သတင်းပဒေသာ

ပန်းသီးတကိုယ်တော် ပဒေသာကပွဲကြီး နိုဝင်ဘာ ၅ ကျင်းပမည်

 ပန်းသီးတကိုယ်တော် ပဒေသာကပွဲကြီး နိုဝင်ဘာ ၅ ကျင်းပမည်

မိုးမခအထောက်တော် (အလုံလမ်း)၊ အောက်တိုဘာ ၃၁၊ ၂၀၁၂

ထင်ရှားသော လူရွှင်တော်တဦးဖြစ်သည့် ပန်းသီး၏ တကိုယ်တော်ဟာသတင်ဆက်မှုနှင့်ပဒေသာကပွဲကြီးကိုနိုဝင်ဘာ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင်ကပြတင်ဆက်မည်ဖြစ်သည်။ ၎င်းကပွဲကြီးတွင်လူရွှင်တော်ပန်းသီးကတနာရီကျော်ကြာတကိုယ်တော်ဟာသတင်ဆက်မှုနှင့် လူရွင်တော်ကြယ်သီးက သီတာချစ်တဲ့ မင်းဒဿ၊ ရာဝဏဒီလူအော်ပရာပြဇာတ်ကြီးတို့ကို တင်ဆက်မှာဖြစ်သည်။

အငြိမ့်အစီစဉ်တွင်မန္တလေးလူရွှင်တော်သပြေဂျာအေး၊ စူပါဘဲတောဂွတ်ရှယ် နှင့် ပွန်ပွန်၊ ချစ်ချော၊ မင်းသမီးဝင်းသပြေထွန်းသဲချစ်တို့က ဖျော်ဖြေမည်ဖြစ်သည်။ အငြိမ့်ခွင်တွင် လူရွှင်တော်ပန်းသီးမှပန်းစကားဝါအဖြစ်ကပြမည်ဟု ဆိုသည်။

နှစ်ပါးသဘင်တွင်လူရွင်တော်ဧရာဗေဒါ၊တိုင်းကျော်၊ပြည်ကျော်၊၀ိုင်းကျော်၊တိုးကျော်။ပိုးလေးတို့ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်ဟု သိရသည်။့ မြန်မာပြည်ကြီးငြိမ်းချမ်းရေးကို ရည်မျော်၍ ငြိမ်းချမ်းရေးတေးသရုပ်ဖော်အစီစဉ်ကိုလည်းအထူးတင်ဆက်မည်ဖြစ်သည်။

မြန်မာပြည်အနှံ့ စင်တင်ဇာတ်သဘင်ပွဲများ၊ ပဒေသာကပွဲများ တကျော့ပြန်လာမည် ဖြစ်ပါက မြန်မာပြည်က အလွှာအသီးသီးက အနုပညာရှင်များ၏ သရုပ်ဖော်တင်ဆက်မှုများကို ပြည်သူတို့သည် ၎င်းတို့နေထိုင်ရာ နေရာဒေသအသီးသီးတွင် တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ကြမည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts