နာဂိုယာမြို့တွင် မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံရေးအကျဉ်သားဟောင်း ဆရာတော်တွေ့ဆုံ

မိုးမခအထောက်တော် (နာဂိုယာ)
ဒီဇင်ဘာ ၂၊ ၂၀၁၂ 
 

ဂျပန်နိုင်ငံ နာဂိုယာ မြို့သို့ ရောက်ရှိနေသော နီုင်ငံရေးအကျဉ်းသားဟောင်းဆရာတော် ဦးဇဝန နှင့် မြို့ခံဒီမိုကရေစီ အင်အားစုများတွေ့ဆုံပွဲကို ၁-၁၂-၂၀၁၂ နေ့က ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ  မြန်မာ့ ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာနယ်မြေ) ရုံးတွင် ပြုလုပ်ကြသည်။ နံနက်-၁၀နာရီ တွင် ဆရာတော်ထံမှ သီလခံယူခြင်း တရားနာယူခြင်းများကိုပြုလုပ်သည်။

ဆရာတော် မှ ဂျပန်နိုင်ငံရောက် မြန်မာများ၏ တိုင်းပြည်အပေါ် ထားရှိသည့် နိုးကြားတက်ကြွသောစိတ်ဓာတ်ကို အားရဝမ်းမြောက်ကြောင်း ပြောကြားပြီး လတ်တလော မြန်မာပြည်တွင်း၌ ဖြစ်ပေါ်နေသော အရေးကိစ္စနှင့် ပတ်သက်ပြီး အဝေးရောက် မြန်မာမိသားစုတို့မှ နိုင်ရာကနေ သံဃာတော်တို့အတွက် ပံ့ပိုးမှုကို ပြုကြရန် မိန့်ကြားတော်သည်။ မြန်မာ့ နိုင်ငံ ရေးကိစ္စရပ်တို့နှင့် ပတ်သက်ပြီး ဆန္ဒသဘောထားတို့ကို အဖွဲ့ခေါင်းဆောင်  ဦးအောင်အေးဝင်းနှင့် ဦးရဲတင့် တို့မှ  ဆွေးနွေးလျှောက်ထားကြသည်။ အဖွဲ့ဝင်တို့မှလည်း အသီးသီး အမြင်များကို ပြော ကြားကြပြီးနေ့လည် တနာရီခွဲ့တွင် တွေ့ဆုံပွဲကို ရပ်နားကြသည်။ ယခုတွေ့ဆုံပွဲသည် နှစ်ပေါင်းများစွာကွဲကွာနေသာမိသားစု များပြန်လည်တွေ့ဆုံသည့် ပမာ နွေထွေးပွင့်လင်းမှု ရှိကြောင်း နှင့် မြန်မာပြည်အရေး နိုင်ရာကဝင်ရောက်ထမ်းရွက်လိုသောစိတ်ဓာတ်များကိုအားရကြောင်း ဆရာတော်မှ မှတ်ချက်ချ မိန့်ကြားတော်မူခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts