ကဗျာ

ဆေးပေါင်းပျက်တဲ့ မနက် (Yan Naing Tun)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆေးပေါင်းပျက်တဲ့ မနက်
ရန်နိုင်ထွန်း၊ လွတ်မြောက်နယ်မြေ၊ ကိုရီးယား
နိုဝင်ဘာ ၃၀၊ ၂၀၁၂
လက်ပံတောင်း
ဆေးပေါင်းခတဲ့ည
နောက် တမနက်မှာ
မင်းသားခေါင်းဆောင်းထားတဲ့
ပဉ္စလက်သမားတွေက
ဘီလူးအကြောင်းပြတဲ့ 
နက္ခတ် ထ ခဲ့လေသလား၊
လက်ပံတောင်း
မြမောင်းရောင် တောင်မြေ တ၀ိုက်ကို
ကျပ်တင်ကာ မီးကျည် မြှိုက် ရက်တယ်၊
လက်ပံတောင်း
နင့် အကြောင်းကို ပြန်ကာတွေးရင်
ရန် ငါ တွေ မပြီး မပြတ်သေးလေသမို့
သံဃာတွေ မီးလောင်တိုက် အသွင်းခံရပြီပေါ့
လက်ပံတောင်း
ဆေးပေါင်းပျက်တဲ့ မနက် ခင်းမှာ
အနိဌာ အဆင်းနဲ့  ယွင်းခဲ့ပြီသကော ။      ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts