ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

လပြည့်နေ့မှာ မြန်မာပြည်သားတွေ သွားကြတဲ့ ဇင်းမယ်မြို့ မြန်မာကျောင်း – Burmese monastery in Chiang Mai

ဓာတ်ပုံသတင်း

 အောက်တိုဘာ ၃၁၊ ၂၀၁၂ 

ယမန်နေ့က ကျရောက်သည့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာဘုန်းကြီးကျောင်းများတွင် ကုသိုလ်ပြုသူမြန်မာပြည်သားတို့နှင့် စည်ကားနေခဲ့ရာ ထိုအထဲတွင် ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်းလည်း ပါဝင်သည်။ 

ဝါကျွတ်ပွဲ နှင့် ဆီမီးတထောင် ကပ်လှူပူဇော်ပွဲ ဟု ကျောင်း တစ်နေရာတွင် ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။

အခါကြီးရက်ကြီးများတွင် ဘုန်းကြီးကျောင်းသို့ သွားရောက် ကုသိုလ်ပြုသူများထဲတွင် လူငယ်အများအပြားလည်း ပါဝင်သည်။ ထိုင်းဘုန်းကြီးကျောင်းများသို့ သွားရောက်သူများမှာ လူကြီးပိုင်းသာ ဖြစ်နေတတ်သောကြောင့် ဘာသာရေးကိုင်းရှိုင်းသူထိုင်းတချို့က မြန်မာလူငယ်တို့ကို ချီးကျူးနေကြသည်။

သီတင်းကျွတ်လပြည့်ကဲ့သို့သော နေ့မျိုးသည် အလုပ်အကိုင် ပိတ်ရက်ဖြစ်တတ်သောကြောင့် ထိုင်းတွင် အလုပ်လုပ်ကိုင်သော မြန်မာပြည်သားတို့ ဘုရားသွား ကျောင်းတက်သည့်နေ့ ဖြစ်နေတတ်သည်။

မြန်မာပြည်သားတို့ လာတတ်သည့် နေရာများသို့ ဈေးသည်များလည်း ရောက်လာတတ်သည်။ အပေါ်ပုံတွင် စားပွဲတင်ရောင်းနေသည်မှာ မြန်မာဇာတ်ကား၊ သီချင်း vcd – dvd  များ ဖြစ်သည်။

ဝပ်ဆိုင်မွန်းကျောင်းအတွင်း တမနက်တာ လာဖွင့်သည့် ဈေးဆိုင်များ။

 

ရေခဲမုန့်သည် နှင့် ကလေးဖောက်သည် ၂ ဦး။

 

တရားမနာခင် ဟိုတစု ဒီတစု တွေ့ရသော မြန်မာပြည်သားများ။

 

ကုသိုလ်ပြုပြီး ကျောင်းမှ ထွက်ခွာသွားသူ သုံးဦး။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts