ရခိုင်ပြည်အရေးအခင်း ဘေးသင့်သံဃာတော်များသို့ ဘေးဧရိယာဆရာတော်များက န၀ကမ္မလှူဒါန်း
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၁၄၊ ၂၀၁၂
ရခိုင်ပြည်နယ်အရေးအခင်းများအတွင်း ဘေးသင့်သံဃာတော်များအတွက် န၀ကမ္မအလှူတော်ကို ဆန်ဖရန်ဘေးဧရိယာရှိ ဆရာတော်များစုပေါင်း ပြုလုပ်ခဲ့သည်။ ဆရာတော်များ၏ စုပေါင်းန၀ကမ္မ အလှူတော်ငွေ အမေရိကန်ဒေါ်လာ ၃၁၀၀ကို နယူးဝပ်မြို့ အလိုတော်ပြည့် ဗောဓိသုခဓမ္မရိပ်သာကျောင်းတွင် သီတင်းသုံး လျက်ရှိသော အလိုတော်ပြည့်ဆရာတော်ကြီးထံသို့ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်းဆရာတော် အရှင်ဥာဏိကာဘိဝံသက နိုဝင်ဘာ ၁၂ က ကိုယ်စားသွားရောက် လှူဒါန်းခဲ့သည်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို ဗေးဧရိယာရှိသံဃာတော်များက စုပေါင်းလှူဒါန်းသော နဝကမ္မအလှူတော်စာရင်းမှာ …
ဆရာတော်များ ဓမ္မာနန္ဒဝိဟာရ ဟာ့မွန်းဗေးမြိုံ ဒေါ်လာ ၇၀၀
ဆရာတော်များ မေတ္တာနန္ဒဝိဟာရ ဖရီးမောင့်မြို့ ဒေါ်လာ ၅၀၀
ဆရာတော်နှင့်တပည့်များ တထာဂတရိပ်သာ ဆန်ဟိုဆေးမြို့ ဒေါ်လာ ၅၀၀
ဆရာတော်များ တောင်ပုလုကမ္ဘာအေး ဘော်ဒါခရိမြို့ ဒေါ်လာ ၃၀၀
ဆရာတော် ရတနာဥာဏ်ရောင် ဒေလီစီးတီးမြို့ ဒေါ်လာ ၂၀၀
ဆရာတော် မုဒိတာရွှေကျောင်း ဟေးဝပ်မြို့ ဒေါ်လာ ၃၀၀
ဆရာတော်များ ဓမ္မအေးရိပ် ဥက္ကလံမြို့ ဒေါ်လာ ၄၀၀
စုစုပေါင်း ဒေါ်လာ ၃၁၀၀
ဦးဝဏ္ဏိတ အလိုတော်ပြည့်ကျောင်း နယူးဝပ်ကလည်း ဒေါ်လာ ၃၀၀ ဖြည့်စွက်လှူဒါန်းသဖြင့် စုစုပေါင်း ဒေါ်လာ ၃၄၀၀ လှူဒါန်းနိုင်ခဲ့ပါသည်။