မိုးမခကို ပေးတဲ့စာ မိုးမခရုပ်သံ

ရေလဲ၊ ဂျုံးကျ၊ ဆကာအင်းကို အလွဲသုံး ဖျက်စီးမှု သမ္မတထံ တိုင်ကြား (Letter)

ရေလဲ၊ ဂျုံးကျ၊ ဆကာအင်းကို အလွဲသုံး ဖျက်စီးမှု သမ္မတထံ တိုင်ကြား

ဒေသခံ နစ်နာသူများ၊ နိုဝင်ဘာ ၆၊ ၂၀၁၂

တိုက်ကြီးမြို့နယ် (ရန်ကုန်တိုင်း)နှင့် ဓနုဖြူမြို့နယ် (ဧရာဝတီတိုင်း) နယ်နမိတ်ရှိ အဆိုပါ အင်းကို ငါးဦးစီးဌာနက အင်းနယ်နမိတ်ထက် ကျော်လွန်ချဲ့ထွင်ခြင်း၊ အင်းလေလံနိုင်သူ အင်းသားကြီးများက ဒေသခံများ စားဝတ်နေရေးထိခိုက်အောင် ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းတို့ကို နိုင်ငံတော်သမ္မတကြီးထံ တိုင်ကြားလိုက်သည်ဟု ဖော်ပြထားသည်။ 

  

တိုင်ကြားသူ ဒေသခံများအနက်က ရုပ်သံဖြင့် ပြောကြားသည်ကိုလည်း တင်ပြလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ရေလဲ၊ ဂျုံးကျ၊ ဆကာအင်းကို အလွဲသုံး ဖျက်စီးမှု သမ္မတထံ တိုင်ကြား (Letter)
  1. ဈေး ကော်မတီ ဥက္ကဌ ၏ ညီ ဆိုပြီး လူသွားလမ်း ကိုပိတ်ပြီး မီလောင်လွယ်သည့် ပစ္စည်းများအားဖြစ်သလိုထားရှိခြင်း
    ဧရာဝတီတိုင်းဒေသကြီး။ဟင်္သာတမြို့ ။မန်းဘခိုင်လမ်း။ဥယာဉ်မြောက်ရပ်ကွက် တွင်ရှိသော ပဒေသာဈေးကြီး မှ တချို့ ဆိုင
်တွေ ဟာ အတွင်းလမ်းတွင်သာမက အပြင်လမ်းကျယ်တွေမှာရော ကျွန်မတို့  ဘယ်လိုမှသွားလာလို့ မရအောင်ပိတ်ဆို့ နေပြီး ဈေးကော်မတီကိုသွားတိုင်တော့ လည်းသူတို့ နဲ့ မသိတဲ့ ဆိုင်တွေကျတော့ နောက်ဆုတ်ခိုင်းတယ်။ဥက္ကဌ နဲ့ အမျိုးတော်သည့် ဆိုင်တွေ။ဈေးကော်မတီတွေရဲ့ ဆိုင်တွေ ကျူးကျော်နေတာကျသောဘယ်ကိုသွားတိုင်ရမှာလဲမသိဖြစ်နေပါတယ်။ကျွန်မတို့  ငွေပေါင်းများစွာ ရင်းနှီးထားတဲ့  ဈေးထဲအတွင်းမှာ အခုဆောင်းရာသီအစဖြစ်သော်လည်းပူနေတာလူတိုင်းအသိပါ မီးဘေးအတွက်ကျွန်မ စိုးရိမ်ပါတယ် သင်ငူ ။ မွေ့ ရာများ။ပရဆေးများကိုပြောတုန်းခဏ ပါဘဲဖြစ်ချင်သလိုထား ပုံမှာတွေ့ ရသည့် အတိုင်း ဆိုင် နှစ်ဆိုင်ကို ဆက်ထား စည်ပင်ကိုအကြောင်းမကြားဘဲ ဈေးခေါင်းနဲ့ ဘဲပြီး လုပ်ချင်သလိုလုပ်ထားပါတယ်အခုဆိုင်ဆိုရင် ကော်မတီကိုသွားသွားပြီးတိုင်သော်လည်း အမျိုးတွေဖြစ်နေသော့ ကြောင့်  လမ်းပိတ်ဆို့ နေပါတယ် ဒီတစ်ဆိုင်ထဲမဟုတ်ပါဘူး စည်းကမ်းမဲ့ ဆိုင်တွေအများကြီးပါ ပရဆေးဆိုတာကပူလာရင်မီးလောင်တဲ့ ဟာတွေကိုဈေးထဲမှာလာသိုလှောင်ထားတာပါ ဒါမျိုးတွေကိုသက်ဆိုင်ရာကတားမြစ်တာကိုမလိုချင်ပါဘူး ဖယ်ရှားရမှာပါ ကိုယ်ဆိုင်ကိုယ်ထားတာဘာဖြစ်လဲလို့ ပြောလို့ မရပါဘူး ဈေးထဲမှာဆိုင်ပေါင်းအများကြီးရှိပါတယ် အမိုးတွေကလည်းအရင်လို့ အပွင့် မဟုတ်လို့  ပိတ်နေသောကြောင့်  မဖြစ်မီကြိုတင်ဆောင်ရွက်တာ အကောင်းဆုံးဖြစ်မယ် ထင်လို့  ပဒေသာကိုချစ်တဲ့ ကျွန်မတို့ က သက်ဆိုင်ရာကလူကြီးမင်းများသိစေရန် နှင့် ပြင်ပြင်းထန်ထန်အရေးယူ(မျက်နှာမလိုက်)ဘဲ ကြပ်ကြပ်မတ်မတ် လုပ်ပေးပါလို့ တင်ပြအပ်ပါတယ်။

    1. ဟင်္သာတမြို့  မှာ မကြာခင် ဆောက်လုပ်တော့ မယ့် တံတားအပေါ် မြို့မိမြို့ဖများနှင့်  ဒေသ အာဏာပိုင်များ မရိုးသားမှု့ ကိုတင်ပြခြင်း
      ဧရာဝတီတိုင်း ဟင်္သာတနှင့်  ပဲခူးတိုင်း ဆက်သွယ်သော တံတားအား န.၀.တ နယက လက်ထက်မှ တည်ဆောက်ရန်အစီအစဉ် ရှိခဲ့ ပါတယ်။သို့ သော် ဗိုလ်ချုပ်မှူးကြီး ဟင်္သာတသို့ ရောက်ရှိချိန်တွင် မြို့ မိမြို့ ဖ ယခုကြံ့ ခိုင်ရေးပါတီ ဦးသန်းထွန်း မှ ဟင်္သာတ-ဇလွန်-ညောင်တုန်း- ရန်ကုန် မီးရထားလမ်းကိုတောင်းဆိုခဲ့ ပါတယ်။နိုင်ငံတော်အကြီးအကဲအား ဒေသလိုအပ်ချက်တွေအများကြီးရှိတာကို အမှန်ကို မတင်ပြဘဲ အရင်ကလယ်ဆည်ဝန်ကြီး ဦးဌေးဦး ။မီးရထားဝန်ကြီး ဦးအောင်မင်း တို၏၀င်ငွေရရေးကို ဦးစားပေးတင်ပြကာရထားလမ်းမှာ ဖွင့် ပွဲတုန်းတခါဘဲသွားလို့ ရပြီး အခုမည်သို့ မှ သွားလာလို့ မရဘဲ ပျက်ဆီးနေမှု့ မှာလက်တွေ့ မျက်မြင်ဖြစ်ပါတယ်
      ဟင်္သာတမြို့မိမြို့ဖ များသည်အာဏာပိုင်များ၏ နောက်လိုက်ဖြစ်နေသောကြောင့် ဒေသလိုအပ်ချက်အမှန်ကိုတင်ပြမည်မဟုတ်ပါ။အခုဟင်္သာတတံတား
      မှာလည်းဟင်္သာတ(လယ်တီကွင်း)ဘက်နှင့် ဟင်္သာတအောက်ရွာလေး နှစ်ဖက်ကိုသူတို့ ထင်ရာတင်ပြနေခြင်းဖြစ်ပါတယ်အမှန်လိုအပ်ချက် ထိမိအောင်ကွင်းဆင်းလေ့ လာစစ်တမ်းကောက်ယူပြီ
း အများဆန္ဒသဘောထားရယူရန်လိုအပ်ပါတယ်။ဟင်္သာတ လယ်တော်အဝေးပြေးဂိတ်ကိုလည်း ဆိုင်ခန်းများဈေးကြီးခြင်း။မြို့ ရှောင်လမ်းမပီပြင်ခြင်းတို့ ကြောင့်  ရောင်မရဖြစ်နေမှု့ ကိုအကောင်အထည်ဖေါ်ရန်အတွက် ဟင်္သာတ တံတားအားအဝေးပြေးဂိတ်နှင့် အနီးတွင်တည်ဆောက်ပေးရန်နည်းမျိုးစုံနဲ့ ကြံစည်နေပါတယ်။ထိုဆိုင်ခန်းများအား ခရိုင်။မြို့ နယ် မှတာဝန်ရှိ လူကြီးပိုင်းတွေကို တခန်းစီပေးထားခြင်းကြောင့် အာဏာပိုင်များမှ လည်း ဂိတ်နှင့် နီးစပ်ရာတည်ဆောက်ရန် ၀ိုင်းဝန်းကြံစည်ပြောဆိုနေကြပါတယ်
      အမှန်တကယ်တည်ဆောက်သင့် တဲ့ နေရာက ယခင်းသတ်မှတ်နေရာယူခဲဘူးသော(လယ်တီကွင်းဘက်)မှ ဆိုလျင်အင်မတန်ဒေသ လိုအပ်ချက်ပြည့် စုံပြီး အဆင်ပြေချောမောမှာဖြစ်တယ် ရှားခဲ။အထောင်။သောင်ကြီး။ကျုံပျော်ဒရေကြည်။ငါးသိုင်းကျောင်း ပုသိမ်ဘက်မှကားများကြံခင်း။မြန်အောင်။ပြည် အထက်ပိုင်းကကားများရော လမ်းပန်းဆက်သွယ်ေ၇းကို ပြည်သူများသွားလာစေရန်ပိုအဆင်ပြေလွယ်ကူပါတယ်။သို ပါသောကြောင့်  ဟင်္သာတတံတားအား ကျွမ်းကျင်သောပညာရှင်များ။လုပ်ငန်းရှင်များ။ဒေသခံပြည်သူ ကိုယ်စားပြု အဖွဲ့ အစည်းများ၏ သဘောထားကိုရယူပြီးတည်ဆောက်သင့် ပါကြောင်း

      1. တာဝန်ခံ ဒုပါချုပ် နှင့်  ငွေစာရင်းဌာန မှ ဌာနမှူး ဒေါ်ရီရီမြင့် တို့ ၏ လက်ကျိတ်ထိုး မှု့ များ says:

        တာဝန်ခံ ဒုပါချုပ် နှင့်  ငွေစာရင်းဌာန မှ ဌာနမှူး ဒေါ်ရီရီမြင့် တို့ ၏ လက်ကျိတ်ထိုး မှု့ များ

        ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးတစ်စိတ်တစ်ဒေသများ
        ယခုအခါ ဟင်္သာတတက္ကသိုလ်ကြီးတွင် ခန်းညားထည်ဝါသောအဆောက်အဦအသစ်ကြီးများကို တည်ဆောက်လျှက်ရှိနေပါသည်။နိုင်ငံတစ်ဝန်းလုံးရှိတက္ကသိုလ်များတွင်အဆောက်အဦ များတည်ဆောက်လျှင်ပွင့်လင်းမြင်သာစွာရှိစွာပင်နိုင်ငံပိုင်သတင်းစာများမှတင်ဒါများခေါ်ယူပြီးတည်ဆောက်လျှက်ရှိသော် လည်း ဟင်္သာတတက္ကသိုလ်မှ တာဝန်ခံဒုပါချုပ်နှင့် ငွေစာရင်းဌာနမှဌာနမှူး ဒေါ်ရီရီမြင့်တို့၏လက်ကျိတ်ထိုး ဆောင်ရွက်မှုဖြင့်ဆောက်လုပ်ရေးဦးစီးဌာနမှဆောက်လုပ်ခွင့်ရပြီးအပြင်ကန်ထရိုက်များကိုလက် ကျိတ်ထိုး ပြန်လည်ပေးအပ်နေပါသည်။ထိုအဆောက်အဦအတွက်ခွင့်ပြုငွေမှာကျပ်သိန်းပေါင်းတစ်သောင်းကျော်ရှိပြီးယခုအခငွေတစ်ဝက်အားခွင့်ပြုချထားပြီးဖြစ်ပါသည်။ထို လုပ်ငန်းများကိုရရှိရန်အတွက်ကန်ထရိုက်များသည်မူရင်းဆောက်လုပ်ရေးလုပ်ငန်းနှင့်ပူးပေါင်းရုံသာမကဒေါ်ရီရီမြင့်အားငွေကြေးများပေးပြီးတည်ဆောက်ရေးလုပ်ငန်းများကိုရရှိရန်ဝင်ထွက်လုပ်ကိုင်နေပါသည်။ထိုရရှိသော ငွေကြေးများထဲမှ တစ်ချို့တစ်ဝက်ကို ပါချုပ်နှင့်ဝေမျှစားပြီး၊တ
        စ်ချို့တစ်ဝက်ကိုအဆညမှအထက်လူကြီးများအားကန်တော့ငွေအဖြစ်ပေးရပါသည်ပါချုပ်ရုံးခန်းအတွက် AirCon ကို အထက်မှခွင့်ပြုငွေမကျသော်လည်း ဒေါ်ရီရီမြင့်မှ စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့်တပ်ဆင်ပေးပါသည်။ထိုအမျိုးသမီးသည်ထိုတက္ကသိုလ်တွင် ၀န်ထမ်းငယ်ဘ၀မှ ယခုရာထူးအထိတိုင်တာဝန်ထမ်းဆောင်နေပြီးခေတ်အဆက်ဆက်ပါမောက္ခချုပ်များ ကိုငွေစာရင်းများအစဉ်ပြေအောင်လုပ်ကိုင်ဖန်တီးပေးနေသောကျွမ်းကျင်(စာရင်းလိမ်) ပညာရှင်ဖြစ်ပါသည်။ရာထူးအမျိုးမျိုးတက် သော်လည်းမည်သည့်နေရာကိုမှမပြောင်းရွှေ့ရအောင်အထက်လူကြီးများကိုပေးကမ်းပြီးနေသူဖြစ်သည်။လူ ကြီးများနှင့်ပိုင်သဖြင့်မိမိယောင်္ကျားကိုပင်မိမိအောက်တွင်ပြန်လည်တာဝန်ကျစေ ရန်ဆောက်ရွက်ခဲ့ပြီး ကျောင်းအတွင်းရှိငွေစာရင်းများကိုကိုယ်တိုင်စိတ်ထင်တိုင်းဆောင် ရွက်ပြီးအထက်ကိုဝေမျှကျွေး၍(တိုင်းဒေသကြီးဝန်ကြီးသုံးစားမရသူဦးစိုးမြင့်ကိုပိုင်သည်ဟုဆိုကာ)အောက်ခြေမှဝန်ထမ်းများကိုဖိနှိပ်နေသူဖြစ်သည်။ ကျောင်းမှGEC၀န်ထမ်း သက်သာရန်ပုံငွေနှင့်အခြားငွေစာရင်းများကိုခေါင်းစဉ်ပြောင်း၍အပြင်တွင်ငွေတိုး ချေးစားနေသူဖြစ်ပါသည်။ထိုGECငွေကြေးများကိုမည်သည့်အောက်ခြေ၀န်ထမ်းများမှမခံစားခဲ့ ဘူးပါ။စာရင်းစစ်များလာရောက်စစ်လျှင်လည်းထိုစာရင်းစစ်များကိုပေးကမ်း၍အ စဉ်ပြေအောင်ဆောက်ရွက်နေသော ကြောင့်မည်သည့်ပြသနာမျှမတက်ခဲ့သူဖြစ်သည်။အထက်ဖော်ပြကိစ္စများကိုဟင်္သာတက္ကသိုလ်ရှိမည်သည့်ဝန်ထမ်းကိုမဆိုတစ်ယောက် ချင်းခေါ်ယူစစ်ဆေးလျှင်(မိမိတို့အားပြသနာပြန်မရှာလျှင်)အမှန်ဖွင့်ပြောပြမည့်သူများ ရှိနေပါ သည်။ထိုသို့သောဝန်ထမ်းများရှိနေသောကြောင့်နိုင်ငံတော်မှဘတ်ဂျက်ငွေများဆုံးရှုံး နစ်နာ သည့်အပြင်လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အောင်မြင်မည်မဟုတ်ပါ။

Comments are closed.