သတင်းပဒေသာ

ပြည်ပရောက် ကချင်မဟာမိတ်များက အိုဘားမားခရီးစဉ်ကို သဘောထားထုတ်ပြန်

ပြည်ပရောက် ကချင်မဟာမိတ်များက အိုဘားမားခရီးစဉ်ကို သဘောထားထုတ်ပြန်

မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၂

နိုင်ငံတကာရှိ ကချင်တိုင်းရင်းသားအဖွဲ့ ၃၄ ဖွဲ့က နိုဝင်ဘာ ၁၉  ရက်တွင် လာရောက်မည့် အမေရိကန်သမ္မတခရီးစဉ်အပေါ် သဘောထားတရပ် ထုတ်ပြန်လိုက်သည်ကို လက်ခံရရှိသည်။ လာမည့် ရက်သတ္တပတ်အတွင်း၊ မြန်မာပြည်သို့  ၆ နာရီကျော် ခေတ္တ၀င်ရောက်မည့် သမ္မတကြီး အိုဘားမားအနေဖြင့် မြန်မာအစိုးရလက်ရှိ နိုင်ငံရေးအခြေအနေအပေါ် အလွန်အကျွံအကောင်းမြင်မှုများ၊ ထောက်ခံမှုများ မပြုလုပ်ရန် စုပေါင်းသဘောထားတရပ် တင်ပြထားသည်ကို တွေ့ရသည်။ မြန်မာပြည်အတွင်း လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များ အပြည့်အ၀မရှိသေးခြင်း၊ လက်ရှိကချင်ပြည်နယ်တွင်း စစ်တပ်၏ ထိုးစစ်များကြောင့် ပြည်သူ ၉  သောင်း၊ ဒုက္ခသည်စခန်း ၂၄ ခုဖြင့် ကစဥ့်ကလျား ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် မိမိတိုင်းပြည်၏ ဒီမိုကရေစီ တန်ဖိုး စံချိန်ထိုးပြီး မြန်မာပြည်အရေးကို ပြောဆိုဆောင်ရွက်စေလိုကြောင်း ပြောကြားထားသည်။

မူရင်း အင်္ဂလိပ်ဘာသာကို သည်နေရာမှာ ဖတ်နိုင်ပါပြီ။

15th nov 2012 – Kachin letter to Obama on Burma Trip

(Photo – Kachin children who fled fighting in June are being fed in the KIA-controlled town of Laiza, near the Chinese border (KIO))



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ပြည်ပရောက် ကချင်မဟာမိတ်များက အိုဘားမားခရီးစဉ်ကို သဘောထားထုတ်ပြန်

Comments are closed.