ဓာတ်ပုံသတင်း

ရွှေညဝါဆရာတော်ရဲ့ ကနေဒါဓမ္မခရီးနှုတ်ဆက်ပွဲ ဗန်ကူးဗားမှာကျင်းပ

ကျော်ဟုန်း
နိုဝင်ဘာ ၁၃၊ ၂၀၁၂
ရွှေညဝါဆရာတော်ဟာ ဗန်ကူးဗား၊ တိုရန်တို၊ ကယ်လ်ဂါရီ၊ စက်စကာတွန်းမြို့ များကို ဓမ္မဒူတခရီးလှည့်လည်ခဲ့ပါတယ်။ (နိုဝင်ဘာ၊  ၁၂ ၊ ၂၀၁၂) နံနက်(၈)နာရီခွဲမှာ ရွှေညဝါဆရာတော်၊ ဦးသူရိယ၊ ဗုဒ္ဓရံသီ ဦးဂေါသက၊ ထိုင်ဝမ်ဆရာတော် ဦးနန္ဒဝံသ တို့ ဟာကယ်လ်ဂါရီ၊ စက်စကာတွန်းမှ ကထိန်သင်္ကန်းကပ်၊ ဒုလ္လဘရဟန်းခံရှင်ပြုနဲ့ တရားပွဲအပြီး ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာကြပါ တယ်။

ဗန်ကူးဗား ဗုဒ္ဓရံသီကျောင်းမှ ဂေါပကများဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုကိုလေး၊ ကိုတင်နွယ်နဲ့ မိတ်ဆွေများအပြင် ကပ္ပိယ-ကိုမိုး၊ ကိုမောင်မောင် သိန်း၊ ကိုသန်းဝင်း၊ ကျော်ဟုန်း(မီဒီယာ) တို့ လဲ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ နိုဝင်ဘာ (၁၂)ရက်နေ့ တွင် ရွှေညဝါဆရာတော်ဟာ ဗန် ကူးဗား ဗုဒ္ဓရံသီကျောင်းမှာ နေ့ ဆွမ်းအပြီး ပထမတရားပွဲနဲ့  ဒုတိယတရားပွဲကို  ည(၆)နာရီမှ (၈) နာရီခွဲထိ ကြွရောက်လာတဲ့ပိရိသတ်များကို နှုတ်ဆက်တရား(၂)ပွဲ ဟောပြောတော်မူပါတယ်။ ပထမတရားပွဲမှာ “ပြည်ပရောက်ရောက်နေပေမယ့် အမျိုးဘာသာ၊ သာသနာအကျိုးဆောင်ရွက်နိုင်ခြင်းမှာ ရှေးကုသိုလ်ကံ၊ပါရမီကြောင့်ဖြစ်ကြောင်း၊ မိမိနိုင်ငံရဲ့အကျိုးကိုလဲ အခွင့်အခါသင့်လျှင် ပြန်ဆောင်ရွက်သင့်ကြောင်း” များကို တရားအတွင်း ထည့်သွင်း ဆုံးမသြဝါဒပေးခဲ့ပါတယ်။

 ညပိုင်းတရားပွဲမှာလဲ “ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သည့်အတိုင်း သံဃာတော်များဟာ သာသနာ တိုးတက်ပြန့် ပွားရေး၊သာသနာဖျက်များရန်မှကာကွယ်ရေး၊ ကိုးကွယ်သည့် ဒကာများအကျိုးများအားရှေ့ ရှုဆောင်ရွက်ရေးတို့ ကိုဆောင်ရွက်နိုင်မှသာသနာ့ဝန်ထမ်းဖြစ်နိုင်ကြောင်း၊  ထို့ အတူ မြန်မာပြည်သူများ တချို့ က ပြည်သူ့ ဝန်ထမ်းကို အစိုးရဝန်ထမ်းဟု အမှတ်မှားနေကြကြောင်း၊ ပြည်သူများထံမှ ရရှိသည့် အခွန်များဖြင့် နိုင်ငံ့ဝန်ထမ်းများအား လစာငွေပေးရသဖြင့် ပြည်သူ့ ဝန်ထမ်းဟုသာခေါ်ထိုက်ကြောင်း၊ အစိုးရသည်ပင်ပြည်သူ့ ဝန်ထမ်းဖြစ်၍ ပြည်သူများကောင်းကျိုးဆောင်ရွက်နိုင်မှသာတာဝန်ကြေပြီး လူချစ်ကြမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်တို့ အပေါ် တာဝန်ကြေရန် ပြည်သူလုထု လူကြီးတိုင်းတွင် တာဝန်ရှိကြောင်း၊ ကိုယ်တိုင်ကြီးကျယ်ဖို့ ထက် တိုင်းပြည်ကြီးကျယ်အောင် ဆောင်ရွက်နိုင်ဖို့  ပို အရေးကြီးကြောင်း” မှတ်သားဖွယ်စကားများလဲ တရားထဲမှာ ထည့်သွင်းဟောကြားခဲ့ပါတယ်။

ရွှေညဝါဆရာတော်ကို ပြည်ပရောက် မြန်မာပြည်သားများက တိုင်းပြည်နှင့်လူမျိုးကိုချစ်တဲ့ဆရာတော်၊ သာသနာ့အကျိုးတိုးပွားရန် ဆောင်ရွက်နေတဲ့ဆရာတော်အဖြစ် ကြည်ညိုသဒ္ဓါပွားကြတာကို တွေ့ မြင်ရပါတယ်။ ဆရာတော်ဟာ ကနေဒါနိုင်ငံမှာ (၂)ပတ်ကြာရောက်ရှိ နေချိန်အတွင်း ဗန်ကူးဗား၊ တိုရန်တို၊ ကယ်ဂါရီ၊ စက်စကာတွန်းမြို့ များမှာ  ဒကာများရဲ့ဆန္ဒကို  ဖြည့်ဆီးပြီး တရားများ မနေမ နား ဟောခဲ့ပါတယ်။ ၄င်းမြို့ (၄)မြို့ မှ ဆရာတော်အား လှူဒါန်းငွေစုစုပေါင်း ကနေဒါဒေါ်လာ (၁၅,၀၀၀) ရရှိခဲ့ကြောင်း သိရပါတယ်။

(နိုဝင်ဘာ၊ ၁၃ ၊၂၀၁၂) င်္နနက် (၁၁)နာရီ မှာ ဗန်ကူးဗား၊ ကနေဒါနိုင်ငံမှ ထိုင်းနိုင်ငံကို လေယာဉ်ဖြင့် ကြွချီသွားပါတယ်။  ထိုင်း နိုင်ငံမှာလဲ ရွှေညဝါဆရာတော်ဟာ တရားပွဲများကျင်းပဦးမှာဖြစ်ကြောင်း သိရပါတယ်။ ရွှေညဝါဆရာတော်ဟာ သံဃာ့ဝိနည်းအတိုင်း ကျင့်ကြံနေထိုင်ပြီး သာသနာ့တော်တည်တံ့ပြန့် ပွားရေးလုပ်ဆောင်နေတဲ့ ရဟန်းဖြစ်တဲ့အပြင် မိမိတိုင်းပြည်နဲ့ လူမျိုးအကျိုးကို လိုအပ်လာရင်နောက်မတွန့် ဘဲ ကိုယ်ကျိုးစွန့် ဆောင်ရွက်တတ်သည့်ရဟန်းတော်မြတ်ဖြစ်သဖြင့် ပြည်တွင်းပြည်ပမြန်မာပြည်သားအများစုက လေးစားကြည်ညိုမှုအရရှိဆုံး ဆရာတော်တပါးလဲ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts