သတင်းပဒေသာ

ရွှေဘိုငလျင်သင့်သူများ အရေးပေါ်ကူညီရေး ပြည်ပရောက်မြန်မာတို့ လှုံဆော်

ရွှေဘိုငလျင်သင့်သူများ အရေးပေါ်ကူညီရေး ပြည်ပရောက်မြန်မာတို့ လှုံဆော်

မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၁၃၊ ၂၀၁၂၈

နိုဝင်ဘာ ၁၁ ရက်နေ့က မြန်မာပြည်အလယ်ပိုင်း၊ ရွှေဘိုမြို့ နှင့် အခြားမြို့တော်များတွင် အင်အား ၆.၈ အင်အားရှိသော ငလျင်ဒဏ်နှင့် အခြားငလျင်များ လှုပ်ပြီးနောက် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် အဆောက်အုံများ ပျက်စီးဆုံးရှုံးမှုများကို သတင်းများအရ တွေ့ရှိရသည်။

မြန်မာပြည်တွင်းရှိ လူမှုရေးကူညီမှုအသင်းများ၊ ဘုန်းတော်ကြီးများ၏ အသင်းအဖွဲ့များကလည်း ငလျင်ဘေးသင့်ဒေသခံများကူညီရေး နှင့် ဆေးကုသရေးတို့အတွက် တတ်နိုင်သလောက် စတင်ကူညီမှုများ စတင်နေပြီ ဖြစ်သည်ဟုဆိုသည်။ ရန်ကုန်မြို့အခြေစိုက် NLD ပါတီ၏ လူမှုကူညီရေးအစီအစဉ်အဖြစ် ဘေးသင့်ရာ တိုင်း ၂ တိုင်းကို ကူညီရန် ဒေသခံ ပါတီတာဝန်ခံများကို ညွှန်ကြားခြင်း၊ ကူညီမှုအလှူငွေ မတည်ခြင်းတို့ကို ဆောင်ရွက်သကဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကလည်း ရွှေဘိုမြို့ဗဟိုပြု ဆေးကုသခံ လူနာများထံ ဆေးနှင့် ကျန်းမာရေးဆိုင်ရာ ကူညီမှုများ စီစဉ်ခြင်း၊ အမြန်ဆုံး တင်ပို့ခြင်းတို့ ပြုလုပ်လျက်ရှိပြီ ဟု သိရှိရသည်။

ထို့အတူ ပြည်ပရောက် မြန်မာကွန်မြူနီတီများကလည်း မိမိတို့ နီးစပ်ရာ အသင်းများ၊ မိတ်ဆွေများ စုစည်းလျက် အလှူငွေများ ကောက်ခံခြင်း၊ ငလျင်သင့် ဒေသခံများကို ကူညီနေသည့် မြန်မာပြည်တွင်းရှိ အဖွဲ့အစည်းများထံ အမြန်ဆုံး ပေးပို့လှူဒါန်းခြင်းတို့ကို ပြုလုပ်နေပြီ ဖြစ်သည်ဟု ဆိုသည်။ စင်္ကာပူနိုင်ငံရှိ မြန်မာအင်ဂျင်နီယာလူငယ် စေတနာရှင်အချို့က တနင်္ဂနွေနေ့ညနေခင်းတွင် စုဆောင်းရရှိသော အလှူငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် အင်န်အယ်ဒီပါတီ ဌာနချုပ်သို့ တဆင့်လှူဒါန်းရန် စီစဉ်နေသည်ဟု မိုးမခသို့ ပြောကြားသည်။ ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာကွန်မြူနီတီက လှုံဆော်သူများနှင့် မိတ်ဆွေများကလည်း မိမိတို့အသိုင်းအ၀ိုင်း အသီးသီး စုဆောင်းလှူဒါန်းကြမည်ဟု သိရှိရပါသည်။

(ရွှေဘိုမြို့အနီး၊ မလားရွာ၊ ငလျင်ဒဏ်ခံရသူ ဒေသခံဒုက္ခသည်များ – မိုးမခဓာတ်ပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts