ကဗျာ

ပဲ့တင် ကြိုးကြာသံ (Kyaw Home)

ပဲ့တင် ကြိုးကြာသံ
ကျော်ဟုန်း
နိုဝင်ဘာ ၁၆၊ ၂၀၁၂
 ဆုတောင်းနေရင်း မေတ္တာပို့ နေရင်းကြားက
ဓမ္မတာက အပေါ်စီးကနေ ငါတို့ ကို ပြုံးပြလိုက်ပြီ
နေအကွယ် တောင်စွယ်တန်းကို ဖြတ်သန်းခဲ့ ကြိုးကြာ
မျက်ရည်စိုဝတ်ရုံဆင်လို့ 
မြင်ကွင်းကို ကြည့်နေမယ် (ကြိုးကြာကြီး..သိပါစေ)ငါတို့ သွေးတွေထဲ ဒီဝိညာဉ်စွဲကပ်ဆဲ ယုံပါ
အရှုံးမပေးဖို့  မိငယ်ကို အားပေးရင်း
စိတ်ဝမ်းမကွဲဘဲ အချင်းချင်း ညီစေမင်းခဲ့
ယုံကြည်ရာ တောတောင်ရေမြေအထပ်ထပ်ဖြတ်လို့ 
ကြိုးကြာသံဟစ် အုပ်ဖွဲ့ ပျံသန်း
ခုထိပါပဲ ကြိုးကြာကြီးရေ…ယုံ။

သိုက်မြုံဟောင်း မစွန့် ချင်ဘဲ စွန့် ရသူတွေနဲ့ 
သိုက်မြုံသစ်နေ၊ သိုက်မြုံဟောင်းနေ တေးညီငှက်တို့ ကိုယ်စား
အားမာန်ဖြည့်ပေး ပျံဝဲခဲ့တဲ့ ကြိုးကြာကြီး
ငါတို့ လဲ တောင်စွယ်နေကွယ် စောင့်နေဆဲပါပဲ။

လွမ်းဝတ်မှုံသင်းပျံ့  မင်းကတော့တာဝန်ကျေ
ငါတို့ လဲ တောင်စွယ်နေမကွယ်သေးသရွေ့ 
မွေးဖွားရာအရပ် ပျံဦးမယ့်ကြိုးကြာတွေပါ
ကတိပြုပါတယ် သွားနှင့်တဲ့ကြိုးကြာကြီး။

ယုံကြည်ချက်တွေနဲ့ ယုံကြည်ရာကိုဖြတ်
တောင်ပံမညောင်း တောင်ပံမကျိုးသရွေ့ 
ပျံရင်းနဲ့ သေမယ် လေမှာဝဲရင်းကြွေမယ်
ကြိုးကြာသံပြိုင် ကျူးရင့်လို့ လေ။

နောက်ဆုံးမဟုတ်တဲ့ နောက်ဆုံးနဲ့ 
ရင်အသည်းထဲက ဆုတောင်း
ကိုတိုးကြီးရေ..ကြိုးကြာကြီးရေ….
ပျံသန်းရာ ကောင်းရာသုဂတိလားပါစေ
လားရာတွေတိုင်း သုဂတိလွှမ်းပါစေ…။    ။

(နိုဝင်ဘာ ၁၅၊ ၂၀၁၂ တွင် စင်္ကာပူမှာကွယ်လွန်သွားခဲ့သော တေးသံရှင် ကိုခင်မောင်တိုးသို့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ပဲ့တင် ကြိုးကြာသံ (Kyaw Home)
  1. အရမ်းသဘောကျပါတယ်။ကိုယ်တိုင်ကလည်း ကဗျာကိုဝါသနာပါတယ်။ကိုခင်မောင်တိုး အတွက်ဝမ်းသာရပါတယ်။နှမြောစရာလည်းကောင်းတယ်လေ။မြန်မာပြည်မှာက ရှားတယ်လေ။

Comments are closed.