သတင်းပဒေသာ

နေပြည်တော်လေဆိပ်မှာ ငှက်နဲ့ ခွေး အလိုမရှိ၊ လေယျာဉ်ကွင်းကို စောင့်ကြည်နေ

 နေပြည်တော်လေဆိပ်မှာ ငှက်နဲ့ ခွေး အလိုမရှိ၊ လေယျာဉ်ကွင်းကို စောင့်ကြည်နေ

ပေါ်ပြူလာသတင်းဂျာနယ် ကောက်နုတ်ချက်၊ ဒီဇင်ဘာ ၆၊ ၂၀၁၂

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် နှစ်ခုအတွင်း ငှက်၊ ခွေးတို့နှင့် တိုက်မိပြီး လေယာဉ်အန္တရာယ် ဖြစ်ပွားမှု မရှိစေရန် လုံခြုံရေးရဲများ အပါအဝင် ဒေသခံပြည်သူများပါ စောင့်ကြည့် မောင်းထုတ်နေရကြောင်း လေဆိပ် တာဝန်ကျ ရဲတပ်ဖွဲ့ (နေပြည်တော်)မှ သိရသည်။

နေပြည်တော်လေဆိပ် အဟောင်းနှင့် အသစ်ကြားရှိ လေယာဉ်ပြေးလမ်းတွင် ငှက်နှင့် ခွေးများ ဖြတ်သန်းသွားလာမှုကြောင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ သွားလာနေသော လေယာဉ်များအတွက် စိုးရိမ်စရာများ ကြုံတွေ့နေရပြီး တိုက်မှုဖြစ်စဉ်များ မဖြစ်ပွားစေရန် လုံခြုံရေးများနှင့် ဒေသခံတို့မှ ပူးပေါင်းမောင်းထုတ် ကာကွယ်နေရကြောင်း၊ ငှက်နှင့် ခွေးများ တိုက်မိ၍ လေယာဉ်အင်ဂျင် ပျက်စီးခြင်း၊ လေယာဉ်ဘီး ပေါက်ကွဲလမ်းချော်မှု ဖြစ်စဉ်အချို့သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော် လေယာဉ်ကွင်းတွင် ဖြစ်ပွားခဲ့ဖူးကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ကျပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

“ကွင်းအဟောင်းနဲ့ အသစ်ကြားမှာ လေယာဉ်ပြေးလမ်းက တစ်ခုပဲရှိတယ်။ ငှက်က လေပေါ်မှာ ဖြတ်ပျံပြီး လေယာဉ်ကို ဝင်တိုက်ရင် လေယာဉ်ရဲ့ တောင်ပံဘေးနှစ်ဖက်က အင်ဂျင်ထဲကို ရောက်သွားတဲ့အခါ စက်တစ်ခုလုံး ပျက်စီးသွားပြီး ပျက်ကျသွားနိုင်တယ်။ ခွေး ဆိုရင်လည်း ပြေးလမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ သွားနေတဲ့အခါ တိုက်မိတာနဲ့ လမ်းချော်တာ၊ ဘီးကွဲထွက်သွားတာတွေ ဖြစ်ပြီး ခရီးသည်အတွက် အသက်အန္တရာယ်ရှိတယ်။ အဲဒါကြောင့် အခုနေပြည်တော်မှာ ကြိုတင်ကာကွယ် နေရတာပါ” ဟု ၄င်းက ပြောသည်။

လက်ရှိ၌ အဆိုပါလေဆိပ်တွင် အများပြည်သူ သွားလာရေးအတွက် ပြည်တွင်းခရီးသွား လုပ်ငန်းကိုသာ အသုံးပြုနေပြီး ပြည်ပခရီးစဉ်များအတွက် အစိုးရပိုင်း (နိုင်ငံတော် အကြီးအကဲများ၊ ပြည်ပအရေးကြီး ပုဂ္ဂိုလ်များ) အတွက်သာ အသုံးပြု ပျံသန်းပြေးဆွဲပေးနေကြောင်း နေပြည်တော် လေဆိပ်အတွင်းရှိ လေယာဉ်ပြေးလမ်းမှာ အရှည်ပေပေါင်း ၁၂၀၀၀ ရှိကြောင်း သိရသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ “


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

7 thoughts on “နေပြည်တော်လေဆိပ်မှာ ငှက်နဲ့ ခွေး အလိုမရှိ၊ လေယျာဉ်ကွင်းကို စောင့်ကြည်နေ
  1. လေဆိပ် အသစ် အဟောင်းဆိုပြီး ၂ခုတောင်ရှိတာလား- ဂလိုဆိုတော့- ဒို့ တိုင်းပြည် ချမ်းသာတာဘဲ- အဟောင်းက သုံးမရတော့လို့  အသစ်ဆောက်တာဆိုရင်တော့-ဘာမှ မသိ နားမလည်ဘဲ ပြည်သူ့ ဘဏ္ဍာတွေ သုံးဖြုန်းနေတာပေါ့။

  2. Technical Info & Reason ဘာမှမသိဘဲနဲ့ဝေဖန်မယ် ဆိုရင် တော်တော်ရှက်ဖို့ ကောင်းတယ် နဲနဲလေ့လာကြည့်ဦး..နိုင်ငံရေး ပြောချင်တာပဲသိကြတယ်

  3. Aryu သိရင်ပြောပြပေးပါလား၊ ကျနော်တို.ကမသိလို.ပါ။

  4. ဥပမာအနေနဲ့ ပေါ်က ဆောင်းပါးတခု ကို လုပ်ပေးလိုက်ပါတယ်,,,,,…၂၉.၁၁.၂၀၁၂ ပြည်သူ့ခေတ်ဂျာနယ် တွဲ(၃)၊ မှတ် ၁၂၂ ၊ စာမျက်နှာ(၃၁)ပါ ဦးဦးကျော် ဆောင်းပါးကို ဖတ်ရှုပြီး ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။ဆောင်းပါးပါ အကြောင်းအရာများကို အနှစ်ချုပ် ဖော်ပြရလျှင် ရန်ကုန်လေ ဆိပ်သည် မကြာမီ သူ့ဧ။် Capacity ပြည့်တော့မည်ဖြစ်သောကြောင့် ဟံသာဝတီလေဆိပ်ကို စတင်ဆောက်လုပ်မည် ဖြစ်ပါ သည်။ လေဆိပ်သစ်ကို လေဆိပ်ဟောင်းနှင့် Km 80 မျှဝေးသောကြောင့် ထိုမျှ မဝေးသော Km 40 ၀န်းကျင်ခန့်တွင် လေဆိပ် သစ်ကို ဆောက်လုပ်ပါက(စာရေးသူ ဦးဦးကျော် ဧ။် စကားကိုယူသုံးသော်) Taxi ဖိုးခ ခေါင်ခိုက်အောင် မကြီးတော့ပါဟု ဆိုပါ သည်။
    ဦးဦးကျော် ဧ။် ဆောင်းပါးကို လေ့လာ ကြည့်ပါက မြေပြင်အချက်အလက် တော်တော်များများ ကိုရယူ ထားခြင်းကြောင့် လက်လွတ်စပယ် ရမ်းရေးထားခြင်း မဟုတ်ကြောင်း ပေါ်လွင်ပါသည်။ ထို့အပြင် အထက်ပါ အကြောင်းအရာ များသည် Narita နှင့် Haneda တို့ဧ။် တကယ်ဖြစ်ပျက်သောအဖြစ်အပျက်ဖြစ်ပါသည်။
    ကျွန်တော့်အနေနဲ့ဖြည့်စွက်ပြီး ပြောပြချင်တဲ့ အကြောင်းကတော့ လေကြောင်းထိန်း(AirTraffic Control) နှင့်လေယာဉ်(Commerical Air Lines)များဧ။် သဘောသဘာဝပဲဖြစ်ပါသည်။
    ရန်ကုန်လေဆိပ်ရဲ့ အကြောင်းက ယေဘူယျ ပြောပြရလျှင် လေယာဉ်ပြေးလမ်းသည် အရှေ့၊ အနောက် ပြေးလမ်းမျိုးဖြစ်ပါတယ်။ ဆိုလိုတာက အရှေ့အရပ်က ဆင်းရင်ဆင်း၊ မဆင်းရင် အနောက်အရပ်က ဆင်းရပါတယ်။ သို့ပင်မဲ့ များ သောအားဖြင့် အရှေ့ဘက်ကဆင်းပြီး အနောက်ဘက်က တက်ပါတယ်။ပို့ဆောင်ရေးဖြစ်တဲ့ လေယာဉ်၊ မီးရထား ၊ကားနဲ့သဘောင်္ များဟာ သဘောသဘာဝခြင်း မတူတဲ့အတွက် သူတို့မှာ ထူးခြားတဲ့အချက် ကလေးတွေရှိပါတယ်။ဥပမာဆိုရင် ကားတစ်စီးကို ဂ ကွေ့(U Turn)ကွေ့ဖို့ အလွန်လွယ်ကူပါတယ်။ဒါပင်မဲ့ မီးရထားကို ဂ ကွေ့(U Turn)ဘယ်တော့မှ ကွေ့မရပါဘူး။အလွန်မြင်လွယ် တဲ့ဥပမာ တစ်ခုပါ။
    လေကြောင်းထိန်း(AirTraffic Control)များရဲ့တာဝန်များဟာ များပြားလှပြီး ဤဆောင်းပါး နဲ့ပက်သက် ပြီး ပြောရရင်တော့ လေယာဉ်များကို လေယာဉ်ကွင်း အတက်အဆင်း ထိန်းချုပ်ခြင်း ဖြစ်ပါတယ်။ လေယာဉ်များဟာ အခြားပို့ ဆောင်ရေး ဖြစ်တဲ့ ကား ၊ ရထားနဲ့ သဘောင်္များနဲ့မတူတဲ့အချက်က လမ်းမှာရပ်ပြီး အခြားလေယာဉ်တစ်စီးကို စောင့်ဆိုင်း၍ မရခြင်းနဲ့ အလွန်လျှင်မြန်လှတဲ့ အမြန်နှုန်းဖြစ်ပါတယ်။
    ဟံသာဝတီလေဆိပ်သစ်ဟာ အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်သောကြောင့် နိုင်ငံတကာတွင် အသုံး များသော Boeing 737 ကို ဥပမာအဖြစ် ပြောပြပါမည်။737 တစ်စီးဟာ အနည်းဆုံး 207 mph (331 kmh)နဲ့ လေယာဉ် ကွင်းကို ချဉ်းကပ်ရပါတယ်။ အဲ့ဒီအမြန်နှုန်းမရှိရင် လေယာဉ်ဟာ လေပင့်တင်အားမရှိတော့လို့ ပျက်ကျနိုင်ပါတယ်။ အတက်မှာတော့ အနည်းဆုံး 167 mph (267 kmh) ရှိမှ လေထဲရောက်ပါတယ်။ ပိုပြီးရှင်းအောင်ပြောရရင် တစ်မိနစ်တိုင်းကို အဆင်းမှာ 3.45 m(5.52 k m) နဲ့ အတက်မှာ 2.8 m(4.5 km) ကိုရောက်သွားပါတယ်။ အဲ့ဒါကြောင့် တခါတစ်ရံမှာ ဘန်ကောက်ကို သွားတဲ့ လေယာဉ်ဟာ အရှိန်လွန်သွားရင် ဗိုလ်မြတ်ထွန်းတံတားကို ညာဘက်မှာတွေ့ရပါတယ်။ တံတားဟာ ရန်ကုန်ကနေ 33 မိုင် (53 Km)ဝေးပါတယ်။
    အပြည်ပြည်ဆိုင်ရာ လေဆိပ်များဟာ ကွင်းဆင်းကွင်းတက် လေယာဉ် အလွန်များပြားပါတယ်။ ထို့အတွက်ကြောင့် ရံဖန်ရံခါ လေယာဉ်ကို တနေရာမှာ ပတ်ခိုင်ပြီး ပြီးမှလေယာဉ်ကွင်းကို ဆင်းခိုင်းပါတယ်။ အတက်မှာ အဲ့ဒီ ပြသာနာမရှိပါ။ ရန်ကုန်လေဆိပ်ရဲ့ လေယာဉ်ကို ပတ်ခိုင်းတတ်တဲ့နေရာက မှော်ဘီနဲ့လှည်းကူးဖြစ်ပါတယ်။ နောက်တစ်ခုက ကားများဟာ သူ့ကိုယ်ထည်ရဲ့ အလျားနှစ်ဆရှိရုံနဲ့ ပါကင်ထိုးလို့ရပါတယ်။ ရှေ့တိုး နောက်ဆုတ်လည်း လုပ်လို့ရပါတယ်။ လေယာဉ်တစ်စီးက လေယာဉ်ကွင်းဆင်းဖို့ (၁၀)မိုင် (၁၅)မိုင် ကြိုပြင်ရပါတယ်။
    အထက်ပါ အချက်အလက်များကို စုစည်းပြီး အဖြစ်အပျက် (Scenario) တစ်ခုအဖြစ် ဖော်ထုတ် ကြည့်ရရင် ဟံသာဝတီလေဆိပ်က 737 တစ်စီးဟာ 267 kmh(4.5 kmm)နဲ့အတက် 3မိနစ်မှာ15 km ရောက်နေပါပြီ။ ရန်ကုန်လေဆိပ်ကို ဆင်းမဲ့လေယာဉ်ဟာ ATC က ပတ်ခိုင်းတာကြောင့် မှော်ဘီမှာပတ်ပြီးဆင်းဖို့ လမ်းကြောင်းကို အယူမှာ (ရန်ကုန်လေဆိပ်ရဲ့ 24 km အဝေး) နောက်က 737 နဲ့ 1km ပဲဝေးပါတော့တယ်။ 737 လေယာဉ်မှုးမှာ (13 Second) ပဲ ရှောင်ချိန် ရှိပါတော့တယ်။
    အထက်ပါ အကြောင်းအရာများကိုပါ ထည့်သွင်းစဉ်းစားထားသောကြောင့် ဟံသာဝတီ လေဆိပ်သစ် ဟာ (80 km)မျှ ဝေးကွာရခြင်းဟု သုံးသပ်မိပါသည်။ Taxi ခများဈေးကြီးခြင်းကို အများပြည်သူသုံး ပို့ဆောင်ရေး (ဥပမာ မြန်နှုန်းမြင့် မီးရထား) အသုံးပြုခြင်းဖြင့် မြန်ဆန်ပြီး ဈေးနှုန်းသက်သာစွာ ဖြေရှင်းနိုင်မည်ဟု ယူဆမိပါသည်။

    ဗဟုသုတ တိုးပွားကြပါစေ။

    1. ကိုအာယု အခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ။ လေယာဉ်ဟာ အတက်ထက် အဆင်းမှာ အန္တရယ်ပိုများတယ်ဆိုတာဘဲ ကြားဖူးတာပါ ။ အခုလို အသေးစိတ်ရှင်းပြလိုက်တော့ နားလည်သွားပါတယ် ။ ကျေးဇူးတင်ပါတယ်ဗျာ ။

  5. Being as a technician, I really wanna share about the hidden stories behind all matters. but i am so afraid of what Myanmar people thinking.. just for an example, Rangoon International Airport is not on the proper place as an international airport. Myanmar pilots tried very hard to use as an international airport as အမွေဆိုး since last 40 years ago.. I am neither a government staff nor from Army. ကျွန်တော့အနေနဲ့ပြောပြချင်ပါတယ် ဒါပေမဲ့ ONLINE မှာ ပြောရမှာကြောက်ပါတယ်… အတွေ့အကြုံအရပါ… ကျွန်တော်ဟာ ဗမာစစ်စစ်တစ်ယောက်ပါ.. နိုင်ငံရေးအရပြောရရင် ကျွန်တော်ဟာ ဒီမိုကရေစီ ကိုအမှန်တကယ်ချစ်မြတ်နိုးသူ တစ်ယောက်ပါ…ဘယ်လူကြီး နဲ့မှလဲအမျိုးမတော်ပါ… .သင်ကြားတတ်မြောက်သော ပညာနဲ့ တိုင်းတပါးမှာ အသက်မွေးခဲ့တာ ဆယ်စု နှစ် တခုနီးပါးရှိခဲ့ပါပီမြန်မာနိုင်ငံ ရဲ့ သဘာဝ ရာသီ ဥတု အခြေအနေ နဲ့ လေတိုက်ခတ်ပုံကို Wikipedia & Google Search မှာလေ့လာနိုင်ပါတယ်..နိုင်ငံရေး အကြောင်း မပါဘဲနဲ မြန်မာ များ ရခုထက်ပို၍့ (မည်သည့် တိုင်းတပါးသား ကမျှ အထင်မသေးနိုင်သည့် ပညာနှင့်ရှင်သော.) ဗဟုသုတ စုံလင်စွာဖြင့် ဝေဖန် ပိုင်းခြား ခွဲခြမ်း စိတ်ဖြာ နိုင်ပါစေလို့ ဆန္နပြုပါ တယ်

Comments are closed.