ဓာတ်ပုံသတင်း

လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေးဆန္ဒထုတ်ဖော်လှုပ်ရှားမှု ပြည်မြို့တွင် ပြုလုပ်

 

လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေးဆန္ဒထုတ်ဖော်လှုပ်ရှားမှု ပြည်မြို့တွင် ပြုလုပ်

မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၂၈၊ ၂၀၁၂

ဒေသခံများနှင့် အာဏာပိုင်များအကြား အငြင်းပွားနေသည့် လက်ပံတောင်းတောင် စီမံကိန်းအရေးအခင်းတွင် ဒေသခံ နစ်နာသူ တောင်သူလယ်သမားများ၊ မိသားစုများနှင့်အတူ ထောက်ခံရပ်တည်ကြောင်း ပြည်မြို့နေ ပြည်သူတို့က ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။ ပန်းချီဆရာ မြင့်စိုး (PDE) နှင့် ပြည်မြိ့ဒေသခံတို့က လက်ပံတောင်းတောင်ဒေသခံတို့ မလိုလားသည့် စီမံကိန်းများ ရပ်တန့်ရေးကို ဆန္ဒထုတ်ဖော်ခြင်း၊ အနုပညာဖြင့် သရုပ်ဖော်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။

ယခုနှစ်ဆန်းကတည်းက စစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့် တရုတ်သတ္တုတူးဖောင်ရေးကုမ္ပဏီတို့က ဖက်စပ်သတ္တုတူးဖော်ရေးစီမံကိန်းကို လက်ပံတောင်းတောင်ဒေသတွင် ဆောင်ရွက်လျက်ရှိရာ ဒေသခံများက ၎င်းတို့၏ လူမှုဘ၀၊ စီးပွားရေးဘ၀နှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်နစ်နာ ဆုံးရှုံးခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ဥပဒေမဲ့ ကန့်သတ်နှိမ်နှင်းခံရခြင်းတို့ကြောင့် ကန့်ကွက်ဆန္ဒပြမှုများ၊ သပိတ်တားခြင်း၊ သပိတ်စခန်းများ ဖွင့်လှစ်ခြင်းနှင့် စီမံကိန်းများ ရပ်တန့်ရန်အထိ တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

ယခုသတင်းရရှိချိန်တွင် လက်ရှိကြံ့ဖွံ့အစိုးရက ထိုဒေသတွင် ဖွင့်လှစ်ထားသော ဒေသခံတို့၏ သပိတ်စခန်း ၆ ခုကို အကြမ်းဖက် ဖြိုခွဲတိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေးဆန္ဒထုတ်ဖော်လှုပ်ရှားမှု ပြည်မြို့တွင် ပြုလုပ်
  1. လုံထိန်းတပ်ဖွဲ့တွေက ဆန္ဒပြတဲ့ ဘုန်းတော်ကြီးတွေ၊ လူတွေကို ရက်ရက်စက်စက် နှိပ်စက်နေပြီ။ တနိုင်ငံလုံး ဆန္ဒပြကြပါ။

Comments are closed.