မိုးမခကို ပေးတဲ့စာ

တာဝန်ရှိသူတွေ သိစေလိုပါတယ်

မိုးကြီး (ဟင်္သာတ)
အောက်တိုဘာ ၃၀၊ ၂၀၁၂
အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီခန့်က ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ဒေါင့်ကြီးလမ်းဆုံတွင် လေးမျက်နှာ – ရန်ကုန်ပြေးဆွဲလျှက် ရှိသော မိဘမေတ္တာ မှန်လုံးအမြန်ယာဉ်မှ ရန်ကုန်မှ ဟင်္သာတသို့ ဘုရားဖူးလိုက်ထရပ်ကားအား ဘရိတ်ပေါက်၍ ၀င်တိုက်ရာ လိုက်ထ ရပ် ပေါ်မှာ (၉) တန်းကျောင်းသူ ၁၀ ဦးခန့် သေးဆုံးသွားတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ဖြစ်ရပ်ဆိုးတွေ မဖြစ်ပွားစေရန်အတွက် ဟင်္သာတယာဉ်စည်းကမ်းထိန်းသိမ်းရေးအနေနဲ့ ယာဉ်များအား မိုင်နှုန်းများသတ်မှတ်ပြီး မြို့တွင်းသို့ မောင်းခိုင်းသင့်ပါတယ်။ ယာဉ်ထိန်းရဲတွေအနေနဲ့ တောသူတောင်သားတွေဆီက ဆိုင်ကယ်တွေဖမ်းပြီး ငွေးကြေးကောက်ခံမှု တခုကို လုပ်ဆောင်နေမည့်အစား စည်းကမ်းရှိအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ထို့ပြင် မထသမှလည်း မြို့ဝင်ဂိတ်တွေမှာ ဘာအတွက် ငွေကြေးကောက်ခံနေသည်ကိုလည်း ရှင်းရှင်းလင်းလင်းသိရှိအောင် သက်ဆိုင်ရာက ဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြအပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “တာဝန်ရှိသူတွေ သိစေလိုပါတယ်
    1. ဧရာဝတီတိုင်းဒေသကြီး။ဟင်္သာတမြို့  နတ်မော်ကျေးရွာရှိ နည်းပညာကျောင်းသားတစ်ဦးစီးလာ
      သောဆိုင်ကယ်နှင့် အရပ်သားလေးဦးစီးလာသော ဆိုင်ကယ် ပွတ်မိရာ အရပ်သားလေးဦးကမကြေ
      နပ်သဖြင့် ပိုင်ရှင် ဒေါ်တင်ရွှေ ပိုင်သော အဆောင်ပေါ်သို့ ကျူးကျော်ပြီးကျောင်းသားကိုထိုးကြိတ်
      ခဲ့ ပါတယ်အရပ်သားဖြစ်သူမင်းဇော်စိုး(ရိုးမကျားအမည်ဖြင့် လက်ဝှေ့ ထိုးသူ)မှချုပ်ကိုင်ပြီးသက်နိုင်
      ဦးဆိုသူမှထိုးကြိတ်ခဲ့ ပါတယ်ကျောင်းသားမှာလက်ဖျံရိုးကြိုးပြီးမ
ျက်နှာတွင်ထိခိုက်ဒါဏ်ရာရရှိခဲ့ ပါ
      တယ်ကျန်တဲ့ ကျောင်းသားတွေအနားကပ်ရဲကပ်ကြည့် ဆိုပြီးဓါးထုတ်ခြိမ်းခြောက်ပါတယ်အခင်းဖြစ်
      ပြီးပြီးချင်း သက်နိုင်ဦးမှာခဏတိမ်းရှောင်နေပြီး16.10.2012 နေမှလာပြီးဟင်္သာတအမှတ်(၁)ရဲစခန်း
      မှာလာရောက်အဖမ်းခံသူဖြစ်ပါတယ်ဆေးရုံမှလည်းဆေးစာကိုစောစီးစွာထုတ်မပေးဘဲနောက်ကျနေ
      သောကြောင့် ရုံတင်ရန်နောက်ကျနေသဖြင့်  ကျောင်းသား။ကျောင်းသူများကကျေနပ်ခြင်းမရှိခဲ့ ပါ
      19.10.2012 မှာဒီအမှု့ ကိုရုံတင်တယ်လို့ သိရပါတယ်ဒီအမှု့ ကိုကိုင်တွယ်သူကတော့ ဒုရဲအုပ်ဝင်း
      နိုင်စိုးဖြစ်ပြီးတရားခံတွေကတော့ မင်းဇော်စိုး။သက်ဦးနိုင်။အေးထွန်း။ဆားကျင့် တိုဖြစ်ပြီးဆားကျင့်
      ဆိုသူကိုတညတာစစ်ဆေးပြီးမြို့ ပေါ်ဌာနဆိုင်ရာများနဲ့ ပါတ်သက်သူတစ်ဦးဖြစ်သောကြောင့် နောက်
      နေ့ တွင်ပြန်လွှတ်ပေးခဲ့ ပါတယ်ဒီကိစ္စကိုမေးမြန်ချင်ရင်တော့ ဟင်္သာတဆေးရုံ04421511 ရဲစခန်း044 21504 ကျောင်းဖုန်း044 21038 044 21323 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ 

  1. Money is very important in Burma, no body cares about discipline or rules,because,our country is very very poor,and every thing is still very very BAD.Even the Big Generals cares for the money,the lowest rank likes motor vehicle police,don’t even think about it.Sure.

    1. ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း ကျွဲ ။ နွားများကို နွားမှောင်ခိုဂိုဏ်းကြီးများက တရားမ၀င် သတ်ဖြတ်နေသည့် ခိုင်းနွားများ ရှာပါးလာသည် အထိပြုလုပ်နေသော မှောင်ခိုဂိုဏ်းကြီး များအား ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး။ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးမင်းလွင် နှင့် 
      စည်ပင်အမှု.ဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့် တို့ ၏နားလည်ခွင
့် ပြုချက်များဖြင့် မြိုနယ်ကျော်။တိုင်းကျော်။ရွာစပ်နယ်စပ်တွေအထိကျွဲ။နွားများကို အစုလိုက်အပြုံ လိုက်တင်ပို့ ခြင်း။အသားများတရားမ၀င်တင်ပို့ ခြင်း များကို အဂ်ပူမြို့ နယ် ကွင်းကောက်ရဲစခန်း။ ညောင်ကျိုးရဲစခန်း ဟင်္သာတအမှတ်(၁)
      ရဲစခန်း။အမှတ်(၂) ရဲစခန်း။တလုတ္ထော်ရဲစခန်း။ဒူးယားရဲစခန်း။နိဗ္မာန်ရဲစခန်း။ဇလွန်ရဲစခန်းတို့ မှစခန်းမှူးများ၏ခွင့် ပြုချက် အင်္ဂပူမြို့ နယ်။ဇလွန်မြို့ နယ်။
      ဟင်္သာတမြို့ နယ် များမှ အုပ်ချုပ်ရေးမှူး များနှင့် စည်ပင်သာယာအမှု့ ဆောင်အရာရှိ များရဲ့ ခွင့် ပြုချက်များဖြင့်  တရားမ၀င်အမဲသားများ ဂိတ်များဖြတ်ရာတွင်အစစ်အဆေးမရှိဘဲ ကြိုက်သလိုလုပ်ဆောင်နေပါတယ်ကျွဲ။နွားများ ဟင်္သာတခရိုင်အတွင်းမျိုးတုံး သတ်ဖြတ်မှု့ မဖြစ်စေရေးကို
      ဟင်္သာတခရိုင်အတွင်းရှိ ဆရာတော်ကြီးများ။သံယါတော်များ။ပေးကြပါ တားပေးတော်မူကြပါ ဘုရား ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ ။ခရိုင်ရဲတပ်ဖွဲ့ ။စည်ပင်အမှုဆောင်အရာရျိတို့ ကို တခါ ဖြတ်မယ်ဆိုလျင် အခြားဌာနတော့ မသိပါဘူး မြို့ နယ်အုပ်ချုပ်ရေးမှူးကို ငွေတစ်သိန်းပေးရတယ်အခြားဌာနတွေလည်းပေးရပါတယ်ပြည်သူများ။လယ်သမားများ၏ မျက်နှာကိုမကြည့် ဘဲ မိမိကိုယ်ကျိုးအတွက်ငွေရရှိရေးကိုပြုလုပ်နေခြင်းအကြောင်းကိုသက်ဆိုင်ရာဌာန မှ တာဝန်ရှိသူများသိစေရန်နှင့် အရေးယူပေးပါရန်တင်ပြအပ်ပါတယ်ရှင့် 
      ဟင်္သာတစည်ပင်ဖုန်း044 21692 ခရိုင်အုပ်ချုပ်ရေးမှူးအိမ် 044 21106 မြိုနယ်အုပ်ချုပ်ရေးမှူး 044 21006 ခရိုင်ရဲတပ်ဖွဲ့ မှူး 044 21005 အမှတ်(၁)ရဲစခန်း044 21504 ဒုတိုင်းရဲမှူးအိမ် 044 21004အမှတ်(၂)ရဲစခန်း 044 22077 စည်ပင်အမှု့ ဆောင်အရာရှိအိမ် 044 21016 044 21130 တို့
      ကိုဆက်သွယ်မေးမြန်းနိုင်ရန်အတွက်တင်ပြလိုက်ပါတယ်ရှင့် ………….

      1. ဟင်္သာတ မှ အဝေးသင်ကျူရှင်

        ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်တွင် ယခုအဝေးသင်ကာလ၌ ယခင်နှစ်များလိုပင် ရေးပန်းအစားဆုံး ၀င်ငွေအရဆုံး လုပ်ငန်းမှာ ကျူရှင်ဖွင့်ထားသော လုပ်ငန်းများဖြစ်သည်။ ကျူရှင်သင်တန်းတိုင်းလိုလို ကျောင်းသားတွေ အပြည့်နှင
့်၊ တက်ရောက်သင်ကြားနေသော ကျောင်းသားကျောင်းသူ များ၏ မျက်နှာပေါ်တွင်တော့ မျှော်လင့်ချက်များ၊ ဒီကျူရှင်တက်ပြီးရင်တော့ စာမေးပွဲခန်းထဲတွင် ဘာပဲဖြေဖြေ အောင်ပြီဟူသော ခံစားချက်များ ရင်ထဲတွင် ရှိနေပေလိမ့်မည်။ ထို မျှော်လင့်ချက်၊ ခံစားချက်မျိုး ကျောင်းသားကျောင်းသူတွေရဲ့ ရင်ထဲဝင်လာအောင် မည်သူတွေကများ ထည့်ပေးလိုက် သလဲ။ သေချာသည်ကတော့ အပြင်ကျူရှင် သင်ပေးနေသော တက္ကသိုလ်ထဲက ဆရာ/ဆရာမတွေပင် ဖြစ်ပေလိမ့်မည်။
        တက္ကသိုလ်ထဲက စာသင်ခန်းတွေကို ကြည့်လိုက်တော့ ကျောင်းသူကျောင်းသား တစ်ယောက်စ နှစ်ယောက်စ၊ တကယ်သင်မယ့် ဆရာ/ဆရာမတွေက ဘယ်လိုများ သင်မှာပါလိမ့် ပညာလက်ခံယူမယ့် သူတွေမှ မရှိတာ။ အနီးကပ်သင်ကြားမယ့် ဒီဆယ်ရက်ကို ကျောင်းသားကျောင်းသူတွေ ကိုယ်တိုင်က အပြင်ကျူရှင်တွေမှာပဲ တက်ရောက်နေကြတော့ ဒီလိုတွေ ဖြစ်ကုန်တာ မဆန်းပါဘူး။ ကျောင်းထဲက စည်းကမ်းကတော့ စာသင်ချိန် ၇၅% မပြည့်ရင် စာမေးပွဲ ဖြေခွင့် မရှိဘူး။ ဒီတော့ စာမေးပွဲ ဖြေခွင့်ရအောင် ကျူရှင်သင်သော ဆရာ/ဆရာမတွေက နည်းလမ်းပေးတယ်။ ဘယ်လိုနည်းလမ်းလဲ ဆိုတော့ `ကျွန်တော်တို့ကတော့ အနီးကပ်သင်တဲ့ ဆယ်ရက်ကို တစ်ရက်မှ ကျောင်းထဲမှာ မတက်ဘူး၊ ကျူရှင်တက်ရတာနဲ့ကို အားမှမအားပဲ၊ Roll call ကိုတော့ ကျောင်းထဲသွားမယ့် သူငယ်ချင်းတစ်ယောက်ကို ထိုးခိုင်းတယ်လေ၊ သူက တစ်တန်းလုံးအတွက် တာဝန်ယူပြီး ထိုးတာပေါ့၊ ဒီတော့ ကျောင်းခေါ်ချိန် ၇၅% မပြောနဲ့၊ ကျွန်တော်တို့ Roll call တွေက ၁၀၀% နီးပါးပဲ၊ ဒါပေမယ့် စားမေးပွဲစဖြေမယ့် နေ့ကိုတော့ စောစောရောက်အောင် သွားရတယ်၊ ဖြေရမယ့် အခန်းကို သိအောင်လို့လေ၊ ကျောင်းထဲခုမှ ရောက်ဖူးတာဆိုတော့ ဖြေမယ့်အခန်းလိုက်ရှာရတာလဲ အလုပ်တစ်လုပ်ပဲ´ ရယ်လျှက် ကျောင်းသားတစ်ယောက်မှ သူ့အကြောင်းကို ပြောပြသည်။
        ကျူရှင်ဖွင့်နေသော သင်တန်းများမှာ အပြင်လူတစ်ယောက်၏ နာမည်ကို တာဝန်ခံဆရာ ဟု အသုံးပြုကာ တကယ်သင်ပေးနေသော ဆရာ/ဆရာမများမှာ လက်ရှိတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျှက် ရှိသော ဆရာ/ဆရာမ များသာဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာပြည် ပညာရေးစနစ်သာ ဒီအတိုင်းသွားလျှင်ဖြင့် ရေရှည်တွင်…………………….

    2. ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှုးအား ဂါရ၀ပြုရန် ခေါင်းစဉ်ဖြင့် အဓ္မမငွေတောင်းနေခြင်း says:

      ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှုးအား ဂါရ၀ပြုရန် ခေါင်းစဉ်ဖြင့် အဓ္မမငွေတောင်းနေခြင်း

      ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမူးကြီးမင်းလွင်အား သီတင်းကျွတ်ဂါဝရပြုရန် ခေါင်းစဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ နယ်ထိန်း အသီးသီးကို နယ်အသီးသီးရှိ စခန်းမူးများ မှ တရားဝင်ဂိတ်၊ တရားမ၀င်ဂိတ်များ ဖွင့်လှစ်၍ သစ် နှင့် နွားများ ဖြတ်သန်းမှုတို့ကို ငွေကြေးကောက်ခံလျှက် ရှိပြီး၊ ကောက်ခံလျှက်ရှိသေ
ာ ရဲစခန်းများမှာ အင်္ဂပူရဲစခန်း၊ ကွင်းကောက်ရဲစခန်း၊ ကြံခင်းရဲစခန်း၊ မြို့ကွင်းတံတား လုံခြုံရေးစခန်း၊ တလုတ်ထော်ရဲစခန်း၊ အမှတ်(၁)ရဲစခန်း၊ အမှတ်(၂)ရဲစခန်း၊ ဒူးယားရဲစခန်း၊ ဇလွန်ရဲစခန်းတို့ ဖြစ်ပါသည်။
      လိုင်းကားများကို အတင်းအကြပ်တားမြစ် ကောက်ခံနေသော ဂိတ်များမှာ ဟင်္သာတမြို့ အမှတ်(၂)ရဲစခန်းပိုင် လယ်တီကွင်းဂိတ်၊ စစ်ပင်ဂိတ်၊ အမှတ်(၁)ရဲစခန်းပိုင် လယ်တော်ဂိတ်တို့ ဖြစ်ပါသည်။
      အမှတ်(၂)ရဲစခန်းမူး အမိန့်ဖြင့် တပ်ဖွဲ့ဝင်နှစ်ဦး မှ နေ့/ည ကားများ၊ နွားဆွဲသူများ၊ ဆိုင်ကယ်သမားများကို ငွေကြေး ကောက်ခံရာတွင် ခရိုင်မူးအား ဆက်ကြေးပေးရန် ဟု သိရပြီး၊ တပ်ဖွဲ့ဝင်များမှာ လည်းကောင်းတို့ အမည်ကို ပြောပြခြင်း မရှိခဲ့ပါ ဟု ဆိုင်ကယ်တက်စီ သမားတစ်ဦး မှ ပြောကြားပါသည် ရှင့်။
      ငွေကြေးကောက်ခံလျှက် ရှိသော တပ်ဖွဲ့ဝင်များ၏ အမည် နှင့် ရာထူးကို ဆက်လက်ဖော်ပြ ပေးပါမည်

  2. ဒီမိုကရေစီခေတ်ထဲမှာ ဒီလိုမျိုးဝန်ထမ်းတွေ၊ အဖြစ်ဆိုးတွေမရှိသင့်တော့ပါ။တာဝန်ရှိသူတွေသိစေချင်ပါတယ်လို့ တင်ပြ တဲ့သူရော၊ တင်ပြပေးတဲ့ သတင်းဌာနကိုရော အထူးကျေးဇူးတင်ပါတယ်။ တာဝန်ရှိသူတွေတကယ်သိစေချင်ပါတယ်။ သိစေချင်သလိုပြုပြင်အရေးယူမှုတွေလုပ်ဆောင်စေလိုပါတယ်။ယာဉ်ထိန်းရဲတွေရဲ့ အပြစ်တွေချည်းပြောနေလို့ လဲ ကောင်းမလာနိုင်ပါဘူး။ လေ့လာမိသလောက်တော့ နေရာတကာမှာ တာဝန်ချထားနိုင်တဲ့ ၀န်ထမ်းအရေအတွက် အလွန်နည်းပါးနေပါတယ်။ ၀န်ထမ်းတွေပြည့်ပြည့်စုံစုံခန့်အပ်၊ စည်းကမ်းကိုတင်းကြပ်၊ လစာတိုးမြှင့်ပေး၊ စည်းကမ်း ဖောက်တဲ့ဝန်ထမ်းထိထိရောက်ရောက်အပြစ်ပေး။ဒီလိုမျိုးကျင့်သုံးသင့်ပါတယ်။
    နောက်တစ်ချက်က ကားနဲ့ဆိုင်ကယ်ကိစ္စ…စည်းကမ်းမဲ့မောင်းနှင်မှုတွေ များပြားလာလို့ ဒီလိုအဖြစ်ဆိုးတွေတွေ့နေ ရတာ ဖြစ်ပါတယ်။ဆိုင်ကယ်တွေနံပါတ်မပါဘဲ၊ ဦးထုပ်မဆောင်းဘဲ၊ အရှိန်ပြင်းစွာမောင်းနှင်နေတာနေရာတိုင်း မှာ တွေ့နိုင်ပါတယ်။လူတွေမှာကိုယ်က လစ်ရင်လစ်သလိုလုပ်တတ်တဲ့ မကောင်းတဲ့အကျင့်ဆိုးရှိနေတာမို့ ရဲမရှိတဲ့ နေရာတိုင်းမှာစည်းကမ်းမဲ့စွာမောင်းနေတာရာခိုင်နှုန်းပြည့်ရှိနေပါတယ်။
    ဖြစ်လာတိုင်း အစိုးရကြောင့်မဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်က အသိတရားနဲ့စည်းကမ်းလိုက်နာမည်ဆိုပါက ဘာပြဿနာမှဖြစ်လာမည်မဟုတ်ပါ။
    တောင်ငူကလဲတောင်ငူ၊ မောင်းထောင်ကလဲမောင်းထောင်ဆိုတဲ့စကားလိုပါပဲ။

  3. ဘက်ရဲမြှိုနယ်၊ကံရွာကြို့ပင်စုတွင်ဖမ်းမိသော ၄ခ/၄၈၃၂ မှန်လုံကားဖြင့်ဖမ်းမိသောသစ် ၁၀ တန်ကျော်အား ၊ ၁ တန်ခွဲခန့်အဖမ်းပြပါတယ်။ ကျန်သော ၈တန်ခွဲခန့်အားလာဒ်စားပြီးပြန်လည်ပေးအပ်လိုက်ပါတယ်။ ၄င်းကောင်းအမှုတွင်ဘက်ရဲစခန်းမှူးရဲထွက်အောင်မှ အမှုပွဲစားလုပ်ပြီး အမှုပေါ့စေရေးအတွက် တိုင်းတွင် ကိုယ်တိုင်လိုက်လံဆောင်ရွက်နေပါတယ်။၎င်းတွင်ဖမ်းမိသော တရားခံများထဲမှ အလုံကျေးရွာမှ ကျွန်းတံခါးပိုက်ရှင် ကိုဆောင်းမြင့် ဆို သူသည်စခန်းမှုး၏ လူဖြစ်နေသဖြင့် ဖမ်းဆီးသော ဒနမှ ကိုမြင့်ခိုင် အဖွဲ့ကို လာဒ်ထိုးပြီး အမှုတွင်ဖိအားမပေးရန် ဆောင်ရွက်ခဲ့ပါသည်။ထိုအမှုကို ရဲစခန်းမှ ၆/၁ နှင့်ဖွင့်ထားပြီး အပက/၃ မဖြစ်စေရေးကို ရဲထွက်အောင်မှဆောင်ရွက်နေပါတယ်။နိုင်ငံတော်သမ္မတမှလာဒ်ပေးလာဒ်ယူ
    ပပျောက်ရေးဆောင်ရွက်နေမှုသည် အောက်ခြေမှ မပြောင်းလဲသဖြင့်မအောင်မြင်နိုင်ကြောင်း၊ ထိုဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့်သိရှိနိုင်ရန်တင်ပြလိုက်ပါသည်။ထိုဖြစ်စဉ်ကိုနိုင်ငံတော်သမ္မတသိရှိနိုင်ရန်
    ministryofinformation.gov.mm ကိုမပေးပို့ခင်ပြည်သူများသိရှိနိုင်ရန်တင်ပြလိုက်ပါတယ်။

  4. မိုးမခ ရေကျေးဇူး ဟင်္သတ အကြောင်း လေးတွေတင်ပြ ခွင့်ပေးတာ

Comments are closed.