ကမာပုလဲ သူတို့အာဘော်

ဝေဖန်ရေးဆိုတဲ့ ကိစ္စ


ကိုပေါက် (ကမာပုလဲ)
ဒီဇင်ဘာ ၃၊ ၂၀၁၂
 နိုင်ငံရေးမှာ ယုံချင်တာကို ယုံဖို့အခွင့်ရှိပါတယ်။ ယုံကြည်သလို လုပ်ကြပြောကြ ယုံကြည်ကြ ရှိပါတယ် ..ရှိခဲ့တယ်။ ဒါသမိုင်းပဲ။ … ဒီတော့ နိုင်ငံရေးမှာ ယုံချင်သူကလဲ သူယုံချင်တာ ယုံမှာဖြစ်သလို ဝေဖန်လိုသူကလဲသူ့မှာ ဝေဖန်ပိုင်ခွင့်ရှိလို့ ဝေဖန်နိုင်ခွင့်လည်း ရှိပါတယ် … ဒါသဘာဝပဲ။

ဒီနေ့ ၈၈ မျိုးဆက်အဖွဲ့ကို ဝေဖန်နေတာက ဝေဖန်ဖို့ လိုအပ်နေလို့ဖြစ်တယ်။ ၈၈ မျိုးဆက်အဖွဲ့ဟာ မင်းကိုနိုင် (၈၈၈၈ ဗကသ) မင်းဇေယျ၊ ဌေးကြွယ် (၈၈၈၈ မကသ) ကိုကိုကြီး (သုံးချောင်းထောက် ဗကသ) ဂျင်မီ (မိုးသီဇွန်လူ့ဘောင်သစ်) တို့ကို မဏ္ဍိုင်ပြုပြီး ၂၀၀၇ စက်တင်ဘာ
သံဃာဦးဆောင် တော်လှန်ရေး မဖြစ်မီ ဖွဲ့ခဲ့ကြတယ်။ အခြေအနေတွေအရ ကျောင်းသားသမဂ္ဂမျိုးဆက်သစ်ကို ဗကသ သမိုင်းတာဝန်လွှဲပေးခဲ့ကြပြီ …၈၈ မျိုးဆက် ဖွဲ့တယ် ကောင်းပါတယ် …. သူ့ထူးခြားမှုနဲ့သူ … သူ့ကိုယ်ပိုင် လက္ခဏာနဲ့ သူဖြစ်သွားပြီ … ၂၀၀၇ မှာ ၈၈မျိုးဆက်က လူထုတိုက်ပွဲကို ဦးဆောင်ခဲ့တယ် … ကောင်းတယ် … လေးစားတယ် … လူထုက သူတို့အူထဲ
အသည်းထဲကကို လက်ခံလိုက်တယ် … ဟော ခု ပြန်ထွက်လာတယ် ပွင့်လင်းလုပ်မယ်ပြောတယ် NGO လိုင်းပဲ … ဒီတော့ အင်ဂျီအိုဟာ
အင်ဂျီအိုလို စုဖွဲ့ပြီး အင်ဂျီအို နိုင်ငံရေးကို ပဲ လုပ်ရပါတယ် … သတင်းသမား သတင်းနိုင်ငံရေးပဲ လုပ်ရတယ် အဲဒီလိုပေါ့ နိုင်ငံရေးဆိုတာက
စုပေါင်းလုပ်ကြရတဲ့ သဘောပါ … အကျိုးစီးပွားဘက်တွေပေါ့ … ရန်သူကရန်သူ့အကျိုးစီးပွားအတွက်လုပ်သလို အဖိနှိပ်ခံက အဖိနှိပ်ခံ
အကျိုးစီးပွားအတွက် လုပ်ကြတာပါ … ဒီမှာတင် အကျိုးစီးပွားချင်းပဋိပက္ခဖြစ်တာပါ … အဲဒီပဋိပက္ခကို ဘယ်လိုဖြေရှင်းကြသလဲဆိုတဲ့
ပုံသဏ္ဌာန်ကို တော့ ဖိနှိပ်ထားတဲ့ ရန်သူက ပြဌာန်းပါတယ။်

ကိုယ်ယုံကြည်ချင်တာကို ယုံကြည်ခွင့်ရှိပါတယ် … ယုံကြည်တဲ့အတိုင်းလဲလုပ်ကြ ပြောကြ ရပ်ကြ ဝေဖန်ကြတာပါ ပဲ … ခုချိန်မှာ ဘယ်သူ့ကို
ဘယ်အဖွဲ့အစည်းကို ဘာကို မဝေဖန်ရဘူးဆိုတဲ့ ပညတ်တော်က သိပ်လက်တွေ့မကျသလိုအလုပ်လဲ မဖြစ်ပါဘူး …… ဒီတော့ အတိုက်အခံဘက်မှာ ခေါင်းဆောင်မှုအခန်းကို ယူခဲ့ကြသူတွေ သမိုင်းမှာ အဆက်ဆက်ပါ … လျှောမွေးဖြစ်တာတွေရန်သူနဲ့ပေါင်းသွားတာတွေ … လက်နက်ချတွေ တပုံတပင်ပါ … ဒါသူတို့တန်ဖိုး သူတို့ အဆင့်ကို သူတို့အကျိုးစီးပွားကြည့်ပြဌာန်းသွားကြတာပါ … ၈၈ ကိုဘာလို့ မဝေဖန်ရမှာလဲ ဝေဖန်ရမှာပေါ့ …ဝေဖန်ရေးဟာ နိုင်ငံရေးရဲ့ အသက်ပဲ …၈၈ ခုသွားနေတဲ့ လမ်းကြောင်းကပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ NGO လမ်ကြောင်းကို သွားနေတာဖြစ်တယ် …ဒီတော့ ဗကသ သွားတဲ့ သမိုင်းအစဉ်အလာ လမ်းကြောင်းနဲ့ မတူတော့ဘူး …
မတူလို့ သူတို့ကို အပြစ်မပြောပါဘူး … ခုကြားနေမြင်နေရတာက ၈၈ ဟာ ဗကသရဲ့တိုက်ပွဲလမ်းကြောင်းမှာ မရပ်ခံဘဲ ကျောင်းသားလှုပ်ရှားမှု
လူထုတိုက်ပွဲတွေကို တခါက ဗကသ ခေါင်းဆောင်တွေဆိုတဲ့ ခေါင်းဆောင်းနဲ့ယောင်တောင်တောင် ဆရာဝင်ဝင်လုပ်နေတာ တွေ့နေရတယ် … အဲဒီမှာ လက်ရှိဗကသမျိုးဆက်သစ်တွေနဲ့ ငြိကုန်တဲ့ အဖြစ်တွေ ကြားလာရတာပဲ …. နောက်တခုဆိုးတာက
“ကအဖ” ဆိုတာကို မြောက်ပေးနေတာပဲ … ဒါ ကြားနေရတယ် နေရာ အနှံ့မှာ.လက်ရှိမှာ ကျောင်းသားသမဂ္ဂ ကျော်ကိုကိုတို့ကို တာဝန်လွှဲပေးရတော့မယ်လေ…အဲဒီလိုမဟုတ်ဘဲ တခါက ဗကသ ခေါင်းဆောင်တွေလို အတွေးမျိုး အလုပ်မျိုးအပြောမျိုးကို အိပ်မက် မက်ချင်နေတယ် … ဒါပေမဲ့ ၈၈၈၈ ခေတ်ကလိုတိုက်ပွဲဝင်ကျောင်းသားရပ်တည်ချက်မျိုး မတွေ့ရတော့ဘူး … မရှိတော့ဘူးနောက်တခုက သူတို့ကောက်ကိုင်နေတာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီးလက်ရှိ သိန်းစိန် သမတကို ယုံကြည်လက်ခံလိုက်တာပဲ … နောက်ပြီး
“နောက်ပြန်လှည့်ချင်သူတွေ” ဆိုပြီး လုံးတုတ်နေတာ ဘယ်သူ့ကို ပြောတာလဲကြံ့ဖွတ်ဗိုလ်ချုပ်တွေလား … ကာလုံတွေလား … နိုင်ငံရေးမှာ
နည်းပရိယာယ်ကို လျှို့ဝှက်လုပ်သင့်ရင် လုပ်ရပေမဲ့ သေနင်္ဂဗျူဟာမှာအားလုံးသိအောင် လူထုသိအောင် ခင်းကျင်းပြရတယ် … အဲဒါမှ အဖွဲ့အစည်းတခုရဲ့တက်တစ်နဲ့ စတာတက်ဂျီဟာ လူရိုသေ ရှင်ရိုသေ ယုံကြည်မှု ရှိခြင်းခံရမယ် …ကိုယ့်စည်းရုံးရမယ့် ထုကလဲ ကိုယ့်ဖက် ရဲရဲ ရပ်ရဲမယ် … ခုဟာကလုံးတုတ်ပြီး “နောက်ပြန်လှည့်ချင်သူတွေ” ဆိုတာ ခု ဆန္ဒပြတိုက်ပွဲဝင်နေရသူတွေကို ပြောနေသလိုလိုဖြစ်တယ် …“ကိုယ့်တပ်ကိုယ်ပြန်နင်းတယ်” ဆိုတဲ့ စကားကြားဖူးမှာပေါ့ … ဒီတော့ ယုံပါ… ယုံချင်တဲ့သူ ယုံပိုင်ခွင့်ရှိတာပဲ … ဒီလိုပဲ … ဝေဖန်ဖို့လိုလို့ ဝေဖန်မယ် ဆိုတဲ့ လူတွေမှာလဲ ဝေဖန်ပိုင်ခွင့်ရှိတယ် …ဝေဖန်မှာပဲ … အကျိုးသင့် အကြောင်းသင့် ဝေဖန်ရင် လက်မခံနိုင်စရာဘာရှိမလဲ … နော …ခုလဲ ကြည့်ဦး လက်ပန်းတောင်းတောင် အကြမ်းဖက်မှုမှာ ၈၈ က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ဖို့ စတောင်းဆိုတယ်မလား … ဒေါ်စုက မုံရွာရောက်မှဖြစ်ပုံပျက်ပုံကြည့်ပြီး စုံစမ်းဖွဲ့ဖို့တောင်းဆိုတယ် … ဒါ ၈၈ နောက်ကိုဒေါ်စုက လိုက်တောင်းတယ် ရပ်တယ်လို့မြင်ပါတယ် …သိန်းစိန်ကလဲ နပ်ပါတယ်ဒီအဖွဲ့ဟာ သူ့ရဲ့ သူ့အစိုးရအတွက် မဟာ့မဟာ ခံကတုတ်ဖြစ်မယ် …ဒီတော့ကောက်ဖွဲ့ပေးလိုက်တယ် …ဒေါ်စုခေါင်းဆောင်ပေါ့ … ၈၈ ကမင်းကိုနိုင် ကိုကိုကြီးပေါ့ … ဒေါ်စုကလဲ ၈၈ ကို အားကိုးတာပဲ …ဟောခုတော့ … ဒီပွဲ မလှဘူး စားရမှာထက် တုတ်ချက်ကကြီးတယ် ဆိုပြီးမပါကြတော့ဘူး ထလုပ်တယ် တရားဝင် … ဒေါ်စုခမျာ မင်းဆိုးမင်းညစ်တို့ရဲ့စုံစမ်းစစ်ဆေးရးကော်မတီမှာ ဆံထုံးမယ် တကိုယ်ထဲ ဖြစ်ရပြီ …ဒါဟန်ချက်ပျက်တာပဲ … ကိုယ်မပါ မလုပ်နိုင်ရင် အစက မတောင်းနဲ့ပေါ့ …
တောင်းရင်လဲ ပြတ်ပြတ်သားသား အချက်အလက်တွေ ရေးတောင်းပေါ့ …လောင်တိုက်သွင်းခံရတဲ့ ဘုန်းကြီးတွေတွေ့မှ ကြောက်အားလန့်အား ၀ူးဝူးဝါးဝါးထအော် ပြီးတော့ ကျနော်မပါဘူး … ကျနော်မပါဘူး ထလုပ်တယ်
ဘယ်လောက်ရုပ်ပျက်သလဲ … ဒီပုံစံနဲ့ဆိုရင်တော့ … ၈၈အဝေဖန်ခံနေရဦးမှာပဲ … အဲ မဝေဖန်တော့ဘူး … ဝေဖန်နေစရာမလိုတော့ဘူး
ဆိုရင်တော့ … ၈၈ ရေ … ကြည့်သာနေတော့ ..

ကိုပေါက် ( ကမာပုလဲ)
စကတော့ ဒီပို့စ်မတင်ဘူးနေတယ် … ဒါပေမဲ့ ခုတော့ တင်ချင်လို့တင်လိုက်တယ်.. ကိုယ်ပိုင်ပရိုဖိုင်းအစစ်နဲ့ ဖေ့စ်ဘွခ်အကောင့်ဖွင့်ပါတယ် … ကိုယ်ရေးတဲ့ စာကိုလည်း ကိုယ် တာဝန်ယူပါတယ် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “ဝေဖန်ရေးဆိုတဲ့ ကိစ္စ
  1. ဆရာသမားက ပရိုဖိုင်အစစ်နဲ့ တင်တော့ ကျနော်က ပရိုဖိုင်းအတုနဲ့ ပြောမယ်။ ၈၈လုပ်တာ မမှားဘူး။ အဲဒီကော်မရှင် အလုပ်ဖြစ်မှာ မဟုတ်လို့…။ ဖွဲ့ချင်ရင် လွတ်လပ်တဲ့သီးခြားအဖွဲ့တခု ဖွဲ့မှရမယ်။ နို့မို့ရင် ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားမယ်။ အခုကိစ္စသည် အပြတ်ပြောရမည့် အရေးပါ၊ နှစ်ဖက်အကြိုက်လိုက်လို့ မရဘူး။ လက်ပံတောင်း ကြေးနီတောင် အရေးပါသလို ရဲတပ်ဖွဲ့ရဲ့ လာလတ္တံ့သော ဆန္ဒပြပွဲနှိပ်ကွပ်မှုများအပေါ် သက်ရောက်မှု ရှိတယ်။ ဘွားဒေါ်ဂျီးလုပ်တိုင်း လိုက်ရအောင် ၈၈ဆိုတာ အန်အယ်လ်ဒီမှ မဟုတ်တာ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခွင့်ရှိတယ်။ ဘွားဒေါ်ဂျီး သူ့နောက် အပြတ်လိုက်စေချင်ရင် သိသာတဲ့ရလဒ် တခုခု ဆောင်ကြဉ်းပြလေ။ ၈၈တွေ အဲသလောက် သွေးကြီးမည် မထင်ပါ။

    1. ကိုအောင်ကြူးဖတ်ဖို့ ….
      Lun Swe ကိုပေါက်ရေ … နောက်ဆုံးအပိုဒ်နဲ့ ပတ်သက်ပြီး နည်းနည်းလေး ဆွေးနွေးခွင့်ပြုပါ။ ကိုပေါက် ဆွေးနွေးထားတဲ့ “၈၈ နောက်ကို ဒေါ်စုက လိုက်တောင်းတယ် ရပ်တယ်လို့မြင်ပါတယ်” ဆိုတာ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒေါ်စုအနေနဲ့ သူ့စဉ်းစားချက်နဲ့သူ တောင်းဆိုတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ၈၈ တွေအနေနဲ့ စုံစမ်းရေးကော်မတီဖွဲ့ဖို့ တောင်းဆိုတယ် ဆိုပေမယ့် ဦးသိန်းစိန်က စုံစမ်းရေးကော်မတီမဖွဲ့ခင် သူတို့ကို တိုင်ပင်သလား၊ တိုင်ပင်ခြင်းမရှိဘဲ ကောက်ကာငင်ကာ ဖွဲ့ပြီး သူတို့သဘောနဲ့သူတို့ ကြေညာလိုက်တာဆိုရင်တော့ စုံစမ်းရေးကော်မတီမှာ မပါဝင်လိုကြောင်း ဘယ်သူမဆို ငြင်းပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ ဒေါ်စုကိုယ်တိုင်လည်း ပါဝင်လိုတဲ့ ဆန္ဒမရှိရင် အခုနေ ငြင်းပိုင်ခွင့်ရှိသေးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ငြင်းတယ်ဆိုရင် ငြင်းရတဲ့ အကြောင်းရင်းနဲ့ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသင့်ပြီး ဘယ်လိုအခြေအနေတွေ ဖန်တီးပေးရမယ်၊ ဘယ်လိုပံ့ပိုးမှုတွေ ပေးရမယ်၊ ဘယ်လိုလုပ်ပိုင်ခွင့်တွေ ပေးရမယ် ဆိုတာမျိုး ကြေညာချက်မှာ ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြပြီး ငြင်းသင့်တယ်လို့ ထင်ပါတယ်။ ဒီလောက်ပါပဲ။
      13 hours ago · Like
      Ko Pouk ကျနော်က မြင်တာကို ပြောတာပါ … ဒီအတိုင်းဖြစ်ခဲ့လို့ ဒီလိုမြင်ရတာပါ …စဉ်းစားချက်တူရင် နောက်လူက ဦးသူနောက်ကို လိုက်ရတဲ့ ပန်းတိုင်တူအလုပ်သဘောပါပဲ … ၈၈ ငြင်းတာ မှားတယ်ပြောတာမဟုတ်ပါ … ငြင်းနိုင်ပါတယ် … အဲလိုငြင်းမယ်ဆိုရင် ဘာလို့ တရားဝင်ဖွဲ့ဖို့ တောင်းလဲ စုံစမ်းအဖွဲ့ကို … တောင်းရင်လဲ ဘယ်သူဘယ်လို ဘယ်ပုံ ထည့်ဖွဲ့ပါ သေချာတောင်းလေ … တောင်းတော့ သိန်းစိန်က ဖွဲ့ပေးတယ်(မတောင်းလဲ ဖွဲ့မှာပါ) ရှေ့မှာ ကိုကိုကြီးက ရခိုင် စုံစမ်းအဖွဲ့မှာ လိုလိုလားလား တက်တက်ကြွကြွပါခဲ့တယ် အစီရင်ခံစာ တင်ခဲ့တယ် … အဲဒီအဖွဲ့ ဆိုးသည်ကောင်းသည် ဘာမှ မဝေဖန်ခဲ့ဘူး … ဒါ့ကြောင့် သိန်းစိန်က မင်းကိုနိုင်နဲ့ တွဲပြီး ကိုကိုကြီးကို ထပ်ထည့်တယ် … ဒီစုံစမ်းအဖွဲ့ဟာ ဆင်ပုပ်ကြီးတွေ့နေမှာ ဆင်ခြေရာရှာမယ့်ကိစ္စဖြစ်တယ် ဆိုတာကို ၈၈ စုံစမ်းအဖွဲ့တောင်းဆိုကတည်းက ကျနော်တို့ ဖေ့စ်ဘွခ်မှာ ဝေဖန်ထောက်ပြခဲ့တာ ဖြစ်ပါတယ် … ဒါ ဆရာသိပြီးဖြစ်မယ် … အခြေအနေမကောင်းမှ ကျနော်တို့မပါနိုင်ဘူးဆိုတာက အတော်ရီရတဲ့ နိုင်ငံရေး အသွားအလာ အမူအယာ ဖြစ်ပါတယ် … တကယ်ဆို ၈၈ ကဒီစုံစမ်း အဖွဲ့ကို မပါဘူးပြောတာထက် အစကကို ဦးဦးဖျားဖျား ကျယ်ကျယ်လောင်လောင် မတောင်းခဲ့ရင် ပြီးတာပဲ … ဒါကိုပြောတာပါ … ငြင်းတာ … ဟန်ချက် ညီမညီ ကိစ္စဖြစ်တာ မဖြစ်တာက ဒေါ်စုနဲ့ ၈၈ တွေ အသိဆုံးနေလိမ့်မယ် … ဒါပါပဲ ဆရာ …
      13 hours ago · Like
      Lun Swe ကိုပေါက်ရေ … ထပ်ဆွေးနွေးစရာ ဖြစ်လာပြန်တယ်။ “တကယ်ဆို ၈၈ ကဒီစုံစမ်း အဖွဲ့ကို မပါဘူးပြောတာထက် အစကကို ဦးဦးဖျားဖျား ကျယ်ကျယ်လောင်လောင် မတောင်းခဲ့ရင် ပြီးတာပဲ” ဆိုတာတော့ မဟုတ်ဘူးထင်ပါတယ်။ ဘယ်သူမဆို စုံစမ်းရေးကော်မတီဖွဲ့ပေးဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ ကိုယ်မပါနိုင်ရင်သာ တောင်းဆိုစဉ်ကတည်းက (ဒါမှမဟုတ်) ကြေညာချက်ထုတ်တဲ့အခါမှာ ကိုယ်တိုင်ကိုယ်ကျတော့ ဘာကြောင့် မပါဝင်နိုင်တဲ့အကြောင်း ငြင်းဆိုချက်နဲ့ ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ ဘယ်လိုဖွဲ့သင့်တယ်ဆိုတဲ့ အကြံပြုချက် (၈၈ အနေနဲ့ဆို ရခိုင်ကော်မတီတုန်းက ဘယ်လိုအားနည်းချက်တွေ အများအပြား ရှိခဲ့တယ်ဆိုတာတွေကိုပါ) ပြည့်ပြည့်စုံစုံ တပါတည်း ထည့်ပြောသင့်တာလို့ ထင်ပါတယ်။ ဆွေးနွေးခွင့်ရလို့ ကျေးဇူးပါ ကိုပေါက်။
      13 hours ago · Like
      Ko Pouk ၈၈ဟာ နိုင်ငံရေးအရ ကိုယ်မလုပ်နိုင်တာကို မတောင်းဆိုတာကောင်းပါတယ် … တောင်းမယ် ဖွဲ့ပေး ကျနော်တို့ မပါဘူး အစထဲက ကြိုပြောတောင်းရပါမယ် … ခုဖြစ်တာက ကိုကိုကြီး ရခိုင် စုံစမ်းမှာ တက်ကြွစွာပါခဲ့တာပဲ … လူထုကလဲ ခုစုံစမ်းမှာ ဗိုလ်ချုပ်အမတ်တွေပါတာထက် မင်းကိုနိုင်တို့ ၈၈ ပါတာ ပိုကြိုက်မှာပဲ ပိုလိုချင်တာပဲ … ခုက တောင်းတော့တောင်းတယ် အများက ပါစေချင်တယ် ပါတယ် အမေစုနဲ့ တွဲရမယ် … လူထုက မျှော်လင့်ချင်စရာဖြစ်လာတယ် … ခုကျ အခွင့်အရေးအရ မပါဘူးလုပ်တယ် … အဲတော့ တကယ့်အူကြောင်ကျားပဲ ကျန်တာတော့ ဆရာပြောပြီးပြီမို့ ထူးမပြောတော့ပါဘူး … နောက်တခုက ၈၈ ဘာလို့ စုံစမ်းကော်မတီတောင်းတာလဲ ဆိုတာပါပဲ … စုံစမ်းကော်မတီဆိုတာ ရန်သူ့ အကြီးမားဆုံးခံကတုတ်ပဲ … ဒါ ၈၈၈၈ ကတည်းက သိပြီးသားပဲ … ပူပူနွေးနွေး ကိုကိုကြီး နဲ့ ဇာဂနာ ရခိုင်စုံစမ်းအဖွဲ့မှာ ခံခဲ့ရတာပဲ … သူတို့တောင်းဆိုရာမှာက သမတရုံးက ဖျက်လိုက်တယ် ဆိုတဲ့ သမတရုံးနဲ့ ပြည်ထဲရေး အမိန့်ကြေညာချက်ကို ကိုင်ပြီး ဒါဟာ သမတ သိန်းစိန်မှာ တာဝန်အရှိဆုံးဖြစ်တယ် ဆိုတာ ဗြောင်ပြောရပ်တည် တိုက်ပွဲဝင်ရမှာသာ ဖြစ်ပါတယ် … ၂၀၀၇ လောက်က ၈၈မျိုးဆက်ဆို အဲဒီလို တောင်းဆိုတိုက်ပွဲဝင်မယ်လို့ ထင်ပါတယ် … ဒါလည်း ထင်တာပြောရတာပါ … ၂၀၀၇ အထိ ၈၈ ရပ်တည်ချက်က လှတယ် … ပြတ်သားတယ် … ခုက ကြောင်ရေချိုး … ချစ်တီးခေါင်း သန်းရှာနေသလားလို့ …ပါ ..ဆရာရေ …
      13 hours ago · Like · 1
      Lun Swe ဟုတ်တယ်။ အဓိက မြင်တာကတော့ ကြေညာချက် မပြည့်မစုံ ထုတ်ပြန်တဲ့ ပြဿနာကြောင့် အခုလို အကျယ်အကျယ် ဆွေးနွေးစရာတွေ ဖြစ်လာတယ်လို့ပဲ ထင်ပါတယ် ကိုပေါက်ရေ …
      12 hours ago · Like
      Ko Pouk ဟုတ်ပါတယ် ဆရာ … တကယ်က ရပ်တည်ချက် အူကြောင်ကြားမဖြစ်ဖို့ပါ ၈၈ တောင်းရမှာ ရပ်ရမှာက လူနာ သတင်းမေး အဆင့်မဟုတ်ပါဘူး … တရားခံအစစ်နဲ့ တာဝန်အရှိဆုံးဟာ သမတ သိန်းစိန်နဲ့ သူ့အစိုးရဖြစ်တယ် ဆိုတာကို လူထုကို ရှင်းရှင်းမက်ဆေ့ခ်ျပေးပြီး လူထုဘက်ကရပ်ရမှာပါ … ဒီပဲရင်းလို သေတော့ လူထု လက်သည်က ဘယ်သူမှန်း ခုထိ မပြောရဲတဲ့ အဖြစ်မျိုးတွေ များလာရင် တိုက်ပွဲဝင်လူထုက အဲဒီလို အူကြောင်ကြား ခေါင်းဆောင်တွေကိုပဲ ဒီရေစီးကြမ်းထဲ ဆွဲချ နစ်မြုပ်ပစ်ပါလိမ့်မယ် … ဒါက သမိုင်းမှာ ဖြစ်ခဲ့ကြတာတွေချည်းမို့ပါ …ခုလဲ လိုလားနေသေးလို့ အချိန်မီ ဆေးမီနိုင်သေးတယ် ထင်လို့ အုတ်တချပ် သဲတပွင့်လို တထောင့်တနေရာကနေ ခု လို ဝေဖန်ပြောဆိုနေရတာပဲ ဆရာရေ …
      12 hours ago · Edited · Like
      Lun Swe အူကြောင်ကျား ဖြစ်ချင်တယ်လို့ ထင်မိတာတွေ တွေ့ရလို့လည်း ကျနော်တို့ မြင်တာတွေကို မြင်တဲ့အတိုင်း မကြာခဏ ထောက်ပြခဲ့တာပဲပေါ့ ကိုပေါက်။ ဒါပေမယ့် ၈၈ တွေရဲ့ နိုင်ငံနဲ့ ပြည်သူအပေါ် ထားတဲ့စေတနာကို ဒေါ်အောင်ဆန်းစုကြည်နည်းတူ ကျနော် အပြည့်အ၀ ယုံကြည်ပါတယ်။ အူကြောင်ကျား ဖြစ်နေတယ်ထင်ရင်သာ ထောက်ပြဝေဖန်ရမှာက ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကိုပေါက်တို့၊ ကျနော်တို့ရဲ့ တာဝန်ပဲလေ။ (ကိုပေါက် Timeline က ဒီပို့စ်ကို ရှယ်ခွင့်ပေးမထားတော့ ကော်ပီကူးပြီး ကျနော့် Timeline မှာ ပြန်တင်ရတာ အတော် အလုပ်ရှုပ်လှသဗျာ 🙂
      12 hours ago · Unlike · 1

    2. ရှစ်ပူး အဖွဲ့ သွေးကြောင်နေတယ် လို့ ထင်တယ်။ NGO လိုလို အမျိုးသားရေး လိုလို ရံပုံငွေ ပွဲလုပ်ပြီး ငွေရှာတယ်။ ငွေရတယ်။ ဦးအောင်မင်း တို့က လာချွေးသိပ်တယ်။ သွားဖြဲလေးတွေနဲ့ ပျော်နေကြတယ်။ ရုံးခန်း ဖွင့်ထားတယ်။ နိုင်ငံရပ်ခြား က လူမျိုးစုံ အဖွဲ့အစည်း မျိုးစုံ လာတွေ့တယ်။ အဲသည်မှာ စိတ်ကြီးဝင်သွားတယ်။ သူတို့ကိုယ် သူတို့ နိုင်ငံတော် အဆင့် သတ်မှတ် သွားပုံပေါ်တယ်။ တောင်မြောက် အရှေ့ အနောက် သွားတယ်။ ပန်းကုံး စွပ်ခံရတာကို ကြည်နူး နေကြတယ်။ လက်ရှိသူတို့ အလုပ်က နေ့စဉ် ရုံးတက်မယ်။ Facebook မှာ သတင်းထုတ်ပြန်မယ်။ ဦးသိန်းစိန် အစိုးရ စိတ်ညိုငြင်မဲ့ ဟာ မလုပ်ဘူး။ တိုင်းပြည်ထဲမယ် ဟိုဟာ ဒီဟာ အရေးတွေ ပေါ်ရင် သွားမယ်။ စေ့စပ်သလိုလို ညှိနှိုင်း သလိုလို လုပ်မယ်။ လည်ကတုံးနဲ့ ယောပုဆိုး ဝတ် ရှိုးပြရုံ ဓါတ်ပုံ အရိုက်ခံရုံ ဟိုပွဲတက် ဒီပွဲတက် ဒီလိုနဲ့ မိုးချုပ်နေတယ်၊ အမျိုးသမိးတွေလဲ ဒီလိုပဲ။ ဘာမှာ တိကျတဲ့ အာဂျင်ဒါ မရှိဘူး။ မီးစင်ကြည့်ကနေကြတယ်။ ဒါ နိုင်ငံရေး မဟုတ်ဘူး။ ငွေ သိန်း ၅၀၀ ၊ ၁၀၀၀ ရံပုံငွေ ရတာ ဟိုလှူ ဒီလှူ လုပ် ဟိုသွား ဒီသွား ရုံနဲ့ ပြည်သူ က ကြိုက်မယ် ထင်ရင် သနားတယ်။ အပြစ်ပြောတယ် မထင်နဲ့။ အပွင့်လင်းဆုံး ဝေဖန်တာပဲ။ ကိုယ့်ကိုကိုယ် သိကြ။

  2. Ko Min Ko Naing and 88s have already understood what the ending of that commission will be. Everybody wise enough to see the foreseeable future can predict what the result of that commission will be.
    If you cannot understand, listen listen again all the speech of Daw Aung San Suu Kyi at Latpandaung until you understand. Now, she is not at the side of public who have been suffering because of that project.
    Ko Min Ko Naing and 88s will stand at the side of public to explore the right thing.
    It is the reason why they do not want to participate in that commission.
    I believe Ko Min Ko Naing and 88s. They will be faithful to the public as they understand how much people believe them and expect them.

  3. I really like to say “Thinks” to Ko Pauk.
    I would like to express the following comments regarding Ko Pauk’s article.
    1. NLD submitted an emergency proposal to make inquiry on Latpantaung copper project on Parliament (Lhuttaw) on Nov. 23rd 2012. Lhuttaw approved it.
    2. DASSK planned to go and meet people of protest camp on Nov 29th. 2012 after a series talk with authority concerned on copper project.
    3. Police did bloodshed of brutal crush as war zone on peaceful protesters of Latpantaung on 29th. Nov 2012 before hours of DASSK’s visit.
    4. DASSK went and met bloodshed images of Latpantaung field and asked for inquiry on bloodshed of brutal crush on 29th and 30th of Nov 2012
    5. When was 88 students official request of inquiry for what and how on either protest camps or copper project. (It might be I missed to learn their proposal. I really did not know about that)
    6. I am sure 88 students are missing their main path to go. They are satisfying artificial warm welcome of officials of government body.
    7. I would like to give a present of slogan to 88 students “A small boat should not go too far away from coast. It is very dangerous. “
    8. My comment does not mean down grade on 88 students. I am still a permanent upholder of 88 students.

Comments are closed.