ဓာတ်ပုံသတင်း

သြရီဂွန်၊ ပေါ့လန်၊ သီရိမင်္ဂလာကျောင်း သီတင်းကျွတ်မီးထွန်း

သြရီဂွန်၊ ပေါ့လန်၊ သီရိမင်္ဂလာကျောင်း သီတင်းကျွတ်မီးထွန်း

မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၃၁၊ ၂၀၁၂
အမေရိကန်အနောက်မြောက်ပိုင်း၊ အော်ရီဂွန်ပြည်နယ်၊ Portland မြို့မှာရှိတဲ့ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း မှာ  အောက်တိုဘာလ  ၃၀ ရက်၊ ၁၃၇၄-ခု၊ သီတင်းကျွတ်လပြည့်နေ့ ညချမ်း (၈)နာရီအချိန်မှာ အဘိဓမ္မာအခါတော်နေ့အထိမ်း အမှတ်ပွဲတော်ကို ဘာသာ သာသနာ ချစ်မြတ်နိုးကြတဲ့ မြန်မာမိသားစုများ က အော်ရီဂွန်ရဲ့ ဆောင်းဦး အအေးဒဏ်ကိုကျော်ခိုင်းကာ မိုးဖွဲလေးများကျနေသော်လည်း စည်စည်ကားကား ကိုယ် စိတ်နှစ်ဖြာညီညွတ်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဝါတွင်းသုံးလ အဘိဓမ္မာမြတ်ဒေသနာကို ဟောကြားတဲ့ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အောက်မေ့နိုင် အမှတ်ရစေနိုင်ဖို့ အဘိဓမ္မာအမေး အဖြေကို မထွေးထွေးဝင်းနဲ့ မသက်မာတို့က အသီးသီး မေး ဖြေကြပြီး၊ ဆရာတော်အထံမှ သရဏဂုံ ငါးပါးသီလ ဆောက်တည်ကာ အဘိဓမ္မာပဋ္ဌာန်းဒေသနာတော်တို့ကို စုပေါင်းရွတ်ဆိုပူဇော်ကြပါတယ်။ ဘုရားရှင်အား ပန်းမျိုးစုံ၊ ဆီမီးစသည်တို့ဖြင့်စုပေါင်းပူဇော်ပါတယ်၊။ ဓမ္မမိတ်ဆွေတို့အား မောင်ဇော်ဝင်းကအထူးစပါယ်ရှယ် ကြေးအိုးဖြင့်ဒါနပြုပါသည်။
ဓာတ်ပုံမှတ်တမ်းကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts