ကဗျာ

အမှောင်ထဲက အမည်းသစ္စာ

ကျော်ဟုန်း
အောက်တိုဘာ ၃၀၊ ၂၀၁၂
သံပတ်ကုန်သွားတဲ့ ညနေခင်းကို
ငါ ကျော်ဖြတ်ပြီးတဲ့အခါ
ရှေ့ဆက်ရင်ဆိုင်လိုက်ရတာက
ဖျော့တော့တော့ အလင်းနဲ့ ညခင်း …။ဒီညခင်းဟာလဲ ကြိုးတွေလျော့လို့ 
ကြိုးလျော့နေတဲ့ညခင်းဟာ
ဗုံပေါက် ပတ်စာအုပ် ခေါက်ရသလို
ဂီတ မပီတော့ပါလေ
ခါးသက် ပြင်းရှမှုတွေ မြိုချရင်း
ညကို ကြိုးပြန်ညှိနေတယ် …ရောင်ခြည် (သို့မဟုတ်) ရောင်နီ
ဆေးရောင်ပီပီ မလာခင်
အမှောင်ထဲမှာ
အမည်းအင်္ကျီဝတ်ထားရသူမို့
ဘာတံဆိပ်တွေပဲ ထပ်ကပ်ကပ်
ညစ်ထပ်ထပ်နဲ့ ပြုံးလိုက်မယ် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts