ဓာတ်ပုံသတင်း

အလှမယ်လေး နန်းခင်ဇေယျာ ပရဟိတလုပ်ငန်းများစတင်

ကျော်ဟုန်း
နိုဝင်ဘာ ၁၊ ၂၀၁၂
 
မြန်မာပြည်သားတွေရဲ့အချစ်တော် အလှမယ်လေးနန်းခင်ဇေယျာဟာ သူရည်မှန်းထား ကြေညာထားတဲ့အတိုင်းပဲ ခုဆိုရင် လူမှုရေးလုပ်ငန်း များကို စတင်လုပ်ဆောင်နေပါပြီ။
ဂျပန် အိုကီနာဝါမှာကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲမှာ သူမဟာ Miss Internet / Miss people choice Award ဆုနှစ်ခုကို ပြိုင်ဘက်နိုင်ငံပေါင်း (၆၇)နိုင်ငံက မယ်တွေထဲမှ အရွေးခံ ဆုဆွတ်ခူးနိုင်ခဲ့သူလေးပါ။ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊  မြန်မာနိုင်ငံ ဟိုတယ်လုပ် ငန်းရှင်များ အသင်းချုပ်မှာ (အောက်တိုဘာ၂၄၊ ၂၀၁၂) က ကျင်းပခဲ့တဲ့  သူမရဲ့သတင်းစာရှင်းလင်းပွဲမှာ တိုးဂိုက်စ်ရော၊ အနုပညာလုပ်ငန်း တွေပါလုပ်ဆောင်သွားမယ်လို့  ပြောခဲ့ဖူးပါတယ်။
  
ပရဟိတလုပ်ငန်းများလဲ လုပ်ဆောင်လိုတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တဲ့အတိုင်း ယခု သူမရဲ့ ပထမဆုံးရတဲ့ အနုပညာကြေး (၅) သိန်းကို ရန်ကုန်မြို့ လှည်းကူးမှာတည်ရှိတဲ့ မေတ္တာပရဟိတဂေဟာ (အနာကြီးရောဂါသည်များ  ပြန်လည်ထူထောင်ရေးဂေဟာ) မှာ (အောက်တိုဘာ ၃၀၊ ၂၀၁၂) နေ့က ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။  သူမရဲ့လှူဒါန်းမှုမှာ ဆရာကြီးချစ်စံဝင်းနဲ့ဆရာမကြီး ဒေါ်လ ဝန်းအိမ်တို့ကလည်း ပံ့ပိုးကူညီခဲ့ကြပါတယ်။
နန်းခင်ဇေယျာက နောက်လမှာလည်း တခေါက်ပြန်လာလှူဦးမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူမက ရှေ့လုပ်ငန်းစဉ်များလည်း ကြေညာဆော် သြထားပါသေးတယ်။“အားလုံး မင်္ဂလာနေ့သစ်ပါရှင်..။ ပရဟိတလုပ်ငန်းများ၊ လူမှုရေးလှုပ်ရှားမှုများကို ညီမစတင်လုပ်ဆောင်တော့မယ့်အကြောင်းကိုလဲ အသိ ပေးပါရစေ။ ညီမအနေနဲ့ ညီမနိုင်သလောက် အင်အားလေးနဲ့ ပရဟိတလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မှာပါ။ ညီမကိုချစ်တဲ့ အားပေး တဲ့ ညီမရဲ့ပရိသတ်ကြီးကိုလဲ ညီမနဲ့ အတူ လှုပ်ရှားမှုများမှာ နိုင်သလောက်ပါဝင် လှူဒါန်းကူညီပေးကြမယ်လို့ ယုံကြည်ပါတယ်။ ညီမ လုပ် ချင်တဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ညီမနဲ့ တတ်နိုင်သလောက်လုပ်ဆောင်နိုင်အောင် တလချင်းစီကို ခေါင်းစဉ်တွေခွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

ညီမသူငယ်ချင်းတွေနဲ့ ပရိသတ်တွေအနေနဲ့လည်း  ကိုယ်နှစ်သက်တဲ့ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းနိုင်ကြပါ တယ်။ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းနိုင်အောင်လဲကြိုးစားသွားပါ့မယ်။ ညီမကို မြန်မာနိုင်ငံသားတွေပေးထားတဲ့နေရာ၊ ပေးထားတဲ့မေတ္တာတွေအတွက် ညီမ အကောင်းဆုံးလုပ်ဆောင်သွားပါ့မယ်” လို့  နန်းခင်ဇေယျာနဲ့ ဆက်သွယ်မေးမြန်းခွင့်ရစဉ် သူမက ကတိပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

10 thoughts on “အလှမယ်လေး နန်းခင်ဇေယျာ ပရဟိတလုပ်ငန်းများစတင်
  1. ဒီလို ကောင်းမှုတွေနဲ့ စတင်ခြင်းဟာ အင်မတန် မင်္ဂလာရှိပါတယ်။
    သာဓု.. သာဓု.. သာဓု..

  2. သာဓုခေါ်ပါတယ်ဗျာဒီလိုစိတ်ဓတ်မျိုးတွေရှိတာ ရှေ့ဆက်လဲအရာရာအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။

  3. ပအိုဝ်းလူမျိုးများရဲ့အတွင်းဓါတ်ခံကိုက အလှူဒါနပရဟိတလုပ်ငန်းတွေမှာပျော်မွေ့ ကြပါတယ်။ သာဓုအခါခါခေါ်ပါတယ်ညီမငယ်

  4. ညီမလေး ဒီ့ထက်ပိုပြီးအောင်မြင်မှုတွေရ၇ပါစေ ပိုပြီးတော့လည်းလှုနိုင်ပါစေ

  5. ညီမလေးကဒီလိုလုပ်ငန်းတွေကို အားတက်သရောလုပ်ဆောင်နေတာတွေ.တော .ညီမရဲ.ပရိတ်သက်တစ်ယောက်အနေနဲ. အားကျဂုဏ်ယုလို.မဆုံးပါဘုးကွာ….အားလုံးကိုယ်စားကျေးဇုးအများကြီးတင်ပါတယ်ညီမရယ်..ဒိံ့ထက်မက အောင်မြင်မုတွေအများကြီး ဆွတ်ခုးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..

Comments are closed.