက်မြန်မာတို့ လက်ပံတောင်းတောင်အကြမ်းဖက်မှုကို ကန့်ကွက်ဆန္ဒပြမည်


နယူးယောက်မြန်မာတို့ လက်ပံတောင်းတောင်အကြမ်းဖက်မှုကို ကန့်ကွက်ဆန္ဒပြမည်

မိုးမခအထောက်တော် (နယူးယောက်) ဒီဇင်ဘာ ၆၊ ၂၀၁၂

လက်ခံရရှိသော ထုတ်ပြန်ချက်အရ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်မှောက်သူများအပေါ် မြန်မာအစိုးရ၏အကြမ်းဖက်နှိမ်နှင်းမှုကို ကန့်ကွက်ဆန္ဒပြကြမည် ဖြစ်ကြောင်း၊  လာမည့် ဒီဇင်ဘာ ၈၊ စနေနေ့၊ နေ့လည် ၁ နာရီမှ ၂ နာရီ အထိ နယူးယောက်မြို့တော်၊ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာ့အရေး နိုးကြားလှုပ်ရှားသူ မြန်မာတို့ စုဝေးကြရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။

ထိုစနေနေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများက လက်ပံတောင်းတောင်အကြမ်းဖက်မှုအပေါ် ၎င်းတို့၏ သဘောထားနှင့် တောင်းဆိုမှုများကို မြန်မာအစိုးရ သိရှိရန် ပေးအပ်မည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts