မိုးမခကို ပေးတဲ့စာ

ကနေဒါက CFOB အသင်း ရိုဟင်ဂျာများဘက်က လိုက်ဖို့ဖိအားပေးခံနေရခြင်း


ကနေဒါက CFOB အသင်း ရိုဟင်ဂျာများဘက်က လိုက်ဖို့ဖိအားပေးခံနေရခြင်း
(အညွန်း – တင်မောင်ထူး၊ အမှူဆောင်ညွန်ကြားရေးမှူး၊ CFOB ၀က်ဆိုက်) ဥမ္မာဦး ဘာသာပြန်

နိုဝင်ဘာ ၉ ၊ ၂၀၁၂

လပေါင်းများစွာစဉ်းစားပြီး နောက်ကျွန်တော်ဟာ CFOB (Canadian Freinds of Burma) အဖွဲ့ရဲ့ ကွန်ယက်ထဲမှာဖြစ်နေတဲ့ြ ပြသနာကိုဖွင့်ဟဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ 

CFOB အဖွဲ့ဟာ ၁၉၉၀ ခုနှစ်ထဲက မြန်မာပြည်လူ့အခွင့်အရေးရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ယခုအခါမှာ ကျွန်တော်တို့အဖွဲ့ဟာ အထူးသဖြင့် လက်ရှိရခိုင်ပြည်မှာဖြစ်နေတဲ့ ပြည်တွင်းနေရခိုင်ဗုဒ္ဓဘာသာများနဲ့ ရိုဟင်ဂျာလို့ ခေါ်တွင်ထားတဲ့ ရိုဟင်ဂျာမူစလင်များအကြား ပဋိပက္ခတွေမှာ ရိုဟင်ဂျာမူစလင်များ ဖက်ကနေ လိုက်ဖို့ အပြင်းအထန် ဖိအားပေးခံရပါတယ်၊

ဘယ်လောက်ထိ ဖိအားပေးခံရသလဲဆိုရင်ဖြင့် CFOB ဟာ ကနေဒါအဖွဲ့အစည်းများ စုပေါင်းထားတဲ့ကော်မတီဖြစ်တဲ့ Canadain NGOs Committee on
Burma (CNC) ကနေ ဖိအားပေး ထုတ်ပယ်ခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် CNC ရဲ့အဓိကအသင်းဝင်အဖွဲ့ဖြစ်တဲ့ အိုတဝါမှာအခြေစိုက်တဲ့ Inter Pares လို့ခေါ်တဲ့အဖွဲ့ဟာ အမြဲတမ်းဆိုသလို CFOB
ကို ရိုဟင်ဂျာမွတ်စလင်အဖွဲ့တွေကို ထောက်ခံခိုင်းပါတယ်။ မထောက်ခံလို့ဘက်မလိုက်လို့ ငွေကြေးထောက်ပံ့မှုတွေကို ရပ်တန့်ပြီး တခြားအဖွဲ့အစည်းတွေဆီက ထောက်ပံ့ကြေးတွေပါ မရအောင်၊ ရပ်တန့်အောင်ပါ လိုက်လံပိတ်ပင်ခဲ့ပါတယ်။

သိသာထင်ရှားစေတာကတော့ ကျွန်တော်တို့ရဲ့မြန်မာပြည်အရေး လုပ်ဆောင်ပေးနေတာကိုပါ ရပ်ဆိုင်းသွားစေချင်တဲ့ ရည်ရွယ်ချက်ပါရှိတယ်။ တကယ်တော့ CFOBဟာ လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နေတာဖြစ်ပြီး မည်သည့်လက်အောက်ခံမှမဟုတ်ပါ။ CFOBဟာ လူတိုင်းအတွက် အခြေခံလူ့အခွင့်အရေးရရှိအောင် လုပ်ကိုင်ပေးနေပြီး ယခုဖြစ်ပွါးခဲ့သော ရခိုင်ပြည်အရေးတွင်လည်း တဘက်ဖက်တွင် ရပ်တည်နေသည်ဟု မမြင်စေလိုပါ။

ဤသည်ကို Inter pares မှ နားမလည်ဘဲ အတင်းပင် ဘက်လိုက်ခိုင်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် လွတ်လပ်သောအဖွဲ့အစည်းရဲ့ ရုံးတွင်းဆိုင်ရာ ပေါ်လစီအပေါ် ဝင်ရောက်စွက်ဖက်နေသည်ဟု ခံစားနားလည်မိပါသည်။

တဖက်မှာလည်းကျွန်တော်တို့သိထားသော Inter Paresအဖွဲ့ဟာ CIDA လို့ခေါ်တဲ့ အဖွဲ့အစည်းကနေတဆင့် ရရှိထားတဲ့ ကနေဒီယန်းများရဲ့ အခွန်ဆောင်ထားတဲ့ ငွေကြေးတွေကို ရိုဟင်ဂျာအဖွဲ့အစည်းတွေရဲ့မီဒီယာတွေနှင့် သူတို့၏အကျိုးဆောင်နေသောအဖွဲ့အစည်းများဖြစ်တဲ့ Kaladen Press နဲ့ Arakan
Projects တို့ကို ငါးရာခိုင်နှုန်း နှစ်စဉ် ထောက်ပံ့နေတာကိုနေတာတွေ့ရပါတယ်။

ဒီKaladen Press နဲ့ Arakan Projects အဖွဲ့အစည်းတွေဟာ တကယ်တော့ မှားယွင်းနေတဲ့ သတင်းတွေ၊ အပိုချဲ့ကားထားတဲ့သတင်းတွေကို နိုင်ငံတကာစာမျက်နာတွေကို ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ ဒီလို မမှန်မကန်လုပ်ဆောင်နေတဲ့ ကမ်ပိန်းမျိုး (Campaigns) ကို CFOB ကိုလဲ ပူးပေါင်းလုပ်ဆောင်အောင် သိမ်းသွင်းနေတာဖြစ်ပါတယ်။ ဒီလိုမျိုးကို ကျွန်တော်တို့ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။

ဒီလိုမျိုးဖိအားပေးနေတဲ့အကြောင်းရင်းနောက်တခုက ယူကေ (UK) နှင့် အာရပ်ကမ္ဘာမှာ ပူးပေါင်းကြံစည်လုပ်ဆောင်နေကြောင်း ထင်ရှားတဲ့ Burma Campaign
UK (BCUK) လို့ခေါ်တဲ့အဖွဲ့အစည်းနဲလဲ လက်တွဲလုပ်ဆောင်နေတာကြောင့်လဲ ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။

 Inter Paresဟာ CFOB ကို ဒီလိုမျိုး သူတို့နှင့်အတူ မပူးပေါင်းတဲ့အတွက် ပြစ်တင်ဝေဖန်ပါတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ပါတယ်၊ လူ့အခွင့်အရေးအရေခြုံ အစွန်းရောက်တွေနဲ့တော့ အတူအလုပ်မလုပ်နိုင်ပါ။

တကယ်က CFOB ဟာ Inter Pares အဖွဲ့ကို အမေရိကန်ဒေါ်လာ မီလျံ သုံးဆယ် နီးပါး မြန်မာပြည်နယ်စပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေအတွက် စစဉ်ကထဲက အစိုးရထောက်ပံ့ကြေးပေးတဲ့အေဂျင်စီဖြစ်တဲ့ CIDA ကနေရအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ တကယ်တော့ CFOB ဟာ CIDA ကနေတဆင့် မြန်မာပြည်အရေးအတွက် ငွေကြေးအကူအညီတွေရအောင် ကူညီ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ယခုအချိန်မှာ အောင်မြင်အောင် လုပ်ဆောင်ပေးတာကတော့ ၂၀၁၀ ကနေ ၂၀၁၅ အထိ အမေရိကန်ဒေါ်လာ သုံးမီလျံ နှစ်စဉ် ပံ့ပိုးကူညီသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။ CFOB က တနိုင်ငံလုံးအတိုင်းအတာနဲ့ကနေဒါမှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေရဲ့ကူညီပါဝင်မှူနဲ့ဝန်ကြီးချုပ် Stephen Harper မှ မြန်မာပြည်ထောက်ပံ့ကြေးရအောင် လုပ်ဆောင်ခဲ့ပါတယ်။ သို့သော်၊ Inter Pares သည် ကျွန်တော်တို့အဖွဲ့လုပ်ဆောင်နေသည်ကို ကျေနပ်မှူမရှိဘဲ မသင့်တော်တဲ့အပြုအမူတွေနဲ့ အနှောင့်အယှက်များ ပေးနေခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့လုပ်ဆောင်မှူတွေဟာ တကယ်တော့လူ့အခွင့်အရေးအတွက် ရရှိအောင်လုပ်ဆောင်ပေးနေပါတယ် ဆိုတဲ့ခေါင်းစဉ်နဲ့ မလိုက်ဖက်ပဲ သွေဖီနေတာကိုတွေ့ရပါတယ်။ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေဟာ ဘာအတွက်လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီအတိုင်း ဆက်လက် လုပ်ဆောင်နေအုန်းမယ်ဆိုရင် ကနေဒါမှာ ရောက်ရှိနေတဲ့မြန်မာပြည်သူတွေအပြင် သန်းခြောက်ဆယ်သော မြန်မာပြည်သူတွေအတွက် မျက်နှာပျက်စရာ ဖြစ်နေပါတယ်။

သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ Inter Pares  ဘုတ်အဖွဲ့ဝင်များကို တိုက်ရိုက်မေးခွန်းထုတ်လိုတာက မိမိတို့အဖွဲ့အစည်းရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပြီး၊ မတူညီတဲ့သဘောထားနဲ့ ရပ်တည်နေတဲ့ CFOB အဖွဲ့နဲ့ ညိနှိုင်းအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။

Inter Pares ရဲ့ဘုတ်အဖွဲ့ဝင်တွေနဲ့စီမံခန့်ခွဲမှူအသင်းကို ဒီလင့်မှာကြည့်နိုင်ပါတယ်။

http://www.interpares.ca/en/who/staff.php

ကျွန်ုပ်အနေဖြင့်လဲ CFOB အဖွဲ့အစည်းကို တတ်နိုင်တဲ့ဖက်ကနေ ရပ်တည်ရှိနေဖို့အတွက်နဲ့ အတိုက်အခိုက် အသွင်ဆောင်တဲ့အပြုအမူတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်သင့်တာကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ရခိုင်ပဋိပကအရေးနဲ့ ပတ်သက်လို့ သဘောထားကို ဒီနေရာမှာ သိရှိနိုင်ပါတယ်။

http://www.mizzima.com/edop/commentary/7549-communal-conflicts-in-rakhine-state.html

မှတ်ချက်။။ မူရင်းစာကိုမိမိဖာသာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မူရင်းလင့်မှာ http://cfob.org/news/CFOBinCrisisWithRohingya.html (ဥမ္မာဦး)

(မိုးမခမှတ်ချက် – စိတ်ဝင်စားဖွယ် စာမူတပုဒ်ကို ကောက်နုတ် တင်ပြလိုက်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကနေဒါက CFOB အသင်း ရိုဟင်ဂျာများဘက်က လိုက်ဖို့ဖိအားပေးခံနေရခြင်း
  1. ဦးတင်မောင်ထူး စိတ်မပြက်ပါနှင့်ခင်ဗျား၊ မှန်တာကိုလုပ်နေတဲ့လူတစ်ယောက် နောက်မှာ သန်းချောက်ဆယ်ကျော်လူထူကြီးရှိနေပါတယ်။ ကနေဒါနိုင်ငံက မြန်မာမိတ်ဆွေများကလည်း
    ပြည်ချစ်မြန်မာတစ်ဦးအတွက် ၀ိုင်းဝန်းကူညီကြပါ။ Inter Pares ဘုတ်အဖွဲ့ဝင်များကို မေးကြည့်စမ်းပါ ရိုဟင်ဂျာ ဆိုတာဘယ်ကလာတဲ့ စကားလည်းဆိုတာ ? ။ ကျနော်သိသလောက်ကတော့ ရှေးပီယ ဆေးကျန်းတွေမှာပါတဲ့ ယိုဖင်ကြား ဆိုတဲ့ဆေးမြစ်နဲ့ BCUK ခရောင်းပန်း (မြန်မာအခေါ်အားဖြင့် – တောင်နှစ်လုံးကြား အော်ပွင့်တဲ့ပန်း) ကို တော်သလင်းလမှာ ဖေါ်စပ်ပြီးသောက်လိုက်ရင် – ရာသီမရွေး + + + ဖြစ်ရောတဲ့။ မိတ်ဆွေများ စပယ်တစ်ယောက် ရဲ့စကားကို အရန်းမယုံနဲ့ နော် – – –

  2. Rhohinga are invaders of Muslim colony, racist, terrorists, don’t give them make wrong information,
    You are hero

Comments are closed.